Showing posts with label ကြေငြာခြင်း. Show all posts
Showing posts with label ကြေငြာခြင်း. Show all posts

Ubuntu Show

Linux ဆိုတာဘာလဲ။ Ubuntu ဆိုတာဘာလဲ။ Linux နဲ့ Ubuntu ရဲ့ သမိုင်းကြောင်း ဘယ်လိုအသုံးချရလဲ၊ ဘယ်လို ရယူနိုင်လဲ၊ ဘယ်လောက် အသုံးဝင်လဲ ။

အခမဲ့ရရှိနိုင်ပြီး၊ လွတ်လပ်လွယ်ကူစွာအသုံးပြုနိုင်သည့် Linux OS, Ubuntu Distro အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲအား အသုံးဝင်ပုံနှင့် အသုံးပြုပုံတို့အား ကိုယ်တိုင် Installation လုပ်ပုံလုပ်နည်း၊ Customization လုပ်နည်း (Windows Software များ/ Game/Effect များထည့်သွင်းခြင်း)လွယ်ကူစွာ အသုံးပြုနည်း ၊ အသုံးပြုရာတွင် ဖြစ်ပေါ်တတ်သည့် အခက်အခဲများ၊စသည်တို့ကို သာမန်အသုံးပြုသူများ အဆင်ပြေစေနိုင်ရန် Presentation များဖြင့် ဆွေးနွေးခြင်း၊ လက်တွေ့ရှင်းလင်းပြသခြင်းများဖြင့် BAK Shopping Center တွင်ပြုလုပ်သွားမည်ဖြစ်ပါသဖြင့် မည်သူမဆို လာရောက်လေ့လာ ဆွေးနွေးနိုင်ပါကြောင်း ။

ပထမရက် (21-Nov စနေနေ့) တွင် မနက်ပိုင်းအစီအစဉ်တွင်ပုံမှန် ဆွေးနွေး ပြသမှုအပြင် Myanmar Linux Lab မှ ဆရာ ပိတောက် Unicode ဖောင့် Creator Keith Stribley မှ လာရောက် ကူညီဆွေးနွေးပေးမည်ဖြစ်ပါကြောင်း ။


ဒုတိယရက် (22-Nov တနင်္ဂနွေနေ့) တွင် ပုံမှန်ဆွေးနွေးမှုအပြင် မြစေတီနှင့် ပိရပိုက် ယူနီကုဒ်ဖောင့် တီထွင်သူ ကိုငွေထွန်းမှ Ubuntu တွင် Wikipedia Offline အသုံးပြုပုံကို ပါဝင်ပြသပေးမည်ဖြစ်ပါကြောင်း။

Wikipedia Offline DVD အခွေ 100 ခန့်ယူလာပြီး Distribute လုပ်မည်ဖြစ်ပါသည်။ ၂၂ ရက်နေ့တွင် Web Designer Htoo Tay Zar မှ Ubuntu မှ ရုပ်ပုံဖန်တီးမှုနှင့် တည်းဖြတ်မှုဆိုင်ရာ (EULA License - Photoshop နှင့် illustrator အစား အခမဲ့ OSS ဖြစ်သော Gimp နှင့် Inkscape) ဆော့ဝဲများအား လက်တွေ့ အသုံးပြုပြသမည်ဖြစ်ပါကြောင်း ။

ပြပွဲရက်နှစ်ရက်လုံးတွင် Ubuntu ဆွေးနွေးပွဲများအပြီး လက်တွေ့လေ့ကျင့်နိုင်ရန် စက်များ ပြင်ဆင်ထားရှိပါကြောင်း။ ကိုယ်တိုင် Installation ပြုလုပ်လိုသူများနှင့် ကိုယ်ပိုင် စက်အား Installation ပြုလုပ်လိုသူများ လာရောက်စမ်းသပ်နိုင်ပါသည်။ Linux Document များအား အခမဲ့ မျှဝေနိုင်ရန် စီစဉ်ထားရှိပါကြောင်း။


Saturngod ၏ iPhone iTouch ပေါ်တွင် မြန်မာဖောင့်နှင့်လက်ကွက် အသုံးပြုနိုင်မည့် နည်းပညာအား အခမဲ့မျှဝေမည်ဖြစ်ပါကြောင်း ။ Myanmar Linux Lab မှ ပြပွဲရက်အတွင်း Discount ဖြင့် သင်တန်းအပ်လက်ခံမည်ဖြစ်ပါကြောင်း။

Microsoft Office အစားထိုးသုံးနိုင်သော OpenOffice အား မြန်မာဘာသာ ဖြင့်ဖြန့်ဝေပေးသွားပါမည် ဖြစ်ပါကြောင်း။ (Unicode5.1 / Zawgyi)

