Showing posts with label ဘဝထဲက အစိတ်အပိုင်းများ. Show all posts
Showing posts with label ဘဝထဲက အစိတ်အပိုင်းများ. Show all posts

ကျွန်တော် ၀ါသနာပါသည်

ကျွန်တော် ဂီတကို ငယ်ငယ်လေးကတည်းက ၀ါသနာပါခဲ့ခြင်းဖြစ်သည်။ အဖေက Drum, Guitar , Keyboard, စန္ဒယား၊ ပတ္တလား ၊ဒုံမင်း များတီးတတ်သူဖြစ်ပါသည်။ သို့သော် ကျွန်တော် အဖေနှင့်နေစဉ်အတွင်း အဖေ့ဆီမှ Guitar နှင့် ပတ္တလားသာ အမွေရခဲ့သည်။ ကျွန်တော်ညံ့လို့လဲ ဖြစ်ပါမည်။ ပြီးတော့ အဖေ့အိမ်မှ ခွဲခွာပြီး ရန်ကုန်တွင် ကျောင်းတက်လာရတော့လည်း အဖေ့ဆီက ပညာတွေနှင့် ဝေးကွာခဲ့ရသည်။ ကျွန်တော် အိပ်ရာဝင်တိုင်း အဖေ အမြဲတမ်း ဒုံမင်းတီးကာ ချော့သိပ်လေ့ရှိသည်။ သူကိုယ်တိုင်လည်း သီချင်းတွေ ရေးလေ့ရှိသည်။ ထို့ကြောင့် ငယ်ငယ်ကတည်းက ဂီတလက်သံနှင့် ရင်းနှီးခဲ့ရသည်။ ကိုတိုးကြီး(ခင်မောင်တိုး)၊ စိုင်းထီးဆိုင်၊ကိုင်ဇာ တို့မှာ ကျွန်တော် အလွန်ကြိုက်သော တေးသံရှင်များ ဖြစ်ကြပါ၏။ "ငါ ရန်ကုန်ရောက်ရင် ဂီတလောကထဲမှာ တက်လမ်းရှိတာပဲ" ဆိုပြီး အိပ်မက်များ မက််ခဲ့ရသူဖြစ်သည်။

သို့သော် ရန်ကုန်ရောက်ခဲ့တော့ လူ့တွေရဲ့ ကလိမ်ကျစ်ဉာဏ်များကို ထိတွေ့ခွင့်ရခဲ့သည်။ တစ်ယောက်ပေါ် တစ်ယောက် ရသလောက် အမြတ်ကြီးစားလို့..........။ ဆရာခိုင်ကျော်နှင့် တွေ့ခဲ့ရစဉ် ကျွန်တော် ဆက်လက် သင်ယူခွင့်ရခဲ့သည်။ တစ်ပြိုင်တည်း ကံကောင်းခဲ့သလို တစ်ခါတည်းပင် သီချင်းများ လုပ်စားခြင်း ခံခဲ့ရသည်။ ဆရာကတော့ ဒီလောကအကြောင်းတွေနှင့် ထိုးယှဉ်ကာ နှစ်သိမ့်ခဲ့၏။ ဒါက ကျွန်တော်၏ ဂီတအပေါ် ၀ါသနာ ပါခဲ့ခြင်းပင်ဖြစ်သည်။

ထိုအချိန် ဂီတအပေါ်ဝါသနာပါသည်နှင့်ထပ်တူ စာရေးရသည်ကိုလည်း နှစ်ခြိုက်ခဲ့သည်။ ကျွန်တော်ပုံဖော် စရေးခဲ့သည့် ပထမဦးဆုံးမှာ "ငယ်ချစ်ဦး" ပင်ဖြစ်သည်။ အဲ့အချိန်က"ငယ်ချစ်ဦး"မှာ သီချင်းပင်ဖြစ်ပြီး ကျွန်တော်မှ သီချင်းအား ဇာတ်လမ်းစတင် ရေးခဲ့ခြင်းဖြစ်သည် ။ ယခု City FM တွင် ဇာတ်လမ်းသီချင်းများလိုပင် တူညီနေပေလားဟု ကျွန်တော် တွေးပြံုးမိသေးသည်။

