Showing posts with label မျှ​ဝေ. Show all posts
Showing posts with label မျှ​ဝေ. Show all posts

Interview with Dr.Yin Yin Nwe (Rakhine Commission)

Dr. Yin Yin Nwe

တိုင်း​ရင်း​သား​နှင့်​ နိုင်ငံသား​ မတူညီပါ။ နိုင်ငံသား​ဖြစ်ခွင့်​ရှိသူဖြစ်လှ­ျင် ​ပေး​ပါမယ်။ ဦး​ဆုံး​ ဒီနိုင်ငံရဲ့​စကား​ကို ​ပြောတတ်​အောင် ကြိုး​စား​ပါ။ သို့​သော် တိုင်း​ရင်း​သား​ဖြစ်ခွင့်​ မရှိပါ။ ဘင်္ဂလီဟာ ဘင်္ဂလီပါပဲ။ "သမိုင်း​ကို လိမ်လည်ခြင်း​ဟာ နိုင်ငံကို ​စော်ကား​ခြင်း​ပဲဖြစ်တယ်။"

လင်း​ဦး​(စိတ်ပညာ)


H R W အစီရင်ခံစာကို ပြတ်သား​စွာ ငြင်း​ပယ်လိုက်တဲ့​ မြန်မာ့​တိုင်း​ရင်း​သူ ​ဒေါက်တာရင်ရင်နွယ် ၏ ​လေး​စား​ဂုဏ်ယူဖွယ် ဘဝဖြတ်သန်း​မှုများ​ 

 ၁၉၉၁ခုနှစ်မှ၂၀၁၁ခုနှစ်အထိ ယူနီဆက်တွင် တာဝန်ထမ်း​ဆောင်ခဲ့​ပြီး​ ၂၀၁၁ ​ဖေ​ဖေါ်ဝါရီလ၌ ကမ္ဘာ့​ကုလသမဂ္ဂ၏ အမြင့်​ဆုံး​ရာထူး​များ​ထဲမှ တခုအပါအဝင် ဖြစ်သည့်​ ယူနီဆက်၏ တရုတ်နိုင်ငံဌာ​နေကိုယ်စား​လှယ်အဖြစ်မှ အငြိမ်း​စား​ယူခဲ့​ ​သော ​ဒေါက်တာရင်ရင်နွယ်သည် အ​မေရိကနိုင်ငံ ​တောင်ပိုင်း​ကယ်လီဖိုး​နီး​ယား​သို့​ ​ခေတ္တအလည်အပတ်​ရောက်ရှိလာစဉ်ကိုဖီး​လစ်ထွန်း​(အရီဇိုး​နား​)၏ မိတ်ဆက်စီစဉ် ​ပေး​မှုဖြင့်​ ၂၀၁၁ခုနှစ် ​မေလ၁၆ရက်​နေ့​၌ ရတနာပုံ​နေပြည်​တော်သတင်း​စာမှ သွား​ရောက်​တွေ့​ဆုံ ​မေး​မြန်း​ခဲ့​ပါသည်။ 

​ဒေါက်တာရင်ရင်နွယ်ရဲ့​ကိုယ်​ရေး​ရာဇဝင်အကျဉ်း​

ဇာတိကရှမ်း​ပြည်​တောင်ပိုင်း​တောင်ကြီး​မြို့​။ စစ်ပြီး​ခေတ်မှာ​မွေး​ပါတယ်။ အ​ဖေက ကျိုင်း​တုံ​စော်ဘွား​ကြီး​ရဲ့​သား​ စဝ်ဆိုင်မိုင်း​မင်း​ရဲ (Sao Saimong Mangrai) အ​မေက ​ဒေါ်မီမီခိုင်(က​မ္ဘောဇ​ကျောင်း​အုပ်) မွန်လူမျိုး​ဆို​တော့​ ရှမ်း​နဲ့​မွန်ကပြား​လို့​ပြောရမှာ​ပေါ့​။ ညီမ ​ဒေါ်သီသီတာ(ရန်ကုန်)၊​ ​မောင်​လေး​ စဝ်ခိုင်မိုင်း​(Sao Khai Mong)USA ​မောင်နှမ၃​ယောက်ပါ။ ငယ်စဉ်က​လေး​ကျောင်း​သား​ဘဝမှာ အ​မေတည်​ထောင်ထား​တဲ့​ က​မ္ဘောဇ​ကောလိပ် လို့ ​ခေါ်တဲ့​ကျောင်း​မှာ ၁ဝတန်း​အထိတက်ခဲ့​တယ်။ ၁ဝတန်း​စာ​မေး​ပွဲကြီး​ ​ဖြေခါနီး​မှာ အ​မေ့​ရဲ့​ကျောင်း​ ပြည်သူပိုင်သိမ်း​ခံရတဲ့​အတွက် က​မ္ဘောဇ​ကျောင်း​က​နေ ၁ဝတန်း​ မ​အောင်ဘဲ ဂန္ဒီ​ကျောင်း​က​နေ ၁ဝတန်း​အောင်ခဲ့​တယ်။ ပြည်သူပိုင်သိမ်း​ခံရတဲ့​ ​ကျောင်း​တွေထဲမှာ အ​မေ့​ရဲ့​က​မ္ဘောဇ​ကျောင်း​က ပထမဦး​ဆုံး​ပြည်သူပိုင်အသိမ်း​ခံ ရတဲ့​ကျောင်း​ပါ။ 

​နောက် ၁၉၆၄ အသက်၁၅နှစ်မှာ ရန်ကုန်ဝိဇ္ဇာနဲ့​သိပ္ပံတက္ကသိုလ် တက်ခဲ့​ပြီး​ ဘူမိ​ဗေဒ အဓိကနဲ့​၁၉၆ဂခုနှစ်မှာ ဘွဲ့​ယူခဲ့​တယ်။ နှစ်စဉ်ဘာသာစုံဂုဏ်ထူး​နဲ့​ ​အောင်ခဲ့​တယ်။ တက္ကသိုလ်​နောက်ဆုံး​နှစ် ၁၉၆ဂခုနှစ်မှာ အင်္ဂလန်က FGA ​ကျောက်မျက်ဆိုင်ရာ ဒီပလိုမာကိုရခဲ့​တယ်။ ၁၉၆၉ ဇန်နဝါရီလ ဘွဲ့​ရချိန်မှာ အသက်၁၉နှစ်။ ဘွဲ့​ရပြီး​တာနဲ့​ အလုပ်တန်း​ဝင်​တော့​အသက်က၁၉-၂ဝဘဲရှိ​သေး​တယ်။ တက္ကသိုလ်မှာ သရုပ်ပြဆရာမအ​နေနဲ့​ အလုပ်စလုပ်တယ်။ အသက်၂၁နှစ်မှာ နိုင်ငံခြား​ပညာ​တော်သင်အ​နေနဲ့​ အင်္ဂလန်မှာရှိတဲ့​ ကင်း​ဘရစ်တက္ကသိုလ်မှာ ပညာ သင်ခွင့်​ရတယ်။ ကင်း​ဘရစ်တက္ကသိုလ်က​နေ အသက်၂၅နှစ်၊​ ၁၉၇၄နှစ်ကုန်မှာ Ph.D စာတမ်း​တင်နိုင်ခဲ့​တယ်။ ၁၉၇၅ခုနှစ်မှာMineralogy နဲ့​ Ph.D ပါရဂူဘွဲ့​ မရခင်မှာ အပိုလိုအာကာသယာဉ်က ယူလာတဲ့​ လကမ္ဘာက​ကျောက်​တွေကို စစ်​ဆေး​ တဲ့​အလုပ်ကို ၆လ​လောက်လုပ်ခဲ့​တယ်။ မြန်မာပြည်က လွှတ်တဲ့​ ပြည်ပပညာ​တော်သင်​တွေထဲမှာ အသက်အငယ်ဆုံး​နဲ့​ Ph.D ဘွဲ့​ကိုရခဲ့​တာပါ။ Ph.D ဘွဲ့​ရပြီး​မြန်မာပြည်ပြန်လာပြီး​ရန်ကုန်ဝိဇ္ဇာနဲ့​သိပ္ပံ တက္ကသိုလ်ဘူမိ​ဗေဒဌာနမှာ တိုင်း​ပြည်အတွက် အလုပ်ပြန်လုပ်ခဲ့​တာ ကထိကဖြစ် တဲ့​အထိ၁၉ဂဂစက်တင်ဘာလအထိ၁၉နှစ်ကြာအလုပ်လုပ်ခဲ့​တယ်။ 

၁၉၈၈ စက်တင်ဘာလ၁ရရက်​နေ့​မှာ မြန်မာနိုင်ငံကထွက်ပြီး​ ဂျာမနီနိုင်ငံMunich Technical University မှာသု​တေသနအလုပ်လုပ်ခဲ့​တယ်။ ၁၉၉၁ခုနှစ်မှာ ယူနီဆက်မှာ ​အောက်​ခြေကစပြီး​ အလုပ်လုပ်ပါတယ်။ ပတ်ဝန်း​ကျင်ဆိုင်ရာ ပရိုဂျက်အရာရှိလုပ်ခဲ့​တယ်။ နိုင်ငံ၅ဝ ​ကျော်မှာ ​နေထိုင်အလုပ်လုပ်ခဲ့​တယ်။

၁၉၉၄က​နေ၁၉၉၉ခုနှစ်အထိ အ​နောက်အာဖရိကတိုက်မှာယူနီဆက်ရဲ့​ဒေသဆိုင်ရာ အကြံ​ပေး​အရာရှိအ​နေနဲ့​လုပ်ခဲ့​တယ်။ ၁၉၉၉က​နေ၂၀၀၁အထိ အ​ရှေ့​အလယ်ပိုင်း​ နိုင်ငံ၂ဝ မှာ ​ဒေသဆိုင်ရာစီမံကိန်း​အရာရှိ၊​ ၂၀၀၁က​နေ၂၀၀၅အထိအင်ဒိုနီး​ရှား​နိုင်ငံ မှာ၊​ ၂၀၀၅ခုနှစ်မှာ ယူနီဆက်ရဲ့​ ဆူနား​မိဆိုင်ရာအကြီး​အကဲနဲ့​ ၂၀၀၆ခုနှစ်ဒီဇင်ဘာလ ၁ရက်​နေ့​က​နေ အငြိမ်း​စား​ယူတဲ့​ ၂၀၁၁​ဖေ​ဖေါ်ဝါရီလအထိ တရုတ်ပြည်ဆိုင်ရာဌာ​နေ ကိုယ်စား​လှယ် ဖြစ်ခဲ့​တယ်။ တက္ကသိုလ်မှာအလုပ်လုပ်ခဲ့​တဲ့​အ​ကြောင်း​… ဘွဲ့​ရပြီး​တာနဲ့​သရုပ်ပြဆရာမအ​နေနဲ့​ ကထိက ရာထူး​အထိနဲ့​ ဘူမိ​ဗေဒပညာရှင် အ​နေနဲ့​ နှစ်​ပေါင်း​၂ဝနီး​ပါး​ အလုပ်လုပ်ခဲ့​တယ်။ ​နောက်ပြီး​ တက္ကသိုလ်က တပည့်​ ​ကျောင်း​သား​တွေနဲ့​ ရင်း​ရင်း​နှီနှီး​ မြန်မာပြည်အနှံ့​ကွင်း​ဆင်း​၊​ အတူတူ ပင်ပန်း​ဆင်း​ ရဲခံပြီး​စာတမ်း​တွေ​ရေး​ခဲ့​ဘူး​တယ်။ ဒီလိုတပည့်​ကျောင်း​သား​တွေနဲ့​ရင်း​နှီး​မှုအတိုင်း​ အတာ​တွေ၊​ အ​တွေ့​အကြံု​တွေက ဘာနဲ့​မှအစား​ထိုး​လို့​ မရနိုင်ဘူး​။ ဒါ​ကြောင့်​ကမ္ဘာ အနှံ့​ ဘယ်နိုင်ငံသွား​သွား​ နိုင်ငံ​တော်​တော်များ​များ​မှာ တပည့်​တွေရှိလို့​လာပြီး​နှုတ်ဆက်ကြပါတယ်။ မြန်မာပြည်မှာ နှစ်​ပေါင်း​များ​စွာ အလုပ်လုပ်ခဲ့​ရတဲ့​အချိန်​တွေ၊​ ကွင်း​ဆင်း​ကျောင်း​ သား​တွေနဲ့​ နိုင်ငံအနှံ့​ ပင်ပန်း​ဆင်း​ရဲခံပြီး​ လက်​တွေ့​ကွင်း​ဆင်း​သင်ခဲ့​၊​ ​လေ့​လာခဲ့​ရတာ ​တွေကို ​နောင်တ မရပါဘူး​။ မမသူငယ်ချင်း​တွေက​ပြောကြတယ်၊​ ​စော​စောစီး​စီး​ နိုင်ငံခြား​ထွက် အလုပ်လုပ်ရင် ​စော​စောစီး​စီး​ချမ်း​သာတာ​ပေါ့​တဲ့​။ မမက​တော့​ ဒီလိုမမြင်ဘူး​၊​ မြန်မာပြည်မှာ ဘူမိ​ဗေဒပညာရှင်တဦး​အ​နေနဲ့​လုပ်ခဲ့​ဘူး​လို့​ ​အောက် ​ခြေလူတန်း​စား​အ​ကြောင်း​ နား​လည်ခဲ့​တယ်၊​ ဆင်း​ရဲသား​တွေအ​ကြောင်း​လဲ ပိုနား​ လည်ခဲ့​တယ်၊​ဆင်း​ရဲခြင်း​အ​ကြောင်း​ကိုပိုသိခဲ့​တယ်။ နိုင်ငံခြား​ထွက်ခဲ့​တဲ့​အ​ကြောင်း​… မမ နိုင်ငံခြား​ကိုထွက်ချင်ရင် အ​စောကြီး​ထဲက ပညာ​တော်သင် ပြီး​ကတည်း​က လို့​ ​ပြောရင်ပိုမှန်မယ်ထင်တယ်၊​ ထွက်လို့​ရပါတယ်။ ဒါ​ပေမယ့်​ ဘူမိ​ဗေဒဌာနက ဆရာကြီး​တွေ ဆရာမကြီး​တွေ နဲ့​ မိဘ​တွေက ကိုယ့်​ကိုယုံကြည်လို့​ နိုင်ငံခြား​လွှတ် ပြီး​ပညာသင်​စေခဲ့​တယ်၊​ အား​လုံး​ကပြန်လာမယ်လို့​မျှော်လင့်​ကြတယ်၊​ ဒီလိုယုံကြည် မှုကို​တော့​အလွဲသုံး​စား​မလုပ်ချင်ဘူး​၊​ ဒါ​ကြောင့်​သစ္စာရှိရှိနဲ့​မြန်မာပြည်ကိုပြန်လာတယ်၊​ကိုယ်နဲ့​အတူပညာသင်သွား​ကြတဲ့​ တချို့​အကိုကြီး​တွေ၊​ တချို့​အမကြီး​တွေဆို ​လျော်​ကြေး​ပေး​လိုက်တယ်။ ပြန်မလာကြ​တော့​ဘူး​။ စိတ်ဆုံး​ဖြတ်ပြီး​ နိုင်ငံခြား​ကိုထွက်ဖြစ်တာက ၁၉ဂဂစက်တင်ဘာ၁ရရက်မှာ ထွက် လာခဲ့​တယ်။ ထွက်ရတဲ့​အဓိကအ​ကြောင်း​အရင်း​ကလဲ သား​လေး​ကြောင့်​ဘဲ။ အိမ် ​ထောင်ကွဲပြီး​တော့​ သား​ကိုမမကပဲ​စောင့်​ရှောက်လာရ​တော့​ သူ့​ကို ပညာ​ရေး​ ​ကောင်း​ ​ကောင်း​ပေး​ရမယ်လို့​ ခံယူထား​တယ်။ သား​လေး​ကလဲ အင်မတန်ကို စာ​တော်တဲ့​ က​လေး​။ ဒါ​ကြောင့်​ သူ့​အတွက် အ​ကောင်း​ဆုံး​ဖြစ်​အောင်၊​ သူ တိုး​တက်ဖွံ့​ဖြိုး​ရေး​ အတွက် မမကြိုး​စား​မယ်လို့​ ခံယူပြီး​ ဒီစိတ်နဲ့​ဘဲ အကိုတ​ယောက်ဆီမှာ ​ဒေါ်လာ တစ် ​ထောင်​ချေး​ပြီး​ ထွက်လာခဲ့​တယ်။ ဘယ်နိုင်ငံ၊​ ဘယ်​ဒေသ၊​ ဘာအလုပ်ရမယ်ဆိုတဲ့​ အာမခံချက်တခုမှ မရှိဘဲထွက်လာခဲ့​တာ။ ခုအသက်အရွယ်မှာပြန်စဉ်း​စား​တွေး​ ကြည့်​တော့​ကြောက်မိပါတယ်။ 