English-မြန်မာ / မြန်မာ-English အသုံးပြုနိုင်သော wxPyDict Windows Dictionary (Unicode5.1 / Zawgyi)၊ Eng-Myan Ornagai Mobile Phone Dictionary (Java Application) ASCII မှ Unicode သို့ပြောင်းသော Converter များ (Win- Font to Zawgyi or Unicode 5.1) စသဖြင့် အခမဲ့ Software များစွာ မျှဝေသွားမည်ရာ မည်သူမဆိုကူးယူနိုင်မည် ဖြစ်ပါကြောင်း ။

Title: Ubuntu Free Show

Date: 21/22-11-2009 (Sat/Sun)

Time: 10:00 to 12:00 Am

2:00 to 4:00 Pm

Location: BAK Shopping Center

Promotion Area

Olympic Tower, 1 floor

Corner of Bo Aung Kyaw Rd And Mahar Bandoola Rd.

Kyauktadar Tsp. Yangon
လင်းဦး(စိတ်ပညာ)
Read More...

ကိုယ့်ချစ်သူ.. ဟင်းချက်တတ်ပြီလား..........


မြန်မာများအတွက် အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ပြုလုပ်နေသော All-Channel အနေဖြင့် နောက်ထပ် စားဖွယ်အစုံ ချက်နည်း၊လုပ်နည်းများကို တင်ဆက်လိုက်ပါပြီ ။ လာရောက်ပြီး လည်ပတ်ဖတ်ရှု့ကာ လက်တွေ့ ကွင်းဆင်းကြပါဦးလို့..........


ခင်မင်စွာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်......

လင်းဦး(စိတ်ပညာ)
Read More...

ထပ်မံတိုးချဲ့လိုက်ပြီ


မြန်မာများအတွက် အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးနေသော All-Channel အနေဖြင့် နောက်ထပ် အစီအစဉ်တစ်ခုကို ထပ်မံ တိုးချဲ့လိုက်ပါတယ်... ။ Movie များကို အကောင်းဆုံး resolution ဖြင့် ကြည့်နိုင်သလို အပိုင်းခွဲများကို အော်တိုဆက်တိုက် ပြောင်းလဲကာ တစ်ဆက်တည်းကြည့်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ဇာတ်လမ်းများကိုလည်း တောင်းဆို နိုင်ပါတယ် ။

လာရောက် ဝေဖန်ကြည့်ရှု့ ထောက်ပြပေးပါဦးဟု မေတ္တာရပ်ခံ ဖိတ်ခေါ်အပ်ပါတယ်။

အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားလျက်....

လင်းဦး(စိတ်ပညာ)
Read More...

ကျွန်တော်နှင့် အပိုင်းအစများ


ဟိုတစ်ချိန် Blog ရေးစအချိန်တွင် ကျွန်တော် ၀တ္ထုတို blog ဆိုက်တစ်ခုကို ပြုလုပ်ခဲ့ဖူးသည်။ အဲ့အချိန်က Blogger ဟောင်းများ "ဆောင်းလေရူး" ဆိုပြီး အသိများခဲ့ ကြပါသည်။ ယခုအခါတွင် ကျွန်တော်၏ ခံစားရေးသီရာ ၀တ္ထုတိုများအား ချပြ ချင်သေးပြန်သည်။ သို့ဖြစ်၍ "ကျွန်တော်နှင့်အပိုင်းအစများ" ဟူသော blog ကို အသစ်ဖွဲ့တည်ခဲ့ပါသည်။

လာရောက်ဖတ်သူများ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်မိ သည်။ ရသများစွာကို ဆက်လက်ရေးသား တင်ပြသွားမည် ဖြစ်ပါသည်။ ယခင် "ဆောင်းလေရူး" စာဖတ်ပရိသတ် ဟောင်းများအနေဖြင့်လည်း ဆက်လက်ဝေဖန် ဖတ်ရှု့ပါဦး ဟု ဖိတ်ခေါ်အပ်ပါသည်။

လင်းဦး(စိတ်ပညာ)

Read More...

မှားယွင်းသော ဖြန့်ဝေမှုအတွက် အသိပေးကြေငြာခြင်း

Read More...

မြန်မာတွေအတွက် မရှိမဖြစ်လိုအပ်သော မြန်မာစာ သတ်ပုံကျမ်း

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း

ကျွန်တော်တို့တွေ မြန်မာစာရေးတဲ့အခါမှာ စကားလုံးအသုံးအနှုန်းတွေ၊ စာလုံးပေါင်းတွေ မှားနေတာကို blog တွေမှာကော အခြားနေရာများမှာပါ တွေ့နေရပါတယ်။ အဲ့ဒီအတွက် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းလေးကို ဆိုက်တစ်ခုဆောက်ပြီး မြန်မာများအတွက် ကူညီဖို့ ကိုပီကေက ပြုလုပ်ခဲ့ပါတယ်။ အားလုံးအတွက် အကောင်းမွန်ဆုံး ဆိုက်တစ်ခုဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ မှတ်တမ်းတင်လိုက်ပါတယ်။




လင်းဦး(စိတ်ပညာ)
Read More...