ဆိုရသော်......... ကျွန်တော်အခုအချိန်ထိ ၀ါသနာပါသည့် နှစ်မျိုးစလုံးတွင် စာရေးခြင်းအလုပ်ကိုသာ ဆက်လက်လုပ်ကိုင်နေနိုင်ပြီး ထပ်တူကျနေသလို၊ ဂီတကိုတော့ ဆက်မလုပ်နိုင်ခဲ့...။ လူ့ဘဝသည် ဤသို့ ဤသို့ပင် ဖြစ်ချေသည်ဟုသာ ဖြေသိမ့်ရသည်။ ကိုယ်ရပ်တည်နေသော အခြေအနေနှင့် ဂီတနယ်ပယ်မှာ ဝေးကွာနေရသည်။ ဘယ်လိုပင်ဖြစ်ဖြစ် ကိုယ်ဝါသနာပါရာနှစ်ခုတွင် တစ်ခုသောအရာကို လုပ်နိုင်နေ၍ ကျွန်တော် ၀မ်းသာမိသည်။

၀ါသနာနှင့် ဘဝ ထပ်တူမကျသလို... ထပ်တူကျပြီးလုပ်နိုင်သော စာပေကိုသာ ဆက်လက်ရေးသား နေပါကြောင်း.....................။

ညီငယ် တေလေ က "ကျွန်တော် ၀ါသနာပါသည်"ဆိုပြီး Tag ထားပါတယ်... ကျွန်တော်လည်း အခုမှ ကျန်းမာရေး ကောင်းကောင်းချင်းရေးလိုက်ပါသည်။

လူတိုင်း လူတိုင်းတွင် ၀ါသနာပါရာ တစ်ခုစီတော့ ရှိစမြဲပင် ဖြစ်ပါ၏.. သို့အတွက်ကြောင့်ပင် ခင်မင်ရာ ဘလောဂ်ရေးသူများကို "Tag Game" အလို့ငှာ ထပ်မံကာ မောင်းတီးရပေဦးတော့မည်။

ကိုသင်ကာ(ရေးပြီး)
ကိုဗီလိန် (ရေးပြီး)
ကိုဂစ်တာ
ကိုကေမောင်ငြိမ်း(ရေးပြီး)
ကိုမနောသား(ရေးပြီး)
ကိုမောင်ငယ်(ရေးပြီး)
ကိုအောင်ပိုင်စိုး(ရေးပြီး)
ကိုသက်ပိုင်သူ(ရေးပြီး)
ကိုသီဟသစ်(ရေးပြီး)
ကိုသူရဿဝါ(ရေးပြီး)
ကိုလင်းရမ္မာ
ကိုဇောင်း(ရေးပြီး)
မသက်ဇင်
မနှင်းဆီနက်(ခရီးမသွားမီ အပြီးရေးရန်)(ရေးပြီး)
မဝါ၀ါခိုင်မင်း(ရေးပြီး)
မရွှန်းမီ
ကဗျာဆရာမလေး အိန္ဒြာ (ရေးပြီး)
မဆုငယ်(ရေးပြီး)
မမိုးခါး
အစိမ်းရောင်မိန်းကလေး(ဒုတိယအကြိမ်မြောက်ထပ်ရေးပါရန်)

လင်းဦး(စိတ်ပညာ)
Read More...

သက်ဆုံးတိုင်



ကျွန်တော့်အနေဖြင့် တောင်ငူသို့ မလာရောက်နိုင်သည်ကို ခွင့်လွှတ်ပါရန်......

ယနေ့မှ စ၍ နောင်ရာစုများစွာသက်ဆုံးတိုင်ဤဇနီးမောင်နှံ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေခင်ဗျာ....


လင်းဦး(စိတ်ပညာ)
Read More...

ပုဂံခရီး...... ဓါတ်ပုံများ















လင်းဦး(စိတ်ပညာ)


Read More...

သူမ

သူမ၏ စိတ်ဓါတ်​​ရေး​​ရာသည် အမြင့်​​ဆုံး​​ စွမ်း​​​ဆောင်နိုင်လိမ့်​​မည်ဟု ကျွန်​​တော်ထင်ခဲ့​​ခြင်း​​သည် မမှား​​ခဲ့​​ပါ။ သူမ ၆ တန်း​​နှစ်တွင် ဂီတ​​ရေစီး​​​ကြောင်း​​ကို စိတ်ဝင်စား​​လာသည်။ ခံစား​​မှုကို ဦး​​စား​​​ပေး​​လာသည်။ ​​နောက်ဆုံး​​ သူဆုံး​​ဖြတ်ချက်တစ်ခုကို တစိုက်မတ်မတ် ချခဲ့​​သည်။ သူမသည် ဂစ်တာတီး​​သင်တန်း​​တက်​​ရောက်ရန် သူမ၏အိမ်ကို ခွင့်​​ပန်ခဲ့​​သည်။ သို့​​​သော် သူမ၏ မိဘများ​​မှ ခွင့်​​မပြုခဲ့​​ပါ။ ထို့​​​ကြောင့်​​ သူမသည် ထမင်း​​မစား​​​တော့​​ပါ။ ​​ကျောင်း​​မသွား​​​တော့​​ပါ။ စာမကျက်​​တော့​​ပါ...ထိုသို့​​ သူမ ဆန္ဒပြခဲ့​​သည် ။ သို့​​နှင့်​​ ..............သူမ၏မိဘမှ ခွင့်​​ပြုခဲ့​​သည်။