၁၉ဂဂနှစ်မှာ ဂျာမဏီနိုင်ငံဘွန်း​မြို့​Alexander von Humboldt ​ဖေါင်​ဒေး​ရှင်း​က Ph.Dဘွဲ့​ရှိတဲ့​ပညာရှင်​တွေကိုခန့်​မယ့်​Post တခု ကမမကို ​ခေါ်ထား​ တာရှိတယ်။ ​ဖေါင်​ဒေး​ရှင်း​က Post အတွက် မမကိုလက်ခံလိမ့်​မယ်ဆိုတဲ့​ ​မျှော်လင့်​ ချက်နဲ့​ဂျာမနီနိုင်ငံကိုထွက်သာထွက်လာခဲ့​ရတယ်၊​ ဘာမှမ​သေချာဘူး​။ ဂျာမနီနိုင်ငံကို​ရောက်​တော့​ ​ခေါ်ထား​တဲ့​ Post မှာအလုပ်ရဖို့​ အ​မေရိက၊​ဂျပန်၊​ အင်္ဂလိပ်သိပ္ပံရှင်​တွေနဲ့​ (ယှဉ်)ပြိုင်ပြီး​မှ အလုပ်ရခဲ့​တယ်။ မြန်မာနိုင်ငံရဲ့​အ​ခြေအ​နေ အ ​ကြောင်း​ကြောင်း​ကြောင့်​ လာတာ ​နောက်ကျ​ပေမယ့်​ အလုပ်ရခဲ့​တယ်။ မမကို အလုပ် ​ပေး​တာက အသက်၄ဝ​အောက် ထူး​ချွန်တဲ့​ သိပ္ပံပညာရှင်ဖြစ်လို့​၊​ ​နောက်ပြီး​ မြန်မာ ပြည်မှာလုပ်ခဲ့​တဲ့​သု​တေသနလုပ်ငန်း​တွေကိုကြည့်​ပြီး​တော့​ပေး​တာလို့​သိရတယ်။ မြန်မာနိုင်ငံမတ္တရာ၊​မိုး​ကုတ်​ဒေသမှာ အ​နေအစား​ဆင်း​ရဲ၊​ခေတ်မှီပစ္စည်း​ကရိ ယာမစုံလင်ဘဲ ကွင်း​ဆင်း​လေ့​လာပြီး​ သု​တေသနစာတမ်း​ကောင်း​ကောင်း​တွေ ထွက် လာနိုင်လို့​ရွေး​တာဖြစ်တယ်လို့​ဆိုပြီး​ မမကိုကြိုက်တဲ့​မြို့​ရွေး​ဆိုပြီး​ အလုပ်ခန့်​လိုက် ​တော့​တာပဲ။ ဒီလိုနဲ့​မမလဲ ဂျာမနီနိုင်ငံMunich Technical University တက္ကသိုလ်မှာ ၁နှစ်ခွဲ​ကျော် သု​တေသနအလုပ်​တွေ လုပ်ခဲ့​ပါတယ်။ အလုပ်မှာ မမကမြန်မာပြည်ကလာတာဆို​တော့​ ကွန်ပျူတာပညာမှာ သူများ​တွေထက် ​ခေတ်​နောက်ကျ​နေ​ပေ မယ့်​လဲ ကြိုး​စား​ပြီး​ ​လေ့​လာလိုက်​တော့​ စာတမ်း​တွေထွက်ခဲ့​ပါတယ်။ အလုပ်လုပ်​နေရင်း​ပဲ ကိုယ့်​တက္ကသိုလ်​ဟောင်း​ဖြစ်တဲ့​ ကင်း​ဘရစ်ကို ပြန်သွား​လေ့​ လာကြည့်​တယ်။ ဂျာမနီမှာက ဘာသာစကား​က နဲနဲခက်တယ်။ ပြီး​တော့​ သား​ပညာ​ရေး​ကိုလည်း​ အင်္ဂလန်မှာ ထား​ချင်တယ်ဆို​တော့​ ကင်း​ဘရစ်တက္ကသိုလ်ကို သွား​ ကြည့်​ခဲ့​တယ်။ အဲဒီမှာဘာကိုမြင်လိုက်သလဲ ဆို​တော့​ မမ ငယ်ငယ်ကသူငယ်ချင်း​တွေကပ​ရော် ဖက်ဆာကြီး​တွေ၊​ဆရာကြီး​တွေဖြစ်​နေကြပြီ။ ဒီလိုဖြစ်​နေကြ​ပေမယ့်​လည်း​ သူတို့​ရဲ့​ ဘဝဟာ တကယ့်​အောက်​ခြေမဆန်ဘူး​။ ​အောက်​ခြေမဆန်ဘူး​ဆိုတာကလူ​တွေနဲ့​ ထိ​တွေ့​မှုနည်း​တာကို​ပြောတာ​နော်။ သူတို့​ကသု​တေသနခန်း​ထဲ၊​ဓါတ်ခွဲခန်း​ထဲ မှာ၊​ စာကြည့်​တိုက်ကြီး​တွေထဲမှာဘဲ ကျင်လည်​နေကြရတယ်။ ဆရာကြီး​တွေက ​ပြောတယ်၊​ ဒီမှာအလုပ်လုပ်ချင်ရင်ဆက်လုပ်။ အချိန်တန်ရင်ပါ​မောက္ခ​တော့​ဖြစ် လာမှာဘဲလို့​ပြောတယ်။ ဒီမှာမမ စဉ်း​စား​တယ်။ ငါ ဒီလို စာကြည့်​တိုက်ကြီး​ထဲ၊​ သု​တေသနအခန်း​ထဲမှာ ​နေနိုင်မလား​ပေါ့​။ မမ က မြန်မာပြည်က ထွက်လာတာလဲ မကြာ​သေး​ဘူး​။ မြန်မာပြည်ရဲ့​ တချို့​နေရာ​တွေမှာ အစာရည်စာချို့​တဲ့​နေတာ​တွေ၊​ တိုင်း​ပြည်ဆင်း​ရဲ​နေတာ​တွေ ကိုလည်း​မျက်မြင်ကိုယ်​တွေ့​မြင်လာခဲ့​ရသူဆို​တော့​ ဘယ်လိုခံစား​မိလိုက်သလဲဆို ​တော့​ ငါ တက္ကသိုလ်မှာ မလုပ်ချင်ဘူး​၊​ လူ​တွေနဲ့​ ထိ​တွေ့​တဲ့​အလုပ်၊​ အထူး​သဖြင့်​ ဆင်း​ရဲတဲ့​နိုင်ငံ​တွေမှာ လူ​တွေကို ကူညီတဲ့​ အလုပ်ဘဲ လုပ်ချင်တယ်ဆိုတဲ့​ စိတ်ဆန္ဒက ထင်း​ထင်း​ကြီး​ပေါ်လာတယ်၊​ မမရဲ့​နိုင်ငံကူး​လက်မှတ် အခက်အခဲလဲ ဖြစ်​နေ​တော့​ ကုလသမဂ္ဂအလုပ်ကိုကြိုး​စား​မယ်ဆိုပြီး​ဆုံး​ဖြတ်ချက်ချလိုက်တယ်။ 

ကုလသမဂ္ဂ အလုပ်ဝင်ခဲ့​ရပုံ​တွေအ​ကြောင်း​… ၁၉၉ဝဂျာမနီကထွက်လာပြီး​အ​မေရိကကို ​ရောက်လာခဲ့​တယ်။ ကုလသမဂ္ဂမှာ အလုပ်ဝင်​တော့​လဲ Ph.D မို့​သူတို့​ကတန်း​ခန့်​လိုက်တာ မဟုတ်ပါဘူး​။ ​အောက်​ခြေ က​နေ စဝင်လုပ်ပြီး​ ပင်စင်ယူတဲ့​အချိန်မှာ ကုလသမဂ္ဂရဲ့​ အဆင့်​အမြင့်​ဆုံး​ရာထူး​ ထဲကတခုဖြစ်တဲ့​ တရုတ်ပြည်ရဲ့​ဌာ​နေကိုယ်စား​လှယ် ရာထူး​တာဝန်ထမ်း​ဆောင်ခဲ့​ပြီး​မှပင်စင်ယူခဲ့​ပါတယ်။ အလုပ်စဝင်​တော့​လဲ ၃လ ယာယီအလုပ်​ပေါ်လို့​ ဝင်​လျှောက်လိုက်ပြီး​ ကုလသမဂ္ဂမှာ ဝင်သွား​တာပါ။ Database ​ရေး​ဖို့​ လူလိုလို့​ခေါ်​တော့​ မမက ဒီ​လောက်က​တော့​အ​ပျော့​ပေါ့​ဆိုပြီး​ဝင်​လျှောက်လိုက်တာ။ မမက  မြန်မာပြည်မှာ ​နောက်ဆုံး​ပေါ်ကွန်ပျူတာပညာကို မ​လေ့​လာခဲ့​ရ​ပေမယ့်​ ဂျာမနီ​ရောက်​တော့​ သူများ​ထက် အများ​ကြီး​ကြိုး​စား​လေ့​လာခဲ့​တဲ့​အတွက် စာတမ်း​ ​တွေအတွက် ကွန်ပျူတာ​တွေကို ​ကောင်း​ကောင်း​သုံး​တတ်​နေပြီ။ Database အလုပ်ရတာက​တော့​ မမရဲ့​ဆရာကြီး​ ​ဒေါက်တာညီညီရဲ့​ ​ကျေး​ဇူး​နဲ့​ ​စောင့်​ရှောက် မှု​ကြောင့်​ပဲ။ ဒီ Detabase အလုပ်လုပ်​နေတုန်း​ယူနီဆက်ကနံပါတ်၂လူကြီး​ဖြစ်တဲ့​ ​ဒေါက်တာရစ်ချတ်​ဂျော်လီက မမကို ကင်း​ဘရစ်တက္ကသိုလ်ကPh.D ဆိုတာလဲသိ​ရော မမ လုပ်​နေရတဲ့​အလုပ်နဲ့​ အရည်အချင်း​နဲ့​က မတန်ဘူး​ဆိုပြီး​ စမ်း​သပ်တဲ့​အ​နေနဲ့​စာတမ်း​တခု​ရေး​ခိုင်း​တယ်။

အဲဒါကလဲရှင်းရှင်း ​ပြောရရင်UN ​အေဂျင်စီ​တွေကို Coordination လုပ်တဲ့​အ​ကြောင်း​ စာတမ်း​ဖြစ်​နေတယ်။ မမကြိုး​စား​ပြီး​ သု​တေသန​တွေလုပ်၊​ ​တွေ့​ဆုံ ​မေး​မြန်း​တာ​တွေလုပ်၊​ အချက်အလက်​တွေစုပြီး​ ​ရေး​လိုက်တာ စာတမ်း​တ​စောင် ထွက် သွား​ရော။ မမ တင်လိုက်တဲ့​စာတမ်း​ကို လူကြီး​တွေ ဘယ်​လောက် သ​ဘောကျ သလဲဆိုရင် တကမ္ဘာလုံး​မှာရှိတဲ့​ UNရုံး​တွေကိုUN ရဲ့​စာအ​နေနဲ့​ ဖြန့်​တယ်။ မမ နာမည် ကို​တော့​ မတပ်ဘူး​။ အဲဒါကပိုပြီး​သိက္ခာရှိတယ်။ အဲဒီမှာ နာမည်ရသွား​ပြီး​ UN မှာ အလုပ်ရသွား​တယ်။ ကိုယ့်​ရဲ့​ဘွဲ့​ကဘူမိ​ဗေဒဆို​တော့​ ဘူမိ​ဗေဒနဲ့​ ပတ်သက်တဲ့​အလုပ် ကိုရလိုက်တယ်။ဒါ​ပေမယ့်​လည်း​နိမ့်​တဲ့​ရာထူး​က​နေစတာ​ပေါ့​လေ။ UN မှာလုပ်ခဲ့​ရတုန်း​ကကြံု​တွေ့​ရတဲ့​အ​တွေ့​အကြံုအ​ကြောင်း​… UN မှာပထမဆုံး​စလုပ်ရတဲ့​အလုပ်ကနEnvironment ​ပေါ့​။ နယူး​ယောက်မှာလုပ် ရတယ်။

ဒါ​ပေမယ့်​ ဂျီနီဗာနဲ့​ Rio deJaneiro မြို့​တွေကို သွား​အလုပ်လုပ်ခဲ့​ရတယ်။ အဲဒီမှာ က​လေး​လူငယ်​တွေနဲ့​ပတ်သက်တဲ့​နJhEnvironment Policy ​တွေကို မမ ​ရေး​ခဲ့​တယ်။ ယူနီဆက်မှာ ​အောင်မြင်မှု​တွေရခဲ့​လို့​ ရာထူး​တိုး​ခဲ့​တယ်။ စစ်ဖြစ်​နေတဲ့​ နိုင်ငံ ​ဘော့​စတီး​နီး​ယား​၊​ ယူဂိုစလား​ဗီး​ယား​၊​ ပါကစ္စတန်၊​ တာဂျစ်ကစ္စတန်နိုင်ငံမှာ လဲလုပ်ခဲ့​တယ်။ တချို့​နိုင်ငံ​တွေမှာဆိုရင် စစ်အတွင်း​ တာဝန်ထမ်း​ဆောင်ရတာ ဖြစ်တဲ့​အတွက် UN ကား​ပေါ်မှာ မမနဲ့​ကား​ဒရိုင်ဘာ၂​ယောက်ထဲ သွား​အလုပ်လုပ်ခဲ့​ရတယ်။ ဒီလို လုပ်​နေရင်း​နဲ့​ ကိုယ့်​ကို ရာထူး​နေရာ​တွေ ​ပေး​လာတယ်။ ဆား​ဗီး​ယား​မှာ လက်​ထောက် ဌာ​နေကိုယ်စား​လှယ်ရာထူး​၊​ ဒါမှမဟုတ် ဒီစစ်ဖြစ်​နေတဲ့​နိုင်ငံ​တွေမှာ လုပ်မလား​ ဆိုပြီး​ဖြစ်လာတယ်။ ဒီ​တော့​ မမ စဉ်း​စား​တာက စစ်ဖြစ်​နေတဲ့​နေရာ​တွေမှာ မမ က က​လေး​ကို ​ခေါ် ထား​လို့​လဲမရဘူး​။ ဒီစစ်ဖြစ်တဲ့​နေရာ​တွေမှာ တာဝန်ထမ်း​ဆောင်ရင် သား​လေး​ကို ​ဘော်ဒါ​ကျောင်း​ပို့​ရ​တော့​မယ်။ မမမှာလဲ ဒီသား​နဲ့​အ​မေနှစ်​ယောက်ထဲရှိတာ၊​ ကိုယ့်​ မှာ ခက်ခက်ခဲခဲဒီသား​ကိုပြုစုလာတာ။ ကိုယ့်​သား​နဲ့​လဲ​ဝေး​သွား​မယ်။ မြန်မာစကား​ လဲတတ်​တော့​မှာမဟုတ်ဘူး​။ ဒီရာထူး​ကို ကိုယ်ယူလိုက်ရင် ကျိန်း​သေ ရာထူး​တိုး​ မြန် မှာမှန်​ပေမယ့်​ မမ မယူခဲ့​ဘူး​။ ဒါနဲ့​ မမလဲစဉ်း​စား​တယ်။ ကိုယ့်​သား​နဲ့​ လဲပြီး​ ရာထူး​ယူမလား​၊​ သား​နဲ့​အတူ​နေမလား​ ​ပေါ့​။ ​နောက်ဆုံး​ ရာထူး​မတိုး​လဲ​နေ သား​ကို​တော့​ မခွဲနိုင်ဘူး​ ဆိုပြီး​ အာဖရိကကို ​ရွေး​ခဲ့​တယ်။ ၁၉၉၄က​နေ ၁၉၉၉ခုနှစ် ၆နှစ်နီး​ပါး​ကို ၂၃နိုင်ငံအတွက် အလုပ်လုပ်ခဲ့​ တယ်။ ၁၅နိုင်ငံက ပြင်သစ်ဘာသာစကား​၊​ ၅နိုင်ငံက အင်္ဂလိပ်စကား​၊​ ၂နိုင်ငံက ​ပေါ် တူကီစကား​၊​ ၁နိုင်ငံကစပိန်စကား​တွေ​ပြောကြတယ်ဆို​တော့​ မမက ပြင်သစ်စကား​ ကို ​သေချာ​ပြောနိုင်​အောင်ပဲသင်ခဲ့​တယ်၊​ ပြင်သစ်စကား​နဲ့​ အင်္ဂလိပ်စကား​တတ်ရင် နိုင်ငံ​တော်​တော်များ​များ​ကိုအုပ်ချုပ်နိုင်ပြီ။ နိုင်ငံ၂ဝအတွက် အဆင်​ပြေလို့​ မမက ပြင်သစ်စကား​သင်ခဲ့​တယ်။ ပုံမှန်ဆိုရင် နိုင်ငံတနိုင်ငံမှာ ၃နှစ်လုပ်ပြီး​ရင် ​နောက်တခြား​နိုင်ငံကို ​ပြောင်း​လို့​ ရတယ်။ မမက ဘာလို့​ အာဖရိကမှာ ၅နှစ်​ကျော်၆နှစ်ထိကြာ​နေသလဲဆို​တော့​ ကိုယ့်​သား​လေး​က အဲဒီမှာ အထက်တန်း​ကျောင်း​ကို တက်​နေပြီဆို​တော့​ သူ အထက် တန်း​အောင်ပြီး​တဲ့​အထိ​နေမယ်ဆိုပြီး​ မမက မ​ပြောင်း​ချင်​ကြောင်း​ ​တောင်း​ဆို လိုက်တယ်။ သား​လေး​လဲ Abidjan (Cote d’Ivoire) Ivory Coast က​နေ အထက်တန်း​အောင်ခဲ့​တယ်။ အဲလို ဆင်း​ရဲတဲ့​နိုင်ငံ​တွေမှာ လုပ်ခဲ့​ရလို့​ လူ​တွေရဲ့​ တကယ့်​ဆင်း​ရဲမွဲ​တေမှု​တွေ၊​ တိုး​ တက်ဖွံ့​ဖြိုး​ဖို့​ လိုအပ်တာ​တွေ၊​ ​ရောဂါမျိုး​စုံ​တွေကို ​တွေ့​ခဲ့​ရတယ်။ ဒီလို ဆင်း​ရဲ သား​တွေ၊​ ​ရောဂါ​တွေကို ကိုယ်တိုင်ကြံု​တွေ့​မြင်ခဲ့​ရတဲ့​အတွက် ​နောက်ပိုင်း​မှာ ကိုယ် ကဆရာဝန်မဟုတ်​သော်လည်း​ဘဲဆရာဝန်​တွေကိုပါအုပ်ချုပ်လာနိုင်ခဲ့​တယ်။