မြန်မာဘလော့ဂ် အကယ်ဒမီဆုပေးပွဲ ကျင်းပမည်

Myanmar Blog Academy Award 2008
Myanmar Blog Academy Award 2008

မြန်မာ ဘလော့ဂါများ အကြား ဘလော့ဂင်း အရည်အသွေး တိုးတက်ခြင်း နှင့် မြန်မာ ဘလော့ဂ်လောက ပိုမိုဖွ့ံဖြိုးရေး အတွက် ကြိုးပမ်းမှုတရပ်အား အသိမှတ်ပြုသော အနေဖြင့် မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲတရပ်ကို ၂၀၀၉ ခုနှစ် နှစ်သစ်ကူးအမှီ အင်တာနက်ပေါ်မှ တဆင့် အွန်လိုင်း မဲပေးစနစ်ဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာဘလော့ဂ် အကယ်ဒမီ ရွေးချယ်ပွဲအား သတ္တမ နည်းပညာရပ်ဝန်း (Technical 7) မှ နည်းပညာနှင့် ဝဘ်ဆိုဒ်ပြင်ဆင်မှု များကို ကမကထ ပြု ပံ့ပိုးပေးခြင်း ခြင်း ဖြစ်ကာ၊ မြန်မာဘလော်ဂါ လူငယ်တစ်စု ၏ အားထုတ်မှု၊ မြန်မာသတင်းသမဂ္ဂ ၏ ကူညီမှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းမှတဆင့် ဆန္ဒမဲပေးမှု ရလဒ်များ အရ ကဏ္ဍ အသီးသီး၌ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2008 ဂုဏ်ပြု မှတ်တမ်းတင်လွှာ တခုစီနှင့်၊ " မြန်မာ သတင်းသမဂ္ဂ " ၏ အမှတ်တရ လက်ဆောင် ပစ္စည်းတခုစီအား ဆုလက်ခံ ရရှိသူ ဘလော့ဂ်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2008 လက်ဆောင်များအား အခမဲ့ အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၎င်းဝဘ်ဆိုဒ်တွင် ရေးသား ကြေငြာ ဖေါ်ပြထားသည်။

ယခုနှစ် ၂၀၀၈ ခုနှစ်အတွက် ချီးမြှင့်မည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများတွင်

အကောင်းဆုံး ဘလော့ဂ်ဆု ( ကဗျာ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( နည်းပညာ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ပညာရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ဘာသာရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ရသ စာပေ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( သတင်း )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( အစုအဖွဲ့ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( မြန်မာ စာပေ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( နိုင်ငံရေး )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( ပရဟိတ )၊
အကောင်းဆုံး ဘလော့ဂ်ဆု ( အထွေထွေ )၊

စသည်ဖြင့် သက်ဆိုင်ရာ ဘလော့ဂ် အမျိုးအစားများ အလိုက် ဆုပေါင်း ၁၁ ဆုအထိ ပါဝင်ပြီး အွန်လိုင်းမှ မဲပေးသူများ အနေဖြင့် ကဏ္ဍတခုစီ အလိုက် မိမိတို့ ကြိုက်နှစ်သက်ရာ ဘလော့ဂ်တခုစီကို မဲပေးခွင့်ရမည်ဟု MBAA 2008 မှ အစီစဉ်ရေးဆွဲသော တာဝန်ရှိသူ တဦးမှ ပြောကြားသည်။

ရည်ရွယ်ချက် ငါးရပ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာဘလော့ဂ် အကယ်ဒမီဆုများ အတွက် မဲပေးရွေးချယ်မှုကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်မည်ဖြစ်ပြီး မည်သူမဆို အွန်လိုင်းမှတဆင့် လွတ်လပ်စွာ ဝင်ရောက် မဲပေးနိုင်ကြ မည်ဖြစ်သလို၊ ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ မြန်မာ စံတော်ချိန် ည (၁၂ း ၀၀) တိတိ တွင် ပိတ်သိမ်းမည် ဖြစ်ကြောင်းနှင့် ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ စာရင်းကို ခရစ် သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက် နေ့ မြန်မာ စံတော်ချိန် နေ့လည် (၁၂ း ၀၀) တိတိ တွင် ဆုစာရင်းအား ဖွင့်လှစ် ကြေညာမည် ဟုလည်းသိရှိသည်။

အလားတူ ဘလော့ဂ် အကယ်ဒမီဆုများ ရွေးချယ် ချီးမြှင့်မှု အစီအစဉ်များကို နှစ်စဉ်နှစ်တိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။ အသေးစိတ် သတင်း အချက်အလက်များနှင့် မဲပေးမှုအတွက် http://mmblogpress.com တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
လင်းဦး(စိတ်ပညာ)
ကိုမင်းကျော်


Read More...