သူမ သင်တန်း​​​ကျောင်း​​သို့​​ ​​ရောက်လာသည်။ ထိုအချိန် ကိုနိုင်​​ဇော် (​​လေး​​ဇီး​​ကလပ်)တို့​​ ​​ရောက်နှင့်​​​နေပြီး​​ချိန် ဖြစ်ပါသည်။ သင်တန်း​​တွင် သူမသည် အငယ်ဆုံး​​ဖြစ်​​နေသည်။ သင်တန်း​​တွင် တစိုက်မတ်မတ် ​​ပြောသမျှကို သူမ ​​သေချာ ​​လေ့​​ကျင့်​​လိုက်နာ​​လေ့​​ရှိသည်။ သူမ ဒီသင်တန်း​​တက်ဖို့​​ ကတိ​​တွေ ​​ပေး​​ခဲ့​​ရသည်။ တစ်နှစ်တစ်တန်း​​​တော့​​ ​​အောင်​​အောင် လုပ်မည်ဟူ၏။

သူမ တစ်နှစ်တစ်တန်း​​ ​​အောင်ခဲ့​​ပါသည် ။ သီချင်း​​များ​​ကို တစ်ပုဒ်ပြီး​​တစ်ပုဒ် ​​ရေး​​ခဲ့​​သည်။ ရစ်သမ်စီး​​​ကြောင်း​​​တွေက​​နေ တဖြည်း​​ဖြည်း​​နဲ့​​ သူမ အမြင့်​​ဆုံး​​သို့​​​ရောက်ခဲ့​​သည်။ အထူး​​ချွန်ဆုံး​​ဖြစ််ခဲ့​​သည်။ သူမ၏ လိဂ်ဂစ်တာ သရုပ်ပြကစား​​​သောအခါ ကျန်သင်တန်း​​သား​​များ​​အား​​လုံး​​ ​​ငေး​​​မောခဲ့​​ရသည်။ ပညာဟူသည် ကုန်ခမ်း​​သည် ဟူ၍ မရှိပါ။ သူမ ဆက်လက်ကြိုး​​စား​​ သင်ယူ​​နေဆဲ။ ဇွဲမ​​လျှော့​​ခဲ့​​။ စတူဒီယိုတွင် အိပ်​​ရေး​​ပျက်​​အောင်လည်း​​ ​​နေနိုင်သူဖြစ်သည်။ တစ်ဖက်ကလည်း​​ စာကိုအာရုံစိုက်​​နေရဆဲ။ ထိုသို့​​ သူမ ကြိုစား​​ခဲ့​​ရသည်။

သူမ၏ စိတ်တွင် ခနိုး​​မ​​နောင့်​​ ဖြစ်လာ​​သော ​​နေ့​​ရက်​​တွေရှိလာသည်။ သို့​​နှင့်​​ ..သူမ၏အိမ် ရှာ​​ဖွေခြင်း​​ ခံခဲ့​​ရသည်။ နိုင်ငံ​​ရေး​​ဟူ​​သော ​​ခေါင်း​​စဉ်​​အောက်တွင် သူမမြတ်နိုး​​​သော တူရိယာပစ္စည်း​​များ​​ အသိမ်း​​ခံလိုက်ရသည်။ ဂစ်တာကို ဖက်အိပ်တတ်သည်ဟူ​​သော သူမ၊​ ဘယ်​​လောက် ခံစား​​ရမည်နည်း​​။ အ​​ကြောင်း​​ပြချက်မရှိဟူ​​သော ​​ခေါင်း​​စဉ်​​အောက်တွင် သူမ ပိတ်ပင်ခံခဲ့​​ရသည်။