ဒီလိုဆင်း​ရဲပြီး​ ​ရောဂါထူ​ပြောတဲ့​ တိုင်း​ပြည်​တွေမှာ လုပ်ခဲ့​ရတယ်။ ကိုယ်​ရောက်တဲ့​ နိုင်ငံ၊​ တိုင်း​ပြည်တိုင်း​၊​ ရွာတိုင်း​မှာ လူနာ​တွေကြား​ထဲ၊​ ဆင်း​ရဲသား​တွေကြား​ထဲ မှာ သူတို့​နဲ့​တန်း​တူ ​နေထိုင်ခဲ့​တယ်။ သူတို့​ကြား​ထဲမှာ ဝင်ဆန့်​ရတယ်။ ​အောက်​ခြေ ဆန်စွာ ​နေထိုင်နိုင်တယ်လို့​ပြောရမှာ​ပေါ့​။ ၁၉၉ဂမှာ သား​က တက္ကသိုလ်တက်ပြီဆို​တော့​ မမလဲ ၁၉၉၉မှာ အ​ရှေ့​အလယ်ပိုင်း​ ကို ​ပြောင်း​တယ်။ အဲဒီမှာ နိုင်ငံ​ပေါင်း​၂ဝအတွက် အလုပ်လုပ်ခဲ့​တယ်။ အ​နောက်ဖက်အစွန်ဆုံး​နိုင်ငံက​မော်ရိုကို၊​ အ​ရှေ့​ဘက်အစွန်း​ဆုံး​ကနိုင်ငံအီရန်အထိဘဲ။ ဆာဒန်ဟူ စိန်​ခေတ်မှာလုပ်ခဲ့​ရတယ်။ ဒီနိုင်ငံ​တွေက အာရပ်စကား​ဘဲ​ပြောတယ်။ အာရပ်ဘာ သာကခက်လွန်း​တော့​ မမ မသင်ခဲ့​ဘူး​။၂နှစ်ခွဲ​နေခဲ့​တယ်။ အယ်ဂျီး​ရီး​ယား​မှာအလုပ်လုပ်တဲ့​အချိန်ကတဖက်စွန်း​ရောက်သူ​တွေကအစိုး​ရကို ဒုက္ခ​ပေး​တဲ့​အ​နေနဲ့​ရိုး​ရိုး​အရပ်သား​တွေကိုလည်ပင်း​ဖြတ်​နေတဲ့​အချိန်မှာကိုတာဝန်ထမ်း​ဆောင်ခဲ့​ရတယ်။ တခြား​ဝန်ထမ်း​၊​ နိုင်ငံခြား​သား​တွေက​တော့​ အရပ်ထဲ မ သွား​ရဲကြဘူး​။ အိမ်​တွေ ကွင်း​ဆင်း​လေ့​လာ​ရေး​ကို မသွား​ရဲကြဘူး​။ ကိုယ်ကရှင်း​ရှင်း​ ​ပြောရရင် မြန်မာပြည်မှာ နည်း​မျိုး​စုံ၊​ အခက်ခဲမျိုး​စုံနဲ့​ ကွင်း​ဆင်း​ခဲ့​ရတဲ့​ အ​တွေ့​အကြံု ​တွေက ရှိခဲ့​တော့​ မ​ကြောက်ဘူး​၊​ ဘယ်သူသွား​သွား​ မသွား​သွား​ ကိုယ်ကသွား​တာဘဲ။ ကိုယ်က ဗုဒ္ဓဘာသာဝင်လဲဖြစ်​တော့​ ​သေတ​နေ့​မွေး​တ​နေ့​ဘဲဆိုပြီး​ သွား​တာဘဲ၊​ မ​ကြောက်ဘူး​။ ဒါ​ကြောင့်​အာရပ်တပည့်​တွေက ကိုယ့်​ကိုချစ်ကြတယ်။ အာရှမှာ စီး​ပွား​ပျက်ကပ်ဆိုက်ပြီး​တဲ့​နောက် အင်ဒိုနီး​ရှား​မှာ သမ္မတဆူဟာတို ပြုတ် ကျပြီး​ တိုင်း​ပြည်က စစ်​ဘေး​ကြံုပြီး​ပြိုလဲမလို ဖြစ်ခဲ့​တယ်။ ​နေရာတိုင်း​မှာ မူဆလင်နဲ့​ ခရစ်ယာန်​တွေ စစ်ဖြစ်​နေတဲ့​အချိန်မှာ မမက အင်ဒိုနီး​ရှား​နိုင်ငံဆိုင်ရာ ယူနီဆက်ရဲ့​ နံပါတ်(၂) အကြီး​အကဲရာထူး​အ​နေနဲ့​ သွား​အလုပ်လုပ်ခဲ့​တယ်။

အင်ဒိုနီး​ရှား​ရဲ့​ အ​ရှေ့​ဖျား​Papua ဆိုတဲ့​ကျွန်း​စုက ဟိုး​အရင်က လူသား​စား​တဲ့​ ​နေရာ​ပေါ့​။ အဲဒီ ​ကျောက်​ခေတ်လူသား​တွေ ​နေတဲ့​နေရာကို လမ်း​ပြတ​ယောက်နဲ့​ ၂ ​ယောက်ထဲ ​တော​တောင်​တွေဖြတ်ပြီး​ ကုန်း​ကြောင်း​ လမ်း​လျှောက် သွား​ခဲ့​တယ်။ အဲဒီလူ​တွေက ခုချိန်ထိ မီး​ခြစ်မသုံး​ဘူး​၊​ မီး​လိုရင် သစ်ကိုင်း​ခြောက်ချင်း​ ပွတ်တိုက်ပြီး​ မီး​မွှေး​ယူကြတုန်း​ဘဲ။ အဝတ်အစား​မဝတ်ကြဘူး​။ သူတို့​ရဲ့​ ဓ​လေ့​အယူအရ မိခင်တ​ယောက်ဟာ သူ့​ရဲ့​က​လေး​တ​ယောက် ​သေသွား​တိုင်း​ လက်​ချောင်း​တ​ချောင်း​ဖြတ်ရတယ်။ လက်နှစ်ဘက်မှာရှိတဲ့​ လက်​ချောင်း​လေး​တွေ အား​လုံး​ဖြတ်လို့​ရတယ်။ လက်မကို​တော့​ပေး​မဖြတ်ဘူး​။ လက်မက အလုပ်လုပ်လို့​ ရ​အောင်ချန်ထား​တာ။ လက်​ချောင်း​တွေဖြတ်လို့​ ကုန်ရင်နား​ရွက်ဖြတ်ရတယ်။ ဒီလို ဖြတ်တဲ့​အခါမှာလဲ ​ကျောက်​ခေတ်လူသား​တွေဖြစ်တဲ့​အတွက် ​ခေတ်မှီသံမဏိဓါး​ ​တွေမရှိတဲ့​အတွက် ​ကျောက်ဓါး​တွေနဲ့​ဖြတ်ရတယ်။ အရမ်း​ကို ​ခေတ်မမှီတဲ့​နေရာ​တွေ ကိုသွား​ခဲ့​ရတယ်။အလုပ်လုပ်ခဲ့​ရတယ်။ ဒီလို​အောက်​ခြေကျကျအလုပ်လုပ်ခဲ့​ရသလို အမြင့်​ဆုံး​ကိုလဲ ​ရောက်ခဲ့​တယ်။ အင်ဒိုနီး​ရှား​ အမျိုး​သမီး​သမ္မတMegawati Sukarnoputri နဲ့​ လက်ရှိသမ္မတ Susilo Bambang Yudhoyono ၂​ယောက်စလုံး​နဲ့​တွေ့​ခဲ့​ရတယ်။

၂၀၀၄ ဩဂုတ်လ အား​ချဲ Acehမှာသူပုန်​တွေထ​နေတဲ့​အတွက် ဘယ်နိုင်ငံခြား​သား​ မှ ​ပေး​မဝင်တဲ့​အချိန်မှာ မမ နဲ့​ ယူနီဆက်ရဲ့​ အလှူရှင်နှစ်ဦး​နဲ့​ ကျန်း​မာ​ရေး​ဝန်ကြီး​ ​လေယာဉ်ပျံနဲ့​သွား​နိုင်ခဲ့​တယ်။ ၂၀၀၄ခု ဒီဇင်ဘာ၂၆မှာ ဆူနာမိ ဖြစ်​တော့​လဲ မမ သွား​ပြီး​ စီမံခန့်​ခွဲခဲ့​ရတယ်။ မမသွား​ပြီး​ လုပ်ကိုင်ခဲ့​တဲ့​အခါမှာ လုပ်ရည်ကိုင်ရည် ​ကောင်း​လို့​ နာမည်အရမ်း​တက်ခဲ့​ တယ်။ ဒါ​ကြောင့်​ ၂၀၀၅မှာ ရာထူး​အကြီး​ကြီး​ တိုး​ခဲ့​တယ်။ ဆူနာမိထိတဲ့​ နိုင်ငံဂနိုင်ငံ အတွက် ​ဒေါ်လာသန်း​ရဝဝ​ကျော်ကို ကိုင်ပြီး​ စီမံခန့်​ခွဲခဲ့​ရတယ်။ ဒီလို ​ငွေသန်း​ရဝဝ​ကျော်ကို သုံး​တဲ့​နေရာမှာ မှန်မှန်ကန်ကန်နဲ့​ လိမ်လည်မှုမရှိဘဲ သုံး​ စွဲတယ်ဆိုတာကို သံသယကင်း​အောင် သိသာနိုင်တဲ့​ စာရင်း​စစ်တဲ့​နည်း​စနစ်၊​ အထက် တင်ပြတဲ့​နည်း​စနစ်​တွေကို နယူး​ယောက်မှာ ရုံး​ထိုင်ရင်း​နဲ့​ တီထွင်ခဲ့​တယ်။ ဒီလိုလုပ် နိုင်ခဲ့​တဲ့​အတွက် ကိုဖီအာနန်၊​ သမ္မတကလင်တန်တို့​ရုံး​နဲ့​ အလုပ်လုပ်ခဲ့​ရတယ်။ ​ဟောလီး​ဝုဒ်သရုပ်​ဆောင် Roger Mooreနဲ့​လဲလက်တွဲလုပ်ခဲ့​ရဘူး​တယ်။တရုတ်ရုပ်ရှင်မင်း​သမီး​ Zhang Ziyi နဲ့​လဲလက်တွဲလုပ်ခဲ့​ရဘူး​တယ်။ တရုတ်ဒုသမ္မတXi Jinping တက်ခဲ့​တဲ့​ High-Level Meeting on Cooperation for Child Rights in Asia Pacific Region ကို ၂၀၁၀ နိုဝင် ဘာလ၄ရက်က​နေ၆ရက်အထိတရုတ်နိုင်ငံ​ပေကျင်း​မြို့​မှာဦး​စီး​လုပ်​ပေး​ခဲ့​တယ်။

သား​တိုး​နေဝင်း​အ​ကြောင်း​… ၁၉၇၉မှာ​မွေး​တဲ့​သား​က မြန်မာပြည်က ထွက်လာတဲ့​အချိန်မှာ ဂနှစ်၉နှစ်အရွယ် ကတည်း​ မမက​ရောက်တဲ့​နေရာတိုင်း​မှာ တ​နေ့​ကို တနာရီ မြန်မာစာ သင်​ပေး​ပါ တယ်။ အ​မေ အလုပ်လုပ်တဲ့​ တိုင်း​ပြည်​တွေကို လိုက်ရလို့​လဲ ဘာသာစကား​ပေါင်း​ ၄မျိုး​ကို​ပြောနိုင်ပါတယ်။ အာဖရိကမှာ အင်တာ​နေရှင်နယ်​ကျောင်း​ တက်ပြီး​ အထက်တန်း​အောင်တယ်။ SATကို အမှတ်ပြည့်​နဲ့​အောင်လို့​ MIT, Harvard တက္ကသိုလ်​တွေက ဝင်ခွင့်​ပေး​တယ်။ ​နောက်ဆုံး​ သူက MITတက္ကသိုလ်ကို ​ရွေး​လိုက် တယ်။ ၁၉၉ဂမှာ MIT တက္ကသိုလ်ကိုတက်ပြီး​ ၅နှစ်အတွင်း​ ကွန်ပျူတာသိပ္ပံ အပါ အဝင်ဒီဂရီ၃ခုနဲ့​အောင်တယ်။ အ​မေပိုက်ဆံကုန်မှာစိုး​လို့​ Ph.D ဘွဲ့​မယူဘဲ အလုပ် တန်း​ဝင်လိုက်တာခုအ​မေထက်ချမ်း​သာ​နေပါတယ်။

