Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

လမ်းခွဲ

 


ပြီးဆုံးသွားတဲ့လမ်းတစ်ခု

ချုပ်ငြိမ်းသွားတဲ့ လိုအင်ရမ္မက်

အနိစ္စသစ်ပင်တွေနဲ့ ကြွေလွင့်ပြီးသော သစ်ရွက်များ

ဖြတ်ခနဲ အတွင်းမှာ

နေမင်းကြီးကို မျက်ကွယ်ပြုခဲ့ရ။

Read More...

အတွေး

ညကလည်း နက်သထက်နက်လာသလို
တစ်ရိပ်ရိပ် တက်လာပြန်တယ်။

အတွေးသီတယ်ဆိုပါစို့...
အပြုံးတစ်ခုလည်းဖြစ်တယ်
အကြည့်တစ်ခုလည်းဖြစ်တယ်
အဲ့ဒါ...
ကဗျာတစ်ပုဒ်လည်းဖြစ်တယ်
ဒါဟာ
အိပ်မက်တစ်ခုအတွက်
လှုပ်နှိုးလိုက်တဲ့ ပြယုဂ်တစ်ခုပါပဲ။

မခမ်းနားဖူးသေးတဲ့ ရာသီတစ်ခုမှာ
ဖမ်းစားမှုတစ်ချို့နဲ့
ရှင်သန် ပေါက်ဖွားလာခြင်းဟာ
အပြစ်တစ်ခု ဖြစ်နေသလိုလို။

မျက်လုံးလေး မှိတ်လိုက်မိပြန်ပြီ
ပင့်သက်ရှည်ကလည်း ချလိုက်ပြန်ပြီ
ဟော...
စကားလုံးတွေပါလာတယ်
စည်းချက်မကျ တကျ
မျှော်လင့်ချက်ကတော့
တစ်လှပ်လှပ်နဲ့ပေါ့လေ။

လင်းဦး(စိတ်ပညာ)
Read More...

ခရီး

အချိန်တွေက တရွေ့ရွေ့နဲ့
ဖြတ်သန်းကုန်လွန်လာတော့
ပျံသန်းလာတဲ့ မိုင်တိုင် ပြန်ကြည့်
ငါဆိုတာ ဒဏ်ရာခရီးနှင်နေခဲ့ပါလားပေါ့။

ရယ်မောပြစ်လိုက်ရမလား
အော် ဟစ်ထုတ်ပြလိုက်ရမလား
အတွေးတွေးတွေနဲ့ ဝေမှိုင်း
သြော်...လောက သင်ဆိုသည်မှာ
နက်ဖြန်ဆိုတဲ့ ဖိတ်ခေါ်မှုနှင့်အတူ
အတ္တလက်နက်ကိုယ်စီနဲ့
ငါ့ကို
အသေသတ်ဖို့ စောင့်ကြိုနေလေရဲ့။
 လင်းဦး(စိတ်ပညာ)
၄-၉-၂၀၁၉
Read More...

Twitter

 
Copyright (c) 2010 Myanmar Blogger byLin Oo