သူမ ​​ပျောက်ဆုံး​​ခဲ့​​ရသည်။ အခြား​​နိုင်ငံသို့​​ ထွက်သွား​​သည်ဟု ​​ပြောကြသည်။ သူမကို မ​​တွေ့​​ရ​​တော့​​ပါ။ သူမချစ်​​သော မိဘနှင့်​​ ဂီတကိုစွန့်​​ကာ သူမထွက်သွား​​​လေပြီ။ သူမ၏ ဂီတသံစဉ်​​တွေမှ တိုက်ပွဲတစ်ခုင်္ဆီ ဦး​​တည်ခဲ့​​​လေပြင်္ီ။ သူမကို လွမ်း​​​မော​​နေဆဲ....။ သူမကို တမ်း​​တ သတိရ​​နေကြသူများ​​ ရှိ​​နေကြသည်ကို သူမ သိပါစ။

သို့​​နှင့်​​............ သူမနှင့်​​ ကျွန်​​တော်တို့​​ ​​ဝေး​​ခဲ့​​ရသည်။

လင်း​​ဦး​​ (စိတ်ပညာ)
Read More...

ကျွန်တော်နှင့် ရိုက်ကွင်းပေါ်မှ ထိုအသီး

ကျွန်တော် ရိုးသားစွာ ၀န်ခံရေးသားခြင်းဖြစ်ပါကြောင်း ဦးစွာပြောချင်ပါသည်။ မနေ့က MRTV-4 မှ ဗွီဒီယိုကားများ မိတ်ဆက်နေသော အစီအစဉ်ကို ကြည့်မိရာ ဗီဒီယို အမြည်းပေးရာတွင် မော်ဒယ်တစ်ဦးအား တွေ့ရပါသည်။ သို့မှ ကျွန်တော်ဖြစ်ပျက်ခဲ့၊ အရှက်ကွဲခဲ့ရသော အဖြစ်အပျက်ကို ပြန်သတိရလိုက် မိပါတော့သည်။ နေရာကား ရန်ကုန်၊ ပြည်သူ့ရင်ပြင် ပြည်သူ့ ဥယျာဉ်ထဲတွင်ဖြစ်သည်။ ၀ါးရုံတန်းများရှိရာ လမ်းထဲတွင်ဖြစ်ပါသည်။ ရဲလေးရဲ့ VCD အခွေအတွက် ရိုက်နေခြင်းပင်။ သီချင်းကား မိုးသီချင်းဖြစ်ပါသည်။ သရုပ်ဆောင်မင်းသားကား ရဲလေးပင်။ မင်းသမီးကား ခုဏက မော်ဒယ်မင်းသမီးလေးပင်။

ရိုက်ကွင်းအတွက် လိုအပ်သော မီးသတ်ကားပုံစံ ရေကားနှစ်စီး ယူလာသည်။ ဆက်တင်များ အားလုံးနေရာ ကျသောအခါ စရိုက်ဖြစ်ပါ၏။ အဓိက တာဝန်ယူရိုက်ရသော သူကား ကိုဝိုင်းဖြစ်ပါသည်။ မင်းသမီး ထားရမည့် မျက်နှာ အနေအထားနှင့် အိုင်တင်များအား သင်ကြားပေးနေရသည်။ ကင်မရာမန်းများအား အထူးပြောစရာ မလိုပါ။ သူတို့က အားလုံး အထာနပ်ပြီးသား။

ရေကားနှစ်စီးအား ရှေ့ နောက် တန်းစီရပ်ခိုင်းထားပြီး မီးသတ်ပိုက်ဖြင့် ရေများ ဖြန်းခိုင်းလိုက်သည်။ လိုအပ်သည့် ရေလုံးနှင့် ပမဏအား စမ်းကြည့်ပါသည်။ လိုချင်သည့် ရေလုံးရောက်သောအခါ မင်းသားနှင့် မင်းသမီးအား ရေပန်းအောက်သို့ ၀င်ခိုင်းလိုက်သည်။ ဇာတ်လမ်းက အားလုံးသိပြီးသား။ ကောင်မလေးက မိုးရေထဲမှာ လမ်းလျှောက်လာမည်။ လက်ထဲက ဓါတ်ပုံလေး ထွက်ကျခဲ့မည်။ ဒါကို ကောင်လေးက တွေ့သွားသည်။ ပြီးတော့ ကိုင်ပြီး ကြည့်နေမည်။ ထို်အချိန် ဓါတ်ပုံပြန်လိုက်ရှာနေသော ကောင်မလေးက တွေ့သွားမည်။ ရဲလေးလက်ထဲက ဓါတ်ပုံကို တောင်းမည်။ ကောင်မလေးက ဓါတ်ပုံယူပြီး ပြန်ထွက်သွားချိန် သစ်ကိုင်းက အပေါ်က ကျိုးကျလာမည်။ ဒါကို ရဲလေးက တွေ့တော့ ကောင်မလေးကို တွန်းပြီး နှစ်ယောက်သား လဲကျသွားမည်။ ဒါကို မိတ်ဆွေများ ကြည့်ပြီးသား ၊ သိပြီးသား ဖြစ်ပါလိမ့်မည်။