အခုလက်ရှိဆရာမရဲ့​အစီအစဉ်… မမက အခုပင်စင်ယူလိုက်ပြီဆို​ပေမယ့်​ ပင်စင်ယူခြင်း​သည် အလုပ်ရပ်စဲခြင်း​မျိုး​ မဟုတ်ပဲ အလုပ်ကိုဆက်လုပ်မယ်။ Consultant အ​နေနဲ့​လုပ်ဘို့​ အစီအစဉ်ရှိတယ်။အဖွဲ့​အစည်း​တခုက မမကို အလုပ်အပ်ချင်ရင် မမကို အီး​မေး​လ်နဲ့​ ဆက်သွယ်လိုက်ရုံ ဘဲ။ မမပြန်​နေမယ့်​ မြန်မာနိုင်ငံမှာ အီး​မေး​လ်က ​နေ့​တိုင်း​နာရီတိုင်း​ ရ​နေတာ မဟုတ် ​ပေမယ့်​လဲ အီး​မေး​လ်​တော့​ရတယ်။ မမရဲ့​အလုပ်က အီး​မေး​လ်တခုတည်း​ရှိရုံနဲ့​ဖြစ် တယ်။ ဘယ်နိုင်ငံကမဆို မမကို လိုလို့​ ဒီအလုပ်ကို လာလုပ်​ပေး​ပါလို့​ အီး​မေး​လ် ပို့​ လိုက်တာနဲ့​ မမက ထိုင်း​နိုင်ငံကိုထွက်ပြီး​ လိုအပ်တဲ့​အချက်အလက်​တွေ စု​ဆောင်း​ ရှာ​ဖွေပြီး​ သု​တေသနလုပ်ပြီး​ အလုပ်လုပ်ရုံပါဘဲ။ ထိုင်း​နိုင်ငံကို ထွက်လုပ်ရတယ် ဆိုတာကလဲ ရန်ကုန်ရဲ့​အင်တာနက်က ​နှေး​ပြီး​ ထိုင်း​မှာက ပိုမြန်လို့​ အလုပ်လုပ်ရတာ နဲ့​ လိုချင်တဲ့​အချက်အလက်​တွေရှာတဲ့​နေရာမှာ ထိုင်း​မှာက ပိုမြန်လိမ့်​မယ်။ မြန်မာနိုင်ငံမှာ​တော့​ စီး​ပွား​ရေး​အရ အလုပ်လုပ်မှာ မဟုတ်ဘူး​။ ပရဟိတလုပ်ငန်း​ ကိုလုပ်မယ်။ သူများ​ကိုကူညီတာ၊​ လူငယ်​တွေကို သင်တန်း​ပို့​ချတာ​တွေ လုပ်မယ်လို့​ ဆန္ဒရှိပါတယ်။ လန်ဒန်တက္ကသိုလ်က Public Policy ဘွဲ့​တခု ယူဖို့​ ကြိုး​စား​ ​နေတယ်၊​ တရုတ်ဘာသာစကား​ ဆက်သင်ဦး​မယ်။ အိမ်ကလဲ ပြင်​နေတယ်ဆို​တော့​ ဒီနှစ်​တွေထဲမှာဒါ​တွေပဲလုပ်ဖို့​ရှိပါတယ်။ အ​မေ့​အိမ်ကို ကိုယ်က ပြန်ဝယ်ပြီး​ ပြန်ပြင်​နေတယ်။ နဂိုအိမ်​လေး​ကို ဖျက်လိုက်တဲ့​ အတွက် အိမ်ဖျက်တာ သိန်း​၂ဝ​ကျော် ရတယ်။ အဲဒါအား​လုံး​ကို ပရဟိတလုပ်ငန်း​ လုပ်တဲ့​ဘုန်း​ကြီး​ကျောင်း​ကိုလှူပစ်လိုက်တယ်။ တက္ကသိုလ်မှာစာသင်ခဲ့​စဉ်ကအမှတ်တရဖြစ်တဲ့​အ​ကြောင်း​… တက္ကသိုလ်မှာ သရုပ်ပြဆရာမဘဝနဲ့​ စာစသင်တဲ့​အရွယ်က ၁၉နှစ် ၂၀ မပြည့်​ ​သေး​ဘူး​။ ​နောက် နယ်​တွေမှာ လက်​တွေ့​ဆင်း​ရ​တော့​လဲ ​ကျောင်း​သား​တွေနဲ့​ မမက လက်ရည်တပြင်တည်း​ ​နေထိုင်စား​သောက်တယ်။ ဆရာမဆိုပြီး​ သီး​သန့်​နေတာမျိုး​ မရှိခဲ့​ပါဘူး​။ ​တောနက်ထဲမှာ ကျား​တွေရှိတဲ့​ ဂူကြီး​ထဲမှာ ဖြတ်​ပြေး​ခဲ့​ရဘူး​တယ်။

အမှတ်တရ​တွေက​တော့​အများ​ကြီး​ပါဘဲ။ မမက ​ကျောင်း​ဆရာဗီဇပါတယ်လို့​ ​ပြောလို့​ရတယ်။ ယူနီဆက်မှာ လုပ်​နေရင်း​လဲ ​ရောက်ရာတိုင်း​ပြည်မှာ သင်တန်း​တွေ​ပေး​ရတယ်။ စာ​တွေသင်​ပေး​ရတယ်။ တသက် လုံး​စာသင်​ပေး​လာရတယ်လို့​ပြောလို့​ရပါတယ်။ အလုပ်များ​တဲ့​ကြား​ကအပန်း​ဖြေနည်း​… တ​နေ့​ကို တနာရီခွဲ့​ Yoga လုပ်ပါတယ်။အင်ဒိုနီး​ရှား​မှာတုံး​က​ရေကူး​ပါတယ်။ ရုပ်ရှင်သိပ်မကြည့်​ဖြစ်ပါဘူး​၊​။ တီဗီမှာသတင်း​ပဲကြည့်​ဖြစ်တယ်။ ခရီး​သွား​ရ​တော့​ ​လေယာဉ်​စောင့်​တဲ့​အချိန်မှာ စာဖတ်ပါတယ်။ ငယ်ငယ်က ဝတ္ထုဖတ်​ပေမယ့်​ ​နောက် ပိုင်း​ Non Fiction, Biography နဲ့​ Political History စာအုပ်​တွေဖတ်ပါတယ်။ အခုအသက်အရွယ်အထိမျက်မှန်မတပ်ရ​သေး​ဘူး​။ ​တောင်တက်ဝါသနာပါလို့​ မနှစ်က မမက ​မောင်​လေး​ရယ်၊​ ညီမ​လေး​နဲ့​အတူ ဝိတိုရိယ ​တောင်သွား​တက်ခဲ့​ပါတယ်။

ဖြည့်​ပြောချင်တဲ့​စကား​… နိုင်ငံခြား​ရောက်လာတဲ့​ မြန်မာလူငယ်​တွေ မြန်မာဘာသာစကား​အပြင် အခြား​ဘာ သာစကား​ကိုလဲသင်​စေချင်ပါတယ်။ လူငယ်​တွေကို ပရဟိတလုပ်ငန်း​တွေ များ​များ​ လုပ်​စေချင်သလို ပရဟိတလုပ်ငန်း​တွေမှာလဲ လှူဒါန်း​စေချင်တယ်။ လူတိုင်း​ ကျန်း​မာ​ရေး​အတွက် အချိုကို ​လျှော့​စား​စေချင်တယ်။ အခွင့်​ရရင်မြန်မာပြည်ရဲ့​ပညာ​ရေး​စနစ်ကိုတိုး​တက်​အောင်လုပ်​ပေး​ချင်ပါတယ်။ ။

ရတနာပုံ​နေပြည်​တော်သတင်း​စာ၏ ​တွေ့​ဆုံ​မေး​မြန်ခြင်း​ကို စိတ်ရှည်လက်ရှည် ​ဖြေကြား​ပေး​သော ​ဒေါက်တာရင်ရင်နွယ် အား​အထူး​ကျေး​ဇူး​တင်ပါသည်။ မိုး​သက်ကို ​တွေ့​ဆုံ​မေး​မြန်း​သည်။ မှတ်ချက်။ ။ မန္တ​လေး​ဂေဇက် နိုဝင်ဘာ ၂၀၁၁ “ထင်ရှား​ကျော်ကြား​ မြန်မာများ​ကဏ္ဍ” တွင်ပုံနှိပ်​ဖေါ်ပြပြီး​ဖြစ်ပါသည်။
Read More...

Deranged (2012)


Deranged 2012 ကား​ကို ကြည့်​ခဲ့​တယ်။ ဒီကား​မှာ - 

  • တကယ်ပြဿနာကြံုလာတဲ့​အခါ ​ခေါင်း​ဆောင်​တွေရဲ့​ အစီအမံ ဆုံး​ဖြတ်ချက်မှား​မှု​ကြောင့်​ ထိ​ရောက်သင့်​တဲ့​နေရာ မထိ​ရောက်ပဲ ပိုး​ဆိုး​လာတယ်။ 

  • ​လောဘ​ဇောတက်​နေတဲ့​ လူတစ်စု/ကုမ္ပဏီတစ်ခုက ​ရောဂါကုနိုင်တဲ့​ Formula ကို ကိုင်စွဲထား​ပြီး​၊​ အစိုး​ရနဲ့​ အ​ပေး​အယူလုပ်ကြတယ်။

  • ဇာတ်ကား​ထဲက ဇာတ်​ကောင်က သူချစ်တဲ့​ သူ့​မိသား​စုကို ကယ်တင်လိုတဲ့​ စိတ်အ​ခြေအ​နေအရ ဘယ်သူဘာပဲဖြစ်ဖြစ် ကိုယ့်​မိသား​စုကိုပဲကြည့်​မယ်ဆိုတဲ့​ စိတ်ဝင်ခဲ့​တယ်။ အဲ့​ဒီစိတ်က​နေပဲ လူအများ​ကို အကျိုး​ပြုတဲ့​အရာကို ​ပြောင်း​လဲခဲ့​ပြီး​ လုပ်​ဆောင်ခဲ့​တယ်။ 

မိတ်​ဆွေတို့​ကိုလည်း​ ဇာတ်လမ်း​က တဖြည်း​ဖြည်း​ အရှိန်မြှင့်​တက်ကာ ဆွဲ​ခေါ်သွား​မှာ ​သေချာပါတယ်။ 

(​နောက်တစ်ခုက ကျွန်​တော် ​တွေး​မိတာ​လေး​ပါ။ ​ညောင်​ချောင်း​သာလို ညစ်ပတ်တဲ့​ ​ရေထဲမှာ အဲ့​လိုသာ ဖြစ်သွား​ရင်ဖြင့်​လို့​၊​ ​တွေး​မိတာကို ​ပြောပြတာပါ :D) 

 Trailer ကည့်​ရန်
 
Read More...

Open Letter To The Secretary Of State From The Arakan People

Buddhism

Hillary Clinton တ​လေး​တစား​၊​ယူ​ဆောင်သွား​တဲ့​ ရခိုင်စာ​ပေ နှင့်​ယဉ်​ကျေး​မှုအဖွဲ့​ (ရန်ကုန်) က​ပေး​အပ်လိုက်​သော....ရိုဟင်ဂျာ သမိုင်း​အဖြစ်အမှန် နှင့်​ "ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်၏ ရခိုင်ပြည်နယ်နှင့်​ ရခိုင်လူမျိုး​တို့​ကို ​ခေါ်ဆို​သောရခိုင်အမျိုး​သား​ပိုင် Arakan အမည်ကို ဘင်္ဂလီလူမျိုး​ခြား​တစ်စုက အလွဲသုံး​စား​ အသုံး​ပြူ​နေခြင်း​အ​ပေါ် ပြင်း​ထန်စွာ ရှံု့​ချကန့်​ကွက်​ကြောင်း​ ​ကြေငြာချက်" မြန်မာ၊​အင်္ဂလိပ် အပြည့်​အစုံပါ။







​ဒေါ်ခင်​စောတင့်​(ဥက္ကဌ)
Arakan Literature And Culture Organization (Yangon) The Republic Of The Union Of Myanmar
Building 22 Room 50 Pyi Yeik Mon Avenue 7th Ward
Kamayut Township Yangon
Tel : 951 709 785 သို့​မည်သူမဆို ဆက်သွယ်​မေး​မြန်း​နိုင်ပါသည်။
လင်း​ဦး​(စိတ်ပညာ)
Read More...

St. Martin's Island & Shin Ma Pyu Island (Shapuree)

စိန့်​မာတင်၊​ ရှင်မဖြူ နဲ့​ အင်္ဂလိပ်-မြန်မာ ပထမစစ်

စိန့်​မာတင်ကျွန်း​

ခု ဘင်္ဂလား​ဒေ့​ရှ်ကို ​ပေး​လိုက်ရတယ်လို့​ ​ပြော​နေကြတဲ့​ စိန့်​မာတင်ကျွန်း​ အ​ကြောင်း​ နည်း​နည်း​ပြောချင်ပါတယ်။

St. Martin's Island (စိန့်​မာတင်ကျွန်း​)က ​ဒေသခံ အ​ခေါ် ဘင်္ဂလီလို "Nirical Gingira"၊​ မြန်မာလို "အုန်း​ကျွန်း​" လို့​ အဓိပ္ပာယ် ရတယ်။ မြန်မာ-ဘင်္ဂလား​ဒေ့​ရှ် နှစ်နိုင်ငံကို ခြား​ထား​တဲ့​ နယ်ခြား​မြစ် နတ်မြစ်ဝ (Naf River)​ပေါ်မှာရှိပြီး​ မြန်မာနိုင်ငံ အ​နောက်​မြောက်ကမ်း​ရိုး​တန်း​မှ အ​နောက်ဘက် (၈) ကီလိုမီတာ၊​ ဘင်္ဂလား​ဒေ့​ရှ်နိုင်ငံ ​ကော့​ဘဇာ-တက်ခ်နတ် ကျွန်း​ဆွယ်မှ (Cox's Bazar-Teknaf Peninsular) ​တောင်ဘက် (၉) ကီလိုမီတာ အကွာအ​ဝေး​မှာ ရှိတယ်။ အရင် ဗြိတိသျှ-အန္ဒိယ၊​ အန္ဒိယ၊​ အ​ရှေ့​ပါကစ္စတန်၊​ ခု ဘင်္ဂလား​ဒေ့​ရှ် အဆက်ဆက် မြန်မာမပိုင်ခဲ့​ပါ။ ဗြိတိသျှ-အန္ဒိယ ​ခေတ်မတိုင်မီ၊​ မြန်မာက ရခိုင်ကို မသိမ်း​ခင် ရခိုင်ဘုရင်​တွေ ပိုင်ခဲ့​တဲ့​ အချိန်​တွေ ရှိ​ကောင်း​ရှိနိုင်တယ်။ ဒါ​ပေမဲ့​ အဓိကထား​ ဆိုလိုချင်တာက ခုလတ်တ​လော ကုလခုံရုံး​ရဲ့​ ဆုံး​ဖြတ်ချက်​ကြောင့်​ စိန့်​မာတင်ကျွန်း​ကို ဘင်္ဂလား​ဒေ့​ရှ် ကို ​ပေး​လိုက်ရတာ မဟုတ်ဘူး​ ဆိုတာကိုပါ။

မိတ်​ဆွေများ​ ​ပြော​နေတဲ့​ စိန့်​မာတင်ကျွန်း​ နဲ့​ ရှင်မဖြူကျွန်း​ အတူတူပဲ ဆိုတာ (ကျ​နော့်​တစ်ဦး​တည်း​ သ​ဘောထား​အမြင်အရ) လက်မခံပါ။
စိန့်​မာတင်  Google Image

ရှင်မဖြူကျွန်း​

ရှင်မဖြူကျွန်း​က အင်္ဂလိပ်လို Shapuree (ရှပူရီ) လို့​ခေါ်တယ်။ နတ်မြစ်ဝ​ပေါ်မှာပဲ ရှိတယ်။ (ကျ​နော့်​တစ်ဦး​တည်း​ အယူအဆအရ) စိန့်​မာတင်ကျွန်း​ထက် ​သေး​ရမယ်၊​ မြန်မာပြည်နဲ့​ ပိုနီး​ပြီး​ ခုအချိန်မှာ မြန်မာပိုင်တယ်။

ဒါက ကျ​နော့်​ကိုယ်ပိုင် ဗဟုသုတအ​ပေါ် အ​ခြေခံတဲ့​ တစ်ဦး​တည်း​ အမြင်နဲ့​ ​ကောက်ချက်ဆွဲတာပါ။

​ကောင်း​ပြီ..။ အဲ့​ဒီ​ကောက်ချက် မှား​ရင်​ကော..။ ​ကောက်ချက်မှား​လို့​ ရှင်မဖြူကျွန်း​နဲ့​ စိန့်​မာတင်ကျွန်း​ အတူတူပဲ ဆိုလည်း​ ​ပြောစရာ ရှိပါတယ်။