MM Photoshopt ..........Welcome.........Photoshop Lessons


လာရောက် လေ့လာကြဖို့ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ။ မိတ်ဆွေ များအနေနဲ့ လေ့လာသင့်သော ဆိုက်တစ်ခု ဖြစ်ပါတယ်။ Photoshop သင်ခန်းစာများနှင့်အတူ Photoshop သတင်းဆောင်းပါးများကိုပါ ဖတ်ရှု့နိုင်ပါတယ် ။ အားလုံး အဆင်ပြေနိုင်ကြပါစေလို့ ဆုတောင်း ပါတယ်။ MM Photoshopt သည် မိတ်ဆွေများ၏ လိုအပ်ချက် တစ်ခုခုကို ဖြည့်ဆည်းနိုင်ပေးလိမ့်မည်ဟု မျှော်လင့်ပါတယ်။

လင်းဦး(စိတ်ပညာ)
Read More...

ဖိုရမ်နှင့် Music Channel ထပ်တိုးဖွင့်လိုက်ပြီ ...

All Channel For All Myanmar



မိတ်ဆွေများအားလုံး မင်္ဂလာပါ။ ဖိုရမ်လေးနဲ့ Music Channel လေးကို ထပ်ပြီး ဖွင့်လှစ် ပေးထားလိုက်ပါပြီ။ မိတ်ဆွေများအနေနဲ့ လာရောက်ဆွေးနွေးနိုင်ပါပြီခင်ဗျာ။ အကြံများလည်း ပေးနိုင်ပါတယ်။ ကျွန်တော်တို့ All-Channel မှ နွေးထွေးစွာ ကြိုဆိုနေပါတယ် ။

Myanmar Music
Myanmar Music

လင်းဦး(စိတ်ပညာ)



Read More...

Myanmar Hero Site and Forum

မြန်မာဟီးရိုးဆိုက်နှင့်ဖိုရမ်မှ ကြိုဆိုလျက်ပါခင်ဗျာ။ စာမူများလည်း ပေးပို့နိုင်ပါတယ်။ ဖိုရမ်သို့လည်း မိတ်ဆွေတို့ လာရောက်ရေးသားဖို့ ဖိတ်ခေါ်အပ်ပါတယ်။

Photobucket


Photobucket


လင်းဦး(စိတ်ပညာ)
Read More...

ကျွန်တော်၏ ဂစ်တာသင်တန်း

ကျွန်တော် ဒီဂစ်တာသင်တန်း blog လေးကို အခုမှ လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ထပ်မရေးဖြစ်ခဲ့တာပါ။ Blog များမှာလည်း လင့်ထားတာ တွေ့ရလို့ အလွန်ဝမ်းသာ မိပါတယ်။ အားလည်းနာမိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုစ့်အသစ်တွေ ဆက်မရေးနိုင်ခဲ့လို့ပါ။ အခုတော့ ပြန်ရေးနေပါပြီ ။ ၀ါသာနာရှင်များ၊ စိတ်ဝင်စားသူများနှင့် Blog မိတ်ဆွေတွေကို ဖိတ်ခေါ်ပါတယ်။
LinOo’s Guitar Lessons

Mozila နဲ့ ကြည့်ရင် ပိုပြီး အဆင်ပြေနိုင်ပါတယ်။( ကျွန်တော်၏ သင်ကြားမှုများသည် ဂစ်တာကို ယခုမှ စ ကိုင်၊ စ တီးသော ၀ါသနာရှင်များကိုသာ ရည်ညွှန်းပါသည်။ သို့ပါ၍ အဆင့်တစ်ခုချင်းကို လုံးဝနားလည်အောင် အသေးစိတ် ပြထားပါသည်။ တတ်ပြီး၊ သိပြီးသူများမှ ဒီလောက် အသေးစိတ် မလိုဟု ထင်ကောင်းထင်နိုင်ပါသည်။ ထို့ကြောင့် ထပ်ပြောပါမည်။ ယခုမှ တီးတတ်ချင်သောသူများကိုသာ ရည်ရွယ်ပါသည်။)
လင်းဦး(စိတ်ပညာ)

Read More...

Twitter

 
Copyright (c) 2010 Myanmar Blogger byLin Oo