ဘာလို့​လဲဆို​တော့​ ရှင်မဖြူကျွန်း​က (ဗြိတိသျှ-အန္ဒိယ/ ဗြိတိသျှ-ဘား​မား​ခေတ်မတိုင်မီ ​ခေတ်​တွေမပါ) မြန်မာပိုင်ခဲ့​တယ်လို့​ ယူဆလို့​ မရပါ။ ဒီအ​ကြောင်း​ ရှင်း​ရာမှာ အင်္ဂလိပ်-မြန်မာ (အင်ဂလို-ဘား​မား​ ) ပထမစစ် ဖြစ်ရတဲ့​ ​နောက်ခံကို ရှင်း​ရပါ့​မယ်။

အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆)

(စစ်အစိုး​ရ အဆက်ဆက်) ​ကျောင်း​သင်ရိုး​ညွှန်တမ်း​တွေမှာ ရှင်မဖြူကျွန်း​နဲ့​ ပတ်သက်ပြီး​ အငြင်း​ပွား​ရာမှ စစ်စတင်ဖြစ်တယ်လို့​ ဆို​လေ့​ရှိ​ပေမဲ့​ အဲ့​ဒီအ​ကြောင်း​က စစ်ကိုဖြစ်​စေတဲ့​ မီး​စတစ်စ လို့​ပဲ ​ပြောနိုင်ပြီး​ ​နောက်ကွယ်မှာ စစ်ဖြစ်​စေတဲ့​ အ​ကြောင်း​အချက်​တွေ အများ​ကြီး​ရှိတယ်။

အင်္ဂလိပ်က အန္ဒိယကို (၁၇)ရာစုကတည်း​က အ​ရှေ့​အိန္ဒိယကုမ္မဏီ အ​နေနဲ့​ ဝင်တယ်။ (၁၈)ရာစု အလယ်​လောက်​ရောက်​တော့​ အိန္ဒိယတစ်တိုက်လုံး​နီး​ပါး​ ကုမ္မဏီက တဆင့်​ အုပ်ချုပ်​နေပြီလို့​ ဆိုလို့​ရတယ်။ တကယ် ဗြိတိသျှ-အန္ဒိယ နာမည်နဲ့​ အုပ်ချုပ်တာက​တော့​ (၁၉)ရာစုအလယ်​လောက်မှာ ဖြစ်တယ်။

အဲ့​သလို​နောက်ခံအ​ခြေအ​နေမှာ ကုန်း​ဘောင်မင်း​ဆက်ရဲ့​ သတ္တမ​မြောက် မင်း​ဆက် ဘကြီး​တော်(စစ်ကိုင်း​မင်း​) လက်ထက် (၁၈၁၉-၁၈၃၇) ၁၈၂၂ မှာ မြန်မာက အာသံနဲ့​ မဏိပူရ (Assam & Manipur) ကို သိမ်း​လိုက်တယ်။ သိမ်း​ရတဲ့​အ​ကြောင်း​က​တော့​ ဘကြီး​တော်ရဲ့​ ဘိသိက်မင်္ဂလာပွဲကို မဏိပူ​စော်ဘွား​ မတက်တာကို အ​ကြောင်း​ပြုပြီး​ မထီမဲ့​မြင်ပြုတယ်လို့​ ယူဆကာ ​နောင်မှာ ​နောင်ကျင်သွား​စေဖို့​အတွက် ရည်ရွယ်တယ်။ အဲ့​သလို သိမ်း​လိုက်တဲ့​ အတွက် (အင်အား​ကြီး​တဲ့​) အင်္ဂလိပ်အုပ်ချုပ်​နေတဲ့​ ဗြိတိသျှ-အိန္ဒိယနဲ့​ နယ်နိမိတ် ထိစပ်မှုက ပိုများ​လာတယ်။ အင်္ဂလိပ်ကလည်း​ သူတို့​ရဲ့​ အကျိုး​စီး​ပွား​ဖြစ်​နေတဲ့​ ဗြိတိသျှ-အိန္ဒိယ နယ်ပယ်​တွေကိုပါ ခြိမ်း​ခြောက်လာနိုင်တယ်လို့​ ယူဆပြီး​ မြန်မာတပ်​တွေကို ပြန်လည် ​တော်လှန်​နေတဲ့​ အာသံနဲ့​ မဏိပူရ၊​ ရခိုင် (ရခိုင် (Arakan) က ၁၇၈၄ ကတည်း​က ကုန်း​ဘောင် မင်း​ဆက်​အောက် ​ရောက်ပြီး​ဖြစ်) ​တော်လှန်​ရေး​တပ်သား​ (မြန်မာ​တွေ အ​ခေါ် သူပုန်) ​တွေကို လက်နက်၊​ ရိက္ခာ ​ထောက်ပံ​ပေး​တယ်။

မဏိပူကို မြန်မာဝင်လာ​တော့​ နယ်ချင်း​ဆက်​နေတဲ့​ ကချာ​စော်ဘွား​ကပါ သူ့​နယ်ကိုဆက်သိမ်း​မှာ ​ကြောက်ပြီး​ အင်္ဂလိပ်အုပ်ချုပ်​နေတဲ့​ ဗြိတိသျှ-အိန္ဒိယဘက်ကို ဝင်ပြီး​ခိုလှံုတယ်။ အင်္ဂလိပ်ကလည်း​ ကချာနယ် (Cachar) အပြင် အခြား​နယ်ချင်း​ဆက်​နေတဲ့​ ဂျိန်း​တိယ (Jaintia) နယ်​တွေကို သူ့​ရဲ့​ ကိုလိုနီအဖြစ် ​ကြေညာပြီး​ ဗြိတိသျှ-အိန္ဒိယထဲကို ထည့်​တယ်။ အဲ့​နယ်​တွေ ကာကွယ်ဖို့​အတွက်ဆိုပြီး​ စစ်တပ်လွှတ်တယ်။

အင်း​ဝ​နေပြည်​တော် (ဘကြီး​တော်က အမရပူရ က​နေ အင်း​ဝကို ၁၈၂၃ မှာ ပြန်​ပြောင်း​ပြီး​ နန်း​စိုက်ပြီ) ဘက်က အဓိကကျတဲ့​ (ဩဇာရှိတဲ့​) ပုဂ္ဂိုလ်များ​ ဖြစ်တဲ့​ ဘကြီး​တော်၊​ မဟာဗန္ဒုလ၊​ နန်း​မ​တော်မယ်နု နဲ့​ သူ့​မောင် စလင်း​မြို့​စား​ ​မောင်အို စသူတို့​ရဲ့​ (အထူး​သဖြင့်​ စစ်သူကြီး​ ဖြစ်တဲ့​ မဟာဗန္ဒုလ) ​မျှော်မှန်း​ယူဆချက်ကလည်း​ အင်း​ဝအာဏာစက်ကို အာသံနဲ့​ မဏိပူရတင်မက အင်္ဂလိပ်အုပ်ချုပ်​နေတဲ့​ အ​ရှေ့​ဘင်​ဂေါ ထိပါ သက်​ရောက်​စေနိုင်တဲ့​ အင်အား​ မိမိတို့​မှာ ရှိတယ်လို့​ ယူဆတယ်။
စိန့်​မာတင်  Google Image
စိန့်​မာတင်  Google Image

စိန့်​မာတင်  Google Image

နယ်စပ်မှ ပြဿနာများ​

အထက်ကတင်ပြသလို ရခိုင်၊​ အာသံနဲ့​ မဏိပူရ တို့​က မြန်မာအုပ်ချုပ်မှု​အောက်​ရောက်​နေ​တော့​ အင်္ဂလိပ်အုပ်ချုပ်​နေတဲ့​ ဗြိတိသျှ-အန္ဒိယ နဲ့​ နယ်စပ်ထိစပ်​နေပြီ ဖြစ်တဲ့​အတွက် မဖြစ်မ​နေ ရင်ဆိုင်လာရတာက နယ်​မြေချင်း​ထိစပ်တဲ့​ ​နေရာ​တွေမှာ ဖြစ်​လေ့​ဖြစ်ထရှိတဲ့​ နယ်ခြား​မျဉ်း​ကိစ္စ၊​ ဟိုဘက်ဒီဘက် ကျူး​ကျော်ဝင်​ရောက်မှု စတဲ့​ ပြဿနာ​တွေဖြစ်တယ်။ အဲ့​သလို ဖြစ်စဉ်တစ်ခုမှာ အ​ရှေ့​အန္ဒိယကုမ္မဏီက ဆင်ဖမ်း​သမား​တွေ မြန်မာ့​ပိုင်နက်ထဲ ဝင်လာလို့​ မြန်မာဘက်က ဖမ်း​ထား​လိုက်တယ်။ အဲ့​ဒါကို အ​ကြောင်း​ပြုပြီး​ နှစ်ဘက်တင်း​မာ ​နေတဲ့​ အချိန် ၁၈၂၃ စက်တင်ဘာ မှာ မြန်မာက အင်္ဂလိပ်စစ်တပ်ငယ်တစ်ခု တပ်စွဲထား​တဲ့​ ရှင်မဖြူကျွန်း​ကို တက်သိမ်း​တယ်။ အဲ့​သလို တက်သိမ်း​တော့​ အင်္ဂလိပ်က ရှင်မဖြူကျွန်း​က​နေ မြန်မာတပ်​တွေ ဆုတ်ခွာ​ပေး​ဖို့​ ​တောင်း​ဆိုတယ်။ ပြီး​တော့​ ​နောင် နယ်စပ်ပဋိပက္ခ မဖြစ်​အောင် နယ်စပ်မျဉ်း​ အတိအကျ ဆွဲဖို့​ဆိုပြီး​ ကိုယ်စား​လှယ်နှစ်​ယောက် လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့​ ကိုယ်စား​လှယ် နှစ်​ယောက်ကိုပါ မြန်မာဘက်က ဖမ်း​ထား​လိုက်တယ်။ အဲသလိုနဲ့​ နှစ်ဘက် နယ်စပ်ပဋိပက္ခ​တွေက ပိုကြီး​ထွား​လာတယ်။

၁၈၂၄ နှစ်ဆန်း​မှာပဲ အင်း​ဝ​နေပြည်​တော်က စစ်သူကြီး​ သတိုး​သီရိ မဟာဥဇန (နာမည်အမှတ်မှား​နိုင်တယ်) ကို အင်္ဂလိပ် အုပ်ချုပ်​နေပြီဖြစ်တဲ့​ ကချာနယ်၊​ ဂျိန်း​တိယနယ်ထဲ အထိလိုက်ပြီး​ ရခိုင်၊​ အာသံနဲ့​ မဏိပူ ​တော်လှန်​ရေး​တပ် (သူပုန်တပ်) ​တွေကို နှိမ်နင်း​ဖို့​ လွှတ်လိုက်တယ်။ အင်္ဂလိပ်ကလည်း​ သူတို့​ရဲ့​ တပ်​တွေကို မြန်မာတပ်နဲ့​ ရင်ဆိုင်ဖို့​ လွှတ်​တော့​ ကချာနယ်မှာ ရင်ဆိုင်တိုက်ပွဲ​တွေ စဖြစ်တယ်။ အဲ့​သလိုနဲ့​ နယ်စပ် ပြဿနာကို အ​ကြောင်း​ပြုပြီး​ အင်္ဂလိပ်-မြန်မာ ပထမစစ်ကို ၁၈၂၄ မတ်လ၊​ ၅ ရက်​နေ့​မှာ တရား​ဝင် စဖြစ်တယ်။

အင်္ဂလိပ်ဘက်က စစ်တိုက်ချင်တဲ့​ အ​ကြောင်း​များ​

(ဒီ​နေရာမှာ သတိပြု​စေချင်တာက မြန်မာဘုရင်က အထက်မှာ တင်ပြသလို အင်္ဂလိပ်အုပ်ချုပ်တဲ့​ ​ဒေသ​တွေနဲ့​ နယ်စပ်ချင်း​ထိတဲ့​ အထိ နယ်မချဲ့​ဘဲ​နေလည်း​ အင်အား​ကြီး​မား​နေပြီဖြစ်တဲ့​ အင်္ဂလိပ်က (အဲ့​အချိန်မှာ အင်္ဂလိပ်က ကမ္ဘာမှာ နပိုလီယံရဲ့​ ပြင်သစ်အင်ပါယာကိုလည်း​ နိုင်ပြီး​ဖြစ်) တဖြည်း​ဖြည်း​နဲ့​ နယ်စပ်က နိုင်ငံငယ်​လေး​တွေကို သိမ်း​ပြီး​ တစ်ချိန်ချိန်မှာ မြန်မာပြည်ကိုလည်း​ သိမ်း​မှာဖြစ်တယ်။)

အင်္ဂလိပ်ဘက် က စစ်တိုက်ချင်တဲ့​ အဓိက အ​ကြောင်း​တွေက​တော့​

(၁) ကုန်ကြမ်း​ရှာလို့​ရတဲ့​၊​ ကုန်​ချောပြန်​ရောင်း​လို့​ရတဲ့​ ​ဈေး​ကွက် လိုချင်မှု၊​
(၂) ပထဝီနိုင်ငံ​ရေး​၊​
(၃) မိမိရဲ့​ အကျိုး​စီး​ပွား​ နဲ့​ အကျိုး​စီး​ပွား​ဖြစ်​နေတဲ့​ နယ်ပယ်ကို ကာကွယ်လိုမှု၊​
(၄) အင်ဂလို-ဖရန်း​စစ် အား​ပြိုင်မှု၊​
(အဲ့​အချိန်မှာ ပြင်သစ်ကလည်း​ မြန်မာမင်း​တွေနဲ့​ အဆက်အဆံရှိ​နေပြီ ဖြစ်တယ်။ အထူသဖြင့်​ ပြင်သစ်သ​င်္ဘော​တွေ မြန်မာ့​ပင်လယ်ဆိပ်ကမ်း​တွေမှာ အသုံး​ချခွင့်​ရသွား​မှာ စိုး​ရိမ်တယ်။)
(၅) လတ်တ​လောဖြစ်​နေတဲ့​ နယ်စပ် ပဋိပက္ခများ​

မြန်မာဘုရင်ဘက်မှ စစ်တိုက်ဖြစ်​စေတဲ့​ အ​ကြောင်း​များ​

(၁) အင်း​ဝ​နေပြည်​တော် အင်ပါယာကို အ​နောက်ဘက်မှာ ဆက်လက်ချဲ့​ထွင်လိုမှု၊​
(၂) နိုင်ငံငယ်​လေး​တွေကို အစဉ်အဆက် နိုင်​နေကျ ဖြစ်တဲ့​အတွက် အခြား​မည့်​သည့်​ နိုင်ငံနှင့်​မဆို မိမိအလိုကျ ဆက်ဆံနိုင်ဟု ယူဆမှု၊​
(၃) ဘကြီး​တော် လက်ထက် အာဏာထက်​နေတဲ့​ ပုဂ္ဂိုလ်များ​ရဲ့​ မိမိအင်အား​ကို အထင်ကြီး​မှု၊​
(၄) နိုင်ငံတကာမှာ ဘာ​တွေဖြစ်​နေတယ်ဆိုတာကို မသိ​တော့​ အင်္ဂလိပ်ရဲ့​ အင်အား​ကို မှန်မှန်ကန်ကန် မသုံး​သပ်တတ်မှု၊​
(၅) ပထီဝီနိုင်ငံ​ရေး​ကို မသိမှု၊​
(၆) လတ်တ​လောဖြစ်​နေတဲ့​ နယ်စပ် ပဋိပက္ခများ​၊​

စစ်ပွဲစတင်ဖြစ်စ နှစ်ဘက် အနိုင်၊​ အရှံုး​ အ​ခြေအ​နေ

ရခိုင်၊​ အာသံနဲ့​ မဏိပူနယ်စပ်​တွေမှာ စစ်စတင်ဖြစ်​တော့​ မြန်မာက အဲ့​ဒီ​ဒေသ​တွေမှာ စစ်တိုက်​နေတာ ဆယ်စုနှစ်​တွေနဲ့​ချီ ကြာ​နေပြီဆို​တော့​ (လက်နက် မယှဉ်နိုင်​ပေမဲ့​) ​ရေ​မြေကျွမ်း​ကျင်မှု​ကြောင့်​ တပန်း​သာတယ်။ မဟာဗန္ဒုလက အင်္ဂလိပ်ကို တိုက်ရာမှာ စစ်မျက်နှာနှစ်ခု ဖွင့်​ပြီး​တော့​ တိုက်ဖို့​ ဆုံး​ဖြတ်တယ်။ ရခိုင်မှ တဆင့်​ ဘင်္ဂလား​ရဲ့​ အ​ရှေ့​တောင်ပိုင်း​ဖြစ်တဲ့​ စစ်တ​ကောင်း​ကို သိမ်း​မဲ့​ ထိုး​စစ်ရယ်၊​ ကချာ၊​ ဂျိန်း​တိယနယ်​တွေမှ တဆင့်​ ဘင်္ဂလား​ရဲ့​ ​မြောက်ပိုင်း​ဖြစ်တဲ့​ Sylhet ကို သိမ်း​မဲ့​ ထိုး​စစ်ရယ် ဖြစ်တယ်။ မဟာဗန္ဒုလက ရခိုင်စစ်မျက်နှာကို သူကိုယ်တိုင် ဦး​စီး​ပြီး​တော့​ ကချာ၊​ ဂျိန်း​တိယ စစ်မျက်နှာကို​တော့​ သတိုး​သီရိ မဟာဥဇန (နာမည်အမှတ်မှား​နိုင်တယ်) ကို ဦး​စီး​စေတယ်။ သတိုး​သီရိ မဟာဥဇနရဲ့​ တပ်က စစ်တရား​ဝင် မဖြစ်ခင်ကတည်း​က ကချာ၊​ ဂျိန်း​တိယနယ်မှာ အင်္ဂလိပ်တပ်ကို နိုင်ပြီး​ ဖြစ်တယ်။ အဲ့​တော့​ သူ့​ကို Sylhet ထိ ဆက်သိမ်း​စေတယ်။

မဟာဗန္ဒုလဦး​စီး​တဲ့​ ရခိုင်စစ်မျက်နှာမှာ မြဝတီမင်း​ကြီး​ ဦး​စက စစ်တရား​ဝင်စဖြစ်ပြီး​ လပိုင်း​အတွင်း​မှာပဲ သူ့​တပ်ကို ​ကော့​ဘဇား​ (Cox's Bazzar) အ​ရှေ့​ဘက် (၁၀) မိုင်အကွာအထိ သိမ်း​နိုင်တယ်။ ​နောက်ပိုင်း​ မဟာဗန္ဒုလ တပ်ကို​စောင့်​ပြီး​ တပ်နှစ်တပ်​ပေါင်း​ကာ ​ကော့​ဘဇား​ကို ဆက်သိမ်း​တယ်။ စစ်တ​ကောင်း​ (Chittagong) နဲ့​ ကုမ္မဏီ ဌာနချုပ် ရှိတဲ့​ ကာလကတ္တား​ (Calcutta) မှာ အင်္ဂလိပ်​တွေက ​ကော့​ဘဇား​ကျ သွား​တဲ့​ သတင်း​ကြောင့်​ ​တော်​တော် ထိန်လန့်​ တုန်လှုပ်ကုန်ကြတယ်။ တကယ်လည်း​ အဲ့​အချိန်မှာ ဗန္ဒုလ တပ်က ဆက်ချီတက်မယ်ဆိုရင် စစ်တ​ကောင်း​တင်မက ကာလကတ္တား​ကိုပါ သိမ်း​နိုင်တဲ့​ စစ်​ရေး​ အသာရမှုမျိုး​ မြန်မာဘက်မှာ ရှိတယ်။ ဒါ​ပေမဲ့​ ဗန္ဒုလက ရန်သူ့​နယ်ထဲ တအား​ဝင်သွား​မှာကို မလိုလား​တော့​ မြဝတီမင်း​ကြီး​ တပ်ကို စစ်တ​ကောင်း​ထိ ဆက်မချီ​တော့​ဖို့​ အမိန့်​ပေး​လိုက်တယ်။

စစ်ပွဲ အလယ်နှင့်​ အဆုံး​သတ်

ဗန္ဒုလရဲ့​ စစ်တ​ကောင်း​ထိ တက်မသိမ်း​ဖို့​ ဆုံး​ဖြတ်ချက်ဟာ တစ်ဘက်က အင်္ဂလိပ်တပ် ပြည်မကို ဝင်​တော့​ ကိုယ့်​တပ်ကို အမြန် ပြန်ဆုတ်နိုင်ခဲ့​တဲ့​ အကျိုး​ရလဒ်ရခဲ့​ပေမဲ့​ အခြား​တစ်ဘက်အ​နေနဲ့​ ​နောက်ဆုံး​ စစ်ရှံုး​လို့​ အင်္ဂလိပ်နဲ့​ စစ်​ပြေငြိမ်း​ရေး​ စာချုပ် ချုပ်ဖို့​ ​ဆွေး​နွေး​တော့​ အရင်က စစ်တ​ကောင်း​ကိုပါ သိမ်း​ပြီး​ ကာလကတ္တား​ကိုပါ ထိထိ​ရောက်​ရောက် တကယ် ခြိမ်း​ခြောက်နိုင်ခဲ့​ရင် စာချုပ်အရ (စစ်ရှံုး​လို့​) အင်္ဂလိပ်ကို ​ပေး​ရမဲ့​ ​ဒေသ စကား​ပြောရာမှာ မြန်မာဘက်က အသာစီး​ရနိုင်မယ်လို့​လည်း​ တချို့​ သမိုင်း​ပညာရှင်​တွေက သုံး​သပ်ခဲ့​ကြတယ်။

စစ်ပွဲအစ ရခိုင် စစ်မျက်နှာမှာ အင်္ဂလိပ်က မြန်မာကို (လက်နက်သာ​ပေမဲ့​လည်း​) ​ဒေသ မကျွမ်း​ကျင်မှု၊​ ရာသီဥတု အခက်အခဲ စတဲ့​ သဘာဝအတား​အဆီး​တွေ​ကြောင့်​ ဘယ်လိုမှ မယှဉ်နိုင်ခဲ့​တော့​ အင်္ဂလိပ်က ဗျူဟာ​ပြောင်း​ပြီး​ ​ရေလမ်း​မှတဆင့်​ မြန်မာ ပြည်မကို ဝင်ခဲ့​တယ်။ မြန်မာမှာ ​ခေတ်မှီတဲ့​ စစ်​ရေး​အမြင် မရှိ​တော့​ အင်္ဂလိပ်​တွေ ​ရေလမ်း​က​နေ ဝင်လာနိုင်တယ်ဆိုတာကို ကြိုမတွက်မိခဲ့​ဘူး​။ ​နောက်ဆုံး​ အင်္ဂလိပ်​ရေတပ်က စစ်သ​င်္ဘော​တွေ ရန်ကုန်ဆိပ်ကမ်း​ကို ဝင်လာ​တော့​မှ အံ့​ဩတကြီး​နဲ့​ ပြန်ခုခံခဲ့​ရတယ်။ ဘကြီး​တော်က ဗန္ဒုလကို ရခိုင်စစ်မျက်နှာက ပြန်​ခေါ်ပြီး​ ရန်ကုန်ကို ခုခံ​စေတယ်။ ရခိုင်မှာ ဦး​စ ကျန်ခဲ့​ပြီး​ ရခိုင်စစ်မျက်နှာကို ထိန်း​ထား​တယ်။

ရန်ကုန်တိုက်ပွဲ ၁၈၂၄ ​မေမှာ စဖြစ်ပြီး​ နှစ်ကုန်မှာ မြန်မာ ရှံုး​လို့​ ရန်ကုန်က​နေ ဆုတ်​ပေး​လိုက်ရတယ်။ ၁၈၂၅ နှစ်ဆန်း​မှာပဲ နာမည်​ကျော် ဓနုဖြူ တိုက်ပွဲဖြစ်တယ်။ မြန်မာဘက်က ဦး​စီး​တိုက်တဲ့​ ဗန္ဒုလကျတယ်။ ဗန္ဒုလက သတ္တိ​ပြောင်​မြောက်တဲ့​ စစ်ဗိုလ်ချုပ်ဖြစ်​တော့​ စစ်ပွဲရဲ့​ အရှိန်အမြင့်​ဆုံး​ဖြစ်​နေတဲ့​ အချိန်မှာ သူ့​ရဲ​ဘော်​တွေ အား​မငယ်​အောင် သူကိုယ်တိုင် စစ်​မြေပြင်တ​လျောက် လမ်း​လျှေက်ပြီး​ အား​ပေး​တယ်။ ဒါ​ပေမဲ့​ ထုံး​တမ်း​စဉ်လာ အ​ဆောင်အ​ယောင်ဖြစ်တဲ့​ သွား​လေရာ ​ရွှေထီး​မိုး​တာကို စစ်​မြေပြင်မှာပါ ဆက်ကျင့်​သုံး​တော့​ အင်္ဂလိပ်ဘက်က အလွက်တကူပဲ ဗန္ဒုလရှိတဲ့​နေရာကို ခန့်​မှန်း​နိုင်ပြီး​ စက်အ​မြှောက်နဲ့​ ပစ်​တော့​ ကျခဲ့​ရရှာတယ်။

အင်္ဂလိပ်က ရန်ကုန်ကို ရပြီး​တဲ့​နောက် ရခိုင်စစ်မျက်နှာကို ပြန်ဖွင့်​တယ်။ ဓနုဖြူမှာ ဗန္ဒုလကျတဲ့​ ရက်တစ်ရက်တည်း​မှာပဲ ရခိုင်မြို့​တော် ​မြောက်ဦး​က​နေ မြဝတီမင်း​ကြီး​ ဦး​စ ဦး​စီး​တဲ့​ မြန်မာတပ် ဆုတ်​ပေး​လိုက်ရတယ်။ ပြည်မမှာ ဓနုဖြူတိုက်ပွဲပြီး​တဲ့​နောက် မြန်မာဘက်က ပြည်မှာ အပြင်း​အထန် (၁၈၂၅ နှစ်ကုန်ပိုင်း​) ခုခံခဲ့​တယ်။ ပြည်က ဆုတ်​ပေး​လိုက်ရပြီး​တဲ့​နောက်​တော့​ ၁၈၂၆ နှစ်စမှာ ဘကြီး​တော်က အင်္ဂလိပ်တပ် ​နေပြည်​တော် အနီး​ကို ​ရောက်လာပြီ ဖြစ်တဲ့​ အတွက် စစ်​ပြေငြိမ်း​ဖို့​ သ​ဘောတူလိုက်ရတယ်။ ၁၈၂၆ ​ဖေ​ဖော်ဝါရီ ၂၄ အင်း​ဝ​နေပြည်​တော်နဲ့​ (၄၅)မိုင်အကွာ ရန္တပိုမှာ ရခိုင်၊​ တနင်္သာရီ၊​ အာသံနှင့်​ မဏိပူရ အင်္ဂလိပ်ကို ​ပေး​မယ်၊​ ကချာနဲ့​ဂျိန်း​တိယကိုလည်း​ ​နောင်မှာ မ​နှောင့်​ယှက်​တော့​ဘူး​၊​ စစ်​လျော်​ကြေး​ငွေ စတာလင်​ပေါင် တစ်သန်း​လည်း​ပေး​မယ်၊​ သံအဖွဲ့​ အပြန်အလှန် ထား​ရှိမယ်၊​ အင်္ဂလိပ်နဲ့​ စီး​ပွား​ရေး​စာချုပ်​တွေလည်း​ ချုပ်မယ် စတဲ့​ သ​ဘောတူညီချက်​တွေ ပါရှိတဲ့​ ရန္တပိုစာချုပ်နဲ့​ အင်္ဂလိပ် မြန်မာ ပထမစစ် အဆုံး​သတ်ခဲ့​တယ်။

နိဂုံး​

အင်္ဂလိပ် မြန်မာ ပထမစစ် သမိုင်း​နောက်ခံကို အတိုချုပ် တင်ပြပြီး​သွား​တော့​ ကျ​နော် အဓိက ​ပြောချင်တဲ့​ စိန့်​မာတင်ကျွန်း​ကို မြန်မာနိုင်ငံက ခုမှ ​ပေး​ရတာ မဟုတ်ဘူး​ဆိုတဲ့​ အ​ကြောင်း​ကို နိဂုံး​ချုပ်အ​နေနဲ့​ ဆက်လက် ​ဆွေး​နွေး​ပါမယ်။

ကျ​နော် ပထမဦး​ဆုံး​ တင်ပြတဲ့​ စိန့်​မာတင် နဲ့​ ရှင်မဖြူက သပ်သပ်တစ်ကျွန်း​စီ ဆိုတဲ့​ အယူအဆ အရဆို စိန့်​မာတင်ဟာ အစကတည်း​က မြန်မာ မပိုင်ခဲ့​ဘူး​၊​ တ​လျှောက်လုံး​လည်း​ မြန်မာ ပိုင်မလာခဲ့​ဘူး​၊​ ခုလည်း​ မပိုင်ဘူး​ဆိုတာ ထင်ရှား​စေတယ်။ ရခိုင်ဘုရင်လက်ထက်က ပိုင်ခဲ့​တာဆိုတာကို ကျ​နော့်​အ​နေနဲ့​ မငြင်း​ပါ။ ပ​ဒေသရာဇ်​ခေတ် တစ်​လျှောက်လုံး​ နိုင်ငံ တစ်နိုင်ငံနဲ့​ တစ်နိုင်ငံ အင်အား​ကြီး​တဲ့​ အချိန်​တွေ မှာ အပြန်အလှန် သိမ်း​ပိုက်ခဲ့​ဖူး​၊​ ဩဇာခံခိုင်း​ခဲ့​ဖူး​ကြတာ အစဉ်အလာပါ။

မိတ်​ဆွေ​တွေ ခု​ပြော​နေတဲ့​ စိန့်​မာတင် နဲ့​ ရှင်မဖြူ အတူတူပဲ ဆိုတာ မှန်တယ် ဆိုရင်လည်း​ အဲ့​ဒီ ရှင်မဖြူဟာ အစက မြန်မာပိုင်ခဲ့​တာ မဟုတ်ဘူး​၊​ ကုန်း​ဘောင်မင်း​ဆက် အင်ပါယာ ချဲ့​ထွင်ရင်း​နဲ့​ သိမ်း​ခဲ့​တဲ့​ ​နေရာများ​မှ တစ်ခု​သော​နေရာသာ ဖြစ်တယ်။ အဲ့​သလို ပ​ဒေသရာဇ်လက်နက်နိုင်ငံ​တော် ဘဝက သိမ်း​ပိုက်ခဲ့​တဲ့​ ​နေရာ​တွေတိုင်း​သာ ခုမပိုင်​တော့​လို့​ အငြင်း​ပွား​ ကန့်​ကွက်​နေရမယ်ဆိုရင် ​ကော့​ဘဇာ၊​ အာသံ၊​ မဏိပူ၊​ ဇင်း​မယ်၊​ အယုဒယ စတဲ့​ အဆက်ဆက် နယ်ချဲ့​ သိမ်း​ပိုက်ခဲ့​ဖူး​တဲ့​ ​နေရာ​တွေ အား​လုံး​ အတွက်ပါ ကန့်​ကွက်ရမလို၊​ မပိုင်​တော့​လို ​ဒေါသ ဖြစ်ရ​တော့​မလို ဖြစ်​နေတယ်။ တရုတ်က ပုဂံကို သူတို့​ လက်လွှတ်လိုက်ရပါတယ် ​ပြောရင် အဓိပ္ပာယ်မဲ့​သလို ခု စိန့်​မာတင်ကျွန်း​ကို ဘင်္ဂလား​ကို ​ပေး​လိုက်ရ​လေခြင်း​လို့​ ကြိတ်မနိုင်၊​ ခဲမရဖြစ်​နေရတာ အဓိပ္ပာယ်ရှိရဲ့​လား​ ဆိုတာ ​ဝေဖန်၊​ သုံး​သပ်၊​ စဉ်း​စား​ ​စေချင်တယ်။

တိုင်း​ပြည်ကို မှန်မှန်ကန်ကန် ချစ်တတ်ကြပါ​စေ။

ငြိမ်း​ချမ်း​အေး​
၁၇၊​ မတ်၊​ ၂၀၁၂
Read More...

Wrong Turn


Wrong Turn ကို Alan B.Mc Elroy က ​ရေး​သား​ပြီး​ ဒါရိုက်တာ Rob Schmidt က ပုံ​ဖော်ရိုက်ကူး​ခဲ့​ပြီး​ ၂၀၀၃ ခုနှစ်မှာ စတင်ဖြန့်​ချီခဲ့​ပါတယ်။ Hamilton ၊​ Ontario ၊​ Canada ၊​ Desmond Harrington နှင့်​ Eliza Dushku တို့​ ပါဝင်သရုပ်​ဆောင်ထား​ပါတယ်။

ဇာတ်လမ်း​အစ

​ကောလိပ်​ကျောင်း​သား​နှစ်​ယောက်ဖြစ်တဲ့​ Halley Smith နဲ့​ Rich Stoker တို့​ဟာ အ​နောက် ဗာဂျီး​နီး​ယား​ ​တောင်တန်း​ပေါ်ကို တက်ခဲ့​ကြတယ်။ Halley Smith က ဦး​ဆုံး​ရောက်ခဲ့​ပြီး​ Rich Stoker ကို အ​ပေါ်က​နေ ဆွဲတင်​ပေး​တယ်။ အဲ့​အချိန်မှာပဲ Rich Stoker အ​ပေါ်​မော့​ကြည့်​ချိန် တစ်စုံတစ်ဦး​က Halley Smith ကို ဆွဲ​ခေါ်သွား​တာကို မြင်လိုက်ရတယ်။ ဘာမှန်း​မသိ​ပေမယ့်​ Halley Smith ​သွေး​ထွက်သံယိုနဲ့​ ဖြစ်​နေတာကို ​တွေ့​လိုက်ရတယ်။ အဲ့​နောက်မှာ​တော့​ ​တောင်​ပေါ်တက် ကြိုး​ကို အ​ပေါ်က​နေ တစ်စုံတစ်​ယောက်က ထပ်ပြီး​ ဆွဲတင်တာကို ခံလိုက်ရတယ်။ သူလည်း​ ​ကြောက်အား​လန့်​အား​နဲ့​ ​တောင့်​ခံ​ပေမယ့်​ မရဘူး​။ ​နောက်ဆုံး​ ကြိုး​ကိုဖြတ်ပြီး​ ​မြေပြင်​ပေါ် ခုန်ချခဲ့​တယ်။ ကား​ဆီကို​ပြေး​ပေမယ့်​ ​နောက်က တစ်စုံတစ်​ယောက်ရဲ့​ ဆွဲခြင်း​ကို ခံလိုက်ရတယ်။

​ဆေး​ကျောင်း​သား​တစ်​ယောက်ဖြစ်တဲ့​ Chris Flynn(Desmond Harrington) ဟာ အင်တာဗျူး​တစ်ခုအတွက် အ​နောက်ဗာဂျီး​နီး​ယား​ ​တောင်တန်း​ကို ဖြတ်သန်း​လာခဲ့​တယ်။ ဒါ​ပေမယ့်​ ဓါတု​ဗေဒပစ္စည်း​များ​ လမ်း​ပေါ်မှာ ဖိတ်စင်ကျ​ရောက်​နေတဲ့​ အတွက် လမ်း​တွေ ပိတ်​နေခဲ့​တယ်။ ဒါ​ကြောင့်​ သူဟာ အခြား​လမ်း​တွေက​နေ သွား​ဖို့​ ကြိုး​စား​ခဲ့​တယ်။ Gas Station တစ်ခုကို​တွေ့​လို့​ ဝင်​တော့​ အဘိုး​အိုတစ်ဦး​နဲ့​ ​တွေ့​တယ်။ Gas Station က ​မြေပုံကို သူကြည့်​တယ်။ ဆက်ထွက်ခဲ့​တယ်။ သွား​ရင်း​ သမင်​သေလိုအ​ကောင်တစ်​ကောင်​တွေ့​လို့​ ြကြည့်​ရာက ခရီး​ရှည် ထွက်လာတဲ့​ Jessie Burlingame (Eliza Dushku) ၊​ Carly (Emmanuelle Chriqui) ၊​ Scott (Jeremy Sisto) ၊​ Evan (Kevin Zegers) ၊​ Francine (Lindy Booth) တို့​ရဲ့​ ကား​ကို ဝင်တိုက်မိရာက ကား​နှစ်စီး​လုံး​ ​ရှေ့​ဆက် မသွား​နိုင်ကြ​တော့​ဘူး​။ ဒီ​တော့​ သူတို့​ လမ်း​လျှောက်ပြီး​ ဖုန်း​တစ်ခုခုရှိမယ့်​ ​နေရာတစ်​နေရာရာ ​တွေ့​လို ​တွေ့​ငြား​ လမ်း​လျှောက် ထွက်လာရာမှာ​တော့​...........................တကယ့်​ကြောက်မက်ဖွယ် အဖြစ်ပျက်​တွေ ကြံု​တွေ့​ခဲ့​ကြရပါ​တော့​တယ်။

Download ရယူရန် 

Passwrod - taringa.net/perfil/BL0OD

လင်း​ဦး​(စိတ်ပညာ)












လင်း​ဦး​(စိတ်ပညာ)
Read More...

The girl from Rangoon

Song dedicated to Aung San Suu Kyi.
By Douglas Gattini, Chilean Folk Singer.




We consider you an angel, girl from Rangoon
your great fortitude has power that can light up the moon
for the good people of Burma you are a great hope for their lives
peace can respect human rights.

Mahatma Gandhi and non violence’re fixed in your mind
there’s the equality of Mandela and democracy
your speech in the Pagoda was like Martin Luther King’s
words of Aung San Suu Kyi.

Sing, we sing with you, we dance with you, with freedom and without fear
Ring, let’s form a ring, let’s all join hands around the world.

The big struggle for a life lived with dignity
with your needed social economic policy,
aspirations of a girl like her father, just the same:
truth, justice and gentleness.

Like the coolness and the shade: peace, security
a good cause without justice brings no lasting peace
as you say it’s not power that corrupts, but it’s fear
words of Aung San Suu Kyi.




လင်း​ဦး​(စိတ်ပညာ)

Read More...

နား​ခံ​တော်နှင့်​ နတ်ရှင်​နောင်

အင်္ဂလိပ်လက်ထက် ကိုလိုနီ​ခေတ်က ပညာအလင်း​မဂ္ဂဇင်း​တွင် လယ်တီပဏ္ဍိတ ဆရာဦး​မောင်ကြီး​သည် နတ်ရှင်​နောင်အမည်ဖြင့်​ ရာဇဝင်ဝတ္ထုကြီး​တစ်ပုဒ် ​ရေး​သား​ခဲ့​၏ မဂ္ဂဇင်း​တွင် ထည့်​သွင်း​ပြီး​နောက် စာအုပ် အဖြစ်ဖြင့်​ ထုတ်​ဝေလိုက်၏။

    ကျွန်ုပ်မှာ လယ်တီပဏ္ဍိတနှင့်​ တစ်သက်လုံး​တွင် သုံး​ကြိမ်မျှသာ စကား​ပြောဖူး​သော်လည်း​ ဆရာသမား​နှင့်​ ပတ်သက်၍ သံ​ယောဇဉ်ငြိကာ ရင်း​နှီး​ခြင်း​ရှိပါသည်။ အ​ကြောင်း​မူကား​ ကျွန်ုပ်၏ ​ကျေး​ဇူး​ရှင် ​နောင်​တော်ရင်း​ ဆရာရင်း​ဖြစ်​သော ရန်ကုန်မြို့​ ဘုရား​ဖြူတိုက် “ကဝိန္ဒာဘိဝံသ ပရိယတ္တိ သာသနာ့​ဟိတ ဓမ္မာစရိယ” ပ-သ-အ(က) သီး​ခြား​စာချ၊​ မန္တ​လေး​ သကျသီဟဓမ္မာစရိယဘွဲ့​နှင့်​ “ဒုတိယ သစ္စဝါဒီ ဋီကာ-ကာရ” ​ရွှေတံဆိပ်ဆုရ၊​ ရန်ကုန်မြို့​လုံး​ဆိုင်ရာ ဓမ္မာစရိယ စာချအဖွဲ့​ကြီး​၏ ဥက္ကဌ ဆရာ​တော် ဦး​ကဝိန္ဒမှာ လယ်တီပဏ္ဍိတ ဦး​မောင်ကြီး​ ကိုး​ကွယ်​သော ဆရာ​တော်တစ်ပါး​ ဖြစ်​သော​ကြောင့်​တည်း​။ လယ်တီပဏ္ဍိတ၏ ဆရာ လယ်တီဆရာ​တော်မှာ မန္တ​လေး​ သုဒဿန ဒုတိယ စံ​ကျောင်း​၏ တပည့်​ဖြစ်၏။ ဦး​ကဝိန္ဒ၏ ငယ်ဆရာ ဝါစ္စဝါစကဋီကာသစ်နှင့်​ ဝံသ​မေဒပကာသနီကျမ်း​ပြု ဒုတိယဘုရား​ဖြူဆရာ​တော် အရှင်နန္ဒိယမှာလည်း​ မန္တ​လေး​ သုဒဿနာ ဒုတိယစံ​ကျောင်း​၏ တပည့်​ပင် ဖြစ်၍ အနွယ်ချင်း​ တူရကား​ ဦး​မောင်ကြီး​က အထူး​လေး​မြတ် ကြည်ညိုခဲ့​ပေသည်။ (ထိုဆရာ​တော် ဦး​ကဝိန္ဒမှာ ၁၂၉၅ ခုနှစ်က ပျံလွန်​တော်မူခဲ့​ရှာ​လေပြီ။)

    ကျွန်ုပ်မှာ လယ်တီပဏ္ဍိတထံ၌ တစ်မိနစ်ခန့်​မျှ နည်း​ခံ၍ မသင်ကြား​ခဲ့​ဖူး​သော်လည်း​ သူ၏ စာ​ပေ၊​ ကျမ်း​စာ၊​ ဝတ္ထုများ​ကိုမူ အထူး​နှစ်ခြိုက်၍ စာပိုဒ်များ​ကို အာဂုံပင် ​ဆောင်ထား​ခဲ့​ဖူး​ရာ နတ်ရှင်​နောင် ဝတ္ထုမှာမူ ကျွန်ုပ်၏ အသည်း​စွဲဖြစ်ပါသည်။ ထိုအခါက နတ်ရှင်​နောင် ဝတ္ထုကို စွဲလမ်း​မူး​ရူး​သူတို့​တွင် ကျွန်ုပ်မှာ ထိပ်တန်း​က ပါဝင်ခဲ့​ပါသည်။ ကျွန်ုပ်ကိုယ်တိုင် ရာဇဝင်ဝတ္ထု​ရေး​ဆရာ ဖြစ်လာခဲ့​သည်မှာ နတ်ရှင်​နောင်ဝတ္ထုကို အ​ခြေပြု၍ နည်း​ဥပ​ဒေသ ယူငင်​ရေး​သား​ခြင်း​ကြောင့်​ ဖြစ်လာရသည်ဆိုလျှင် လွဲမည် မဟုတ်ပါ။ သို့​ဖြစ်၍ နတ်ရှင်​နောင်ဝတ္ထု သို့​မဟုတ် လယ်တီပဏ္ဍိတကို ကျွန်ုပ်၏ ​ကျေး​ဇူး​ရှင်ဆရာ တစ်ဦး​ဟုပင် မှတ်ယူပါသည်။

    ကျွန်ုပ်၏ “နား​ခံ​တော်”ဝတ္ထု သူရိယရုပ်စုံသတင်း​စာ၌ ပါပြီး​နောက် ဂိမှာနဥတု ဖဂ္ဂုနမာသ တ​ပေါင်း​လအတွင်း​ တစ်​နေ့​သ၌ ရန်ကုန်မြို့​ အ​ရှေ့​ပိုင်း​ ၅၃ လမ်း​ရှိ တိုက်ခန်း​တွင် ဆရာဦး​မောင်ကြီး​နှင့်​ ​တွေ့​ရာ “သူရိယရုပ်စုံသတင်း​စာမှ ပူတ​ကေနှင့်​ နား​ခံ​တော်ဝတ္ထု​ရေး​သူ မည်သူဖြစ်​ကြောင်း​ သိလို​ကြောင်း​” နှင့်​ ​မေး​မြန်း​၏။ (ကျွန်ုပ်နှင့်​ သူရိယတိုက် အဆက် ဖြစ်​နေသည်ကို ဦး​မောင်ကြီး​က သိထား​ရင်း​စွဲဖြစ်၍ ​မေး​မြန်း​ခြင်း​ဖြစ်၏)

“ ဘာလုပ်မလို့​လဲ ဆရာ”

    “ သိချင်လို့​ပေါ့​ ကိုယ်​တော်”

    (ထိုအခါ ကျွန်ုပ်သည် ရဟန်း​ဘဝနှင့်​ဖြစ်၏ နား​ခံ​တော်ဝတ္ထုမှာ မန္တ​လေး​ သကျသီဟ စာချတန်း​ ဝင်​နေစဉ်က ​ရေး​ခဲ့​သော ဝတ္ထုဖြစ်ရာ ကျွန်ုပ်၏ ပထမဆုံး​ရေး​သော ဝတ္ထုလည်း​ဖြစ်၏။)

    “သိချင်ရင် ကျုပ်ပဲ”

    “ဟာ …. မဟုတ်တာ၊​ ကိုယ်​တော် ဝတ္ထု​ရေး​တတ်သလား​၊​ စကျာသီဟသမား​ (သကျသီဟ စာ​မေး​ပွဲ ဆိုလို၏။) တစ်ဦး​က သည်ဝတ္ထုမျိုး​ ​ရေး​တယ်ဆိုတာ မဖြစ်နိုင်ပါဘူး​”
ထို့​နောက် ကျွန်ုပ်က ယုံကြည်​လောက်​အောင် ​ပြောဆိုမှ အံ့​အား​သင့်​စွာ အတန်ကြာ ​ငေး​နေပြီး​ -

“ကိုယ်​တော်က တပည့်​တော်ကို သတ်လိုက်တာ​ပေါ့​” ဟု လွှတ်ခနဲ့​ ​ပြောလိုက်ပါသည်။

“ ဘယ်လိုလဲ ဆရာ”

“ဟာ… တပည့်​တော်က နတ်ရှင်​နောင်ကို အမွှန်း​တင် ​ရေး​ထား​တာ၊​ ကိုယ်​တော်က နတ်ရှင်​နောင် စစ်ရှံုး​တာ​တွေ၊​ လိမ်လည်​ကောက်ကျစ်တာ​တွေ၊​ ခရစ်ယာန်ထဲ ဝင်တာ​တွေ ​ရေး​ထား​တော့​ နတ်ရှင်​နောင်ကို အထင်​သေး​ကုန်တာ​ပေါ့​”

“ ဦး​ပဥ္ဇင်း​က​တော့​ မှန်တာပဲ ​ရေး​တာပဲ၊​ ​ပေါ်တူဂီ ရာဇဝင်မှာလည်း​ သည်အတိုင်း​ပါတယ်၊​ မှတ်တမ်း​တွေလည်း​ ရှိတယ်၊​ မှန်နန်း​မှာလည်း​ အရိပ်အမြွက် အပါသား​ပဲ ဆရာ”
“ဒါက​တော့​ ဟုတ်တာ​ပေါ့​၊​ သို့​ပေမယ့်​ မှန်တိုင်း​ရေး​ရင် ဘယ်​ကောင်း​မလဲ၊​ ကိုယ့်​အမျိုး​သား​ ဘုရင်ကို နိုင်ငံခြား​သား​တွေ အထင်​သေး​ကုန်မှာ​ပေါ့​”

“ ​နေပါဦး​ဆရာ၊​ နတ်ရှင်​နောင်ဝတ္ထုကို ဦး​ပဥ္ဇင်း​လည်း​ သိပ်စွဲတာပဲ၊​ သို့​ပေမယ့်​ ရာဇဝင်နှင့်​ တိုက်ကြည့်​တော့​ မကိုက်တဲ့​အချက်​တွေ ပါ​နေတယ်၊​ ဥပမာ…. အိမ်​ရှေ့​မင်း​ ထိုင်း​စစ်ပွဲမှာ ဆုံး​ရတာ နတ်ရှင်​နောင်ရဲ့​ လုပ်ကြံချက် ပ​ယောဂ​ကြောင့်​ ဆုံး​သလို ဆရာက ​ရေး​ထား​တယ်၊​ ရာဇဝင် အ​စောင်​စောင်မှာ အရိပ်အမြွက်​တောင် ရှာမ​တွေ့​ဘူး​၊​ ဆရာ့​မှာ မှတ်တမ်း​များ​ ရထား​သလား​”
“ ဝတ္ထု​ရေး​တာ ဘယ်က မှတ်တမ်း​ရ​နေမှာလဲ ကိုယ်​တော်ရဲ့​၊​ ဖတ်​ကောင်း​အောင် ​ရေး​ရတာ​ပေါ့​”

“ဆရာဝတ္ထု​ရေး​တာ အခန်း​ထဲက စား​ပွဲမှာထိုင်ပြီး​ စိတ်ကူး​ဉာဏ်နဲ့​ချည်း​ ​ရေး​နေတယ်ထင်တယ်”

“ စား​ပွဲမှာ ထိုင်ပြီး​ စိတ်ကူး​ဉာဏ်နဲ့​ မ​ရေး​လို့​ ဘယ်လို​ရေး​ရမလဲ ကိုယ်​တော်”

“မှတ်စု မှတ်တမ်း​တွေ ရ​အောင်ရှာ၊​ ဇာတ်လမ်း​နဲ့​ ပတ်သက်တဲ့​ ဌာန​တွေ ကိုယ်တိုင်သွား​ကြည့်​၊​ စပ်ဆိုင်ရာ သိမီလိုက်သူ​တွေဆီ သွား​ရောက်စုံစမ်း​ပြီး​ ​ရေး​ဖို့​ကောင်း​တာလို့​ ​ပြောတာပါ”

“ ဟဲဟဲ… ​နေပူလိုက်တာ ကိုယ်​တော်၊​ သည်​လောက်ဒုက္ခမခံနိုင်ပါဘူး​၊​ ဝတ္ထု​ရေး​တာပဲ၊​ ရာဇဝင်​ရေး​တာမှ မဟုတ်ဘဲ၊​ တပည့်​တော်​တော့​ ရာဇဝင်ကြည့်​ပြီး​ စိတ်ကူး​ဉာဏ်နဲ့​ပဲ ​ရေး​နေတာဘဲ၊​ ကိုယ်​တော်လို သန်လျင်တို့​…. အင်း​ဝတို့​…. ဟိုသွား​ သည်သွား​ သွား​ပြီး​တော့​ဖြင့်​ မ​ရေး​နိုင်ဘူး​”

“ ဟုတ်တယ်၊​ ဦး​ပဥ္ဇင်း​တော့​ ကိုယ်တိုင်သွား​ကြည့်​ပြီး​မှ ​ရေး​လို့​ အား​ရတယ်၊​ နား​ခံ​တော်တုန်း​က ဆိုရင် အင်မတန် ပင်ပန်း​တာဘဲ၊​ လွှတ်​တော်မှတ်တမ်း​တွေဆိုလည်း​ ပုဂံဦး​တင်ဆီက မရအရ ဆွဲယူရတယ်”

“ကိုယ်​တော် ​တော်​တော်အပင်ပန်း​ ခံနိုင်ပါတယ်၊​ ကိုယ်​တော့်​ဝတ္ထုကြည့်​တာနဲ့​ပဲ လုံ့​လ ဝီရိယ ဘယ်​လောက်ရှိတယ်ဆိုတာ သိနိုင်တယ်”
ဤကား​ ကျွန်ုပ် ရာဇဝင် ဝတ္ထု​ရေး​ဆရာဖြစ်ခဲ့​ရပုံနှင့်​ “နား​ခံ​တော်” ဝတ္ထုအတွက် ကျွန်ုပ်၏ ဆရာတစ်ဆူ မှတ်ယူခြင်း​ခံရ​သော လယ်တီပဏ္ဍိတ ဦး​မောင်ကြီး​၏ မှတ်ချက်ချခြင်း​ ခံရပုံဖြစ်​ပေသည်။

စိုး​မြင့်​ (​ရွှေစကြာ)
                                ခွဲထား​ကျော်၊​ ဂဏ္ဍိကျမ်း​ဆရာ
Read More...

နား​ခံ​တော် မူလနိဒါန်း​


ကျွန်ုပ်သည် ၁၂၉၂ ခုနှစ်မှစ၍ မြန်မာဘုရင်မင်း​မြတ်လက်ထက် “​နော်ရထာ​ကျော်ထင်”ဘွဲ့​ရ လွှတ်​တော်စာ​ရေး​တော်ကြီး​ ရာထူး​၊​ အင်္ဂလိပ်အစိုး​ရလက်ထက် ကျက်သ​ရေ​ဆောင် ​ရွှေစလွယ်နှင့်​ အမှုထမ်း​ကောင်း​တံဆိပ်ရ ရန်ကုန်တက္ကသိုလ်​ကျောင်း​တော်ကြီး​မှ “မဟာဝိဇ္ဇာ”ဘွဲ့​ထူး​အပ်နှင်း​ခြင်း​ခံရသူ ပုဂံဝန်​ထောက်မင်း​ ဦး​တင်အား​ ကြိုကြား​ကြိုကြား​ ပါဠိဘာသာပြန်ဆရာတစ်ဦး​ဖြစ်ရာ အား​လပ်​သော အခါများ​၌ ကျွန်ုပ်ကိုယ်တိုင်ကလည်း​ ဦး​တင်၏ထံတွင် မြန်မာ​ရေး​ထုံး​၊​ ထီး​သုံး​၊​ နန်း​သုံး​၊​ လွှတ်​တော် အမှတ်အသား​မှ စ၍ ပျို့​၊​ ကဗျာ၊​ လင်္ကာများ​ကို သင်ကြား​ဆည်း​ပူး​ခဲ့​သဖြင့်​ ဦး​တင်မှာ ကျွန်ုပ်၏ “မြန်မာစာပြဆရာ” ဖြစ်​ပေသည်။

ထိုစဉ်အခါ ဦး​တင်သည် ကျွန်ုပ်အား​ သား​ရင်း​တမျှ ခင်မင်ကြင်နာ သင်ကြား​ပေး​ရုံမက မိမိပိုင် ​ပေစာ၊​ ပုရပိုက်များ​နှင့်​ လွှတ်​တော်အမှတ်အသား​ စ​သော လက်​ရေး​စာ ပုံနှိပ်ကျမ်း​စာ​ပေါင်း​ ၂၀၀ ​ကျော်ကို သ​ဘောရှိ ကူး​ယူခွင့်​ပြုကာ အပ်နှင်း​ထား​သည့်​ပြင် နား​မလည်​သော အချက်တို့​ကိုလည်း​ စိတ်ရှည်စွာ အပင်ပန်း​ခံ၍ ရှင်း​လင်း​ပြသ​သော​ကြောင့်​ ယခုထက်တိုင် ​ကျေး​ဇူး​တင်၍ မဆုံး​နိုင်​အောင် ရှိပါသည်။ ဦး​တင်မှာ ကင်း​ဝန်မင်း​ကြီး​၏ တပည့်​ရင်း​ဖြစ်ရာ ကင်း​ဝန်မင်း​ကြီး​နှင့်​ ​ယောမြို့​စား​ ဗိုလ်မှူး​ ဝန်ကြီး​ ဦး​ပုကြိး​တို့​၏ စု​ဆောင်း​ကောက်နှုတ်ထား​သော ခွဲထား​ကျော်ကျမ်း​ကို လက်ကိုင်ရရှိထား​သဖြင့်​ ၎င်းမူကိုပါ အပ်နှင်း​ပြီး​ ကျွန်ုပ်အား​ ခက်ဆစ် ဂဏ္ဍိ အ​ရေး​ခိုင်း​သော​ကြောင့်​ ၁၂၉၄ ခုနှစ်က ကျွန်ုပ်သည် ဦး​တင်၏ အိမ်၌​နေ၍ ဦး​တင်နှင့်​ တိုင်ပင်ကာ (ခွဲထား​ကျော် ဂဏ္ဍိကျမ်း​ကြီး​)ကို ​ရေး​ခဲ့​ပေသည်။ ထိုကျမ်း​ကို ယခု ပုံမနှိပ်ရ​သေး​ပေ။

တစ်​နေ့​သောအခါ “နား​ခံ” ခွဲထား​နှင့်​ စပ်လျဉ်း​၍ “စစ်ကဲ၊​ နား​ခံ၊​ လွှတ်နား​ခံ၊​ နား​ခံမျိုး​ အမြွက်” ဟူ​သော သတ်ထူး​ကဗျာကို အဓိပ္ပါယ် မရှင်း​လင်း​သဖြင့်​ ​မေး​မြန်း​ရာမှ အင်္ဂလိပ်အစိုး​ရမင်း​တို့​ လက်ထက်က ကွယ်​ပျောက်၍​နေ​သော နား​ခံ​တော် ရာထူး​အ​ကြောင်း​ ​ရောက်သွား​ရာ ဤဝတ္ထု၌ပါ​သော အတိုင်း​ မိမိကိုယ်တိုင်​တွေ့​မြင်ရပုံ ​ပြောပြသဖြင့်​ ​သေချာစွာမှတ်သား​ ​ရေး​ယူထား​လိုက်ပါသည်။

ကျွန်ုပ်မှာ မြန်မာစာ​ပေကို အား​ပေး​လို​သော ဝတ္ထု​ရေး​ဆရာတစ်​ယောက်ဖြစ်သည့်​အတိုင်း​ ထူး​ခြား​သော နား​ခံ​တော် ရာထူး​ကို အ​ကြောင်း​ပြုကာ ဝတ္ထုတစ်ပုဒ်​ရေး​သား​ရလျှင် စာ​ပေ ပရိယတ္တိ လိုက်စား​သူတို့​အတွက် အကျိုး​များ​လိမ့်​မည်ဟု ထင်မှတ်မိသဖြင့်​ သူရိယမဂ္ဂဇင်း​၏ ဦး​စီး​နာယက တည်း​ဖြတ်သူ ဦး​သိမ်း​မောင်နှင့်​ တိုင်ပင်ကြည့်​ရာ ဦး​သိမ်း​မောင်ကိုယ်တိုင်က ထပ်မံတိုက်တွန်း​ ပြန်​သော​ကြောင့်​ ဤ “နား​ခံ​တော်”ဝတ္ထုကို ​ရေး​သား​ပြီး​ သူရိယသတင်း​စာတိုက်သို့​ မူပိုင် ​ရောင်း​ချလိုက်​ပေသည်။

နား​ခံ​တော်ဝတ္ထုမှာ ​ရှေး​အခါ ပူတ​ကေ​ခေါ် ​ပေါ်တူဂီလူမျိုး​များ​နှင့်​ ဇာတ်လမ်း​ခင်ကျင်း​ထား​သဖြင့်​ မူလက (ပူတ​ကေနှင့်​ နား​ခံ​တော်ဝတ္ထု)ဟု အမည်​ပေး​ခဲ့​လေသည်။ သို့​ရာတွင် ယခုအခါ ​ခေါ်​ဝေါ် လွယ်ကူ​စေရန် “ဝါစာသိလိဌသုခစ္စာရဏ” အကျိုး​ငှာ ပူတ​ကေဟူ​သော ပုဒ်ကို ဖြုတ်ပြီး​ “နား​ခံ​တော်” ဝတ္ထုဟု မှည့်​ခေါ်လိုက်​ပေသည်။ (ဤဝတ္ထုကို ၁၂၉၄ ခုနှစ် နယုတ်လဆုတ် ၁ ရက်​နေ့​ထုတ် သူရိယ ရုပ်စုံ သတင်း​စာ တတိယတွဲ၊​ အမှတ် ၃၂ မှစ၍ အပတ်စဉ် လစဉ် ဆုံး​သည့်​တိုင်​အောင် ​ဖော်ပြခဲ့​လေသည်။)
ထို့​နောက် ကျွန်ုပ်တို့​၏ ​ကျေး​ဇူး​ရှင်ဆရာ မန္တ​လေး​မြို့​၊​ မစိုး​ရိမ်တိုက် သဒ္ဒတ္ထရတနာဝလိ မဟာပါဠိ အဘိဓါန်ကျမ်း​ပြု၊​ အဂ္ဂမဟာပဏ္ဍိတ၊​ ပထမ​ကျော် ဆရာ​တော်ဦး​ဉာဏ၏ ​ကျောင်း​နေဖက် သူငယ်ချင်း​ဖြစ်​သော ရန်ကုန်တက္ကသိုလ်​ကျောင်း​တော် အ​ရှေ့​နိုင်ငံ ပညာရပ်များ​ဆိုင်ရာ ပါ​မောက္ခ ဆရာကြီး​ ဦး​ဖေ​မောင်တင်က ဤဝတ္ထုမှာ ဝတ္ထုသာမန်မဟုတ်ဘဲ ဦး​တင်၏ ရာဇဝင်မှတ်စုတို့​ဖြင့်​ ​လေး​နက်စွာ ​ရေး​ထား​ခြင်း​၊​ မြန်မာစာ​ပေကို အား​ပေး​မြှင့်​တင်ခြင်း​၊​ ရာဇဝင်နှင့်​ တိုက်ဆိုင်၍ ​နေ့​ရက် အချိန်ပါ ညီညွတ်​အောင်​ရေး​ထား​ခြင်း​၊​ ဝတ္ထုဇာတ်လမ်း​ခင်း​ကျင်း​ပုံ ဆန်း​ကျယ်ခြင်း​ စ​သော အချက်တို့​နှင့်​ ပြည့်​နှက်​နေသည့်​အပြင် မြန်မာဝတ္ထုအတန်း​အစား​ကိုလည်း​ မြှင့်​တင်၍ထား​သော​ကြောင့်​ စာအုပ်တစ်အုပ် ဖြစ်​မြောက်​စေရန် ဆရာကြီး​ကပင် စီမံ​ပေး​ပါမည့်​အ​ကြောင်း​နှင့်​ ​တောင်း​ပန်​လေရာ ဆရာကြီး​မှာ မြန်မာစာ​ပေကို အား​ပေး​လို​သော မဟာဇ္ဈာသယရှိသည့်​အတိုင်း​ မိမိပါဝင်​သော “မြန်မာနိုင်ငံ ပညာ ပြန့်​ပွား​ရေး​အသင်း​”သို့​ အပ်နှံကာ ပုံနှိပ်​စေပါ​ကြောင်း​။

မူလဝတ္ထု​ရေး​စဉ် တိုင်း​ပြည်လုံး​ကြိုက်ဖြစ်​စေရန် ​ခေတ်ဆန်​သော အသွား​တို့​ဖြင့်​ အခြား​သော ဝတ္ထုများ​နည်း​အတိုင်း​ အချို့​နေရာတွင် လိုသည်ထက် ပိုမိုစွာ သိုင်း​ဝိုင်း​ချဲ့​ထွင်ထား​သော အချက်များ​ ပါရှိ​လေရာ ပါ​မောက္ခဆရာကြီး​က အ​ရေး​မကြီး​သောအချက်များ​ကို ပယ်ဖျက်လျက် မှတ်ချက်အဖြစ်ဖြင့်​ အသုံး​ပြုတန်သည်ကို ​အောက်ဘက်ဆွဲချပြီး​ ကျနစွာ သုတ်သင်တည်း​ဖြတ်ထား​သဖြင့်​ ဖတ်ရှုသူတို့​အဖို့​ ပိုမို၍ ရှင်း​လင်း​သွား​ပေသည်။

ဤဝတ္ထုပါ ရာဇဝင်ဗဟုသုတတို့​မှာ ဦး​တင်၏ မှတ်သား​ချက်များ​နှင့်​ ကျွန်ုပ်၏ ​ချွေး​နဲစာ မှတ်စုများ​ ဖြစ်သည့်​ပြင် ပြင်ဆင်​သောအခါ၌လည်း​ ပါ​မောက္ခဆရာကြီး​ကိုယ်တိုင် တစ်နှစ်​ကျော်​ကျော် ​သေချာစွာ ဖတ်ရှုပြီး​မှ တည်း​ဖြတ်သုံး​သပ်ထား​သဖြင့်​ ဝတ္ထုသာမည သ​ဘောမထား​ဘဲ ရာဇဝင်မှတ်စုသင်ခန်း​စာ တစ်ခုကဲ့​သို့​ သ​ဘောပိုက်ပြီး​ ဖတ်ရှုသင့်​ကြ​ပေသတည်း​။ 

    စိုး​မြင့်​ (​ရွှေစကြာ)
                                ခွဲထား​ကျော်၊​ ဂဏ္ဍိကျမ်း​ဆရာ
ရန်ကုန်မြို့​။
၁၂၉၇ ခုနှစ်၊​ ပြာသိုလဆုတ် ၁၄ ရက်။
Read More...

Twitter

 
Copyright (c) 2010 Myanmar Blogger byLin Oo