တတယ်ရိုက်ချိန်၌ မလွယ်ကူခဲ့ပါ။ လိုချင်သည့် ပုံစံကို ခဏခဏ ရိုက်ယူခဲ့ရပါသည်။ မင်းသမီးမှာ တော်တော်လေးချမ်းနေပါပြီ။ အကျီင်္ပြန်လဲခိုင်းရသည်။ ဒါတောင် လက်ထဲက ဓါတ်ပုံကို ပြန်တောင်းသည့် အခန်းပင် ရှိသေးသည်။ သူတို့နှစ်ယောက်မပြောနှင့် ကျွန်တော်လည်း ရေငွေ့များနဲ့ပင် တော်တော်လေး ချမ်းနေပြီ။ ပြန်ရိုက်သောအခါ မင်းသမီးဆောင်းသောထီးမှာ ရေကျဒဏ်ကို မခံနိုင်၍ ကျိုးပါလေရော။ ထိုအကျိုး အတိုင်း ဆက်ရိုက်ခဲ့ရသည်။ လဲကျသည့်အခန်းရောက်သွားလို့ တော်သေးသည်ပေါ့။ မင်းသမီးအား သေချာမှာရသည်။ တစ်ခါပဲ အနာခံဖို့။ သေသေချာချာ ပီပီပြင်ပြင် သရုပ်ဆောင်လဲကျဖို့ပါ။ သို့နှင့် ရဲလေးက နောက်က တွန်းပြီး နှစ်ယောက်သား လဲကျသွားသည်။
မော်ဒယ်မင်းသမီးပေါက်စလေးမှာ တော်တော်လေး နာသွားခဲ့သည်။ ဒါပေမယ့် တစ်ခါတည်း ပီပြင်အောင် သရုပ်ဆောင်နိုင်သွားပါသည်။ သူတို့ အခန်းက ပြီးသလောက် ရှိနေပြီ။ နှစ်ယောက်စလုံးကို နားချိန်နှင့် အဝတ်အစားလဲချိ်န် ပေးလိုက်သည်။

သူတို့ကို အနားပေးလိုက်သော်လည်း ကျန်သူများနှင့် အလုပ်ဆက်လုပ်ရ၏။ အဘယ်ကြောင့်ဆိုသော် သစ်ကိုင်းကျိုးကျလာသည်ကို ရိုက်ရဦးမည်။ သစ်ကိုင်းတစ်ကိုင်းကို အမြန်ခုတ်ခိုင်းရသည်။ ထမင်းစားချိန် ကလည်း နီးနေပြီ။ ဒါမြန်မြန်ရိုက်မှ ထမင်းစားပြီးသွားလျှင် ကျန်အခန်းများ ဆက်ရိုက်နိုင်မည် မဟုတ်ပါလား။ သစ်ကိုင်း ခုတ်ပြီးသားကို ထိုအပင်တွင်ပင် ကြိုးနှင့် ပြန်ချည်ခိုင်းလိုက်သည်။ ထို့နောက် ပိုက်ဖြင့် အပင်ပေါ်ကို ဖြန်းခိုင်းရသည်။ သို့မှ မိုးရွာသည်နှင့် တူမည်ကိုး။ ပြီးတော့ ကင်မရာချိန်ခိုင်း ။ သစ်ကိုင်းကြိုးကို ဖြုတ်ချခိုင်းလိုက်သည်။

သို့ကား မပြီးသေးပါ။ သိမ်းစရာ ရှိတာသိမ်းသည်။ ရဲလေးနှင့် မော်ဒယ်မင်းသမီးကား အဝတ်အစား လဲပြီးသွားပြီ။ လာကြည့်နေကြသော ပရိသတ်များကား အများသား။ ပြဿနာကား မော်ဒယ်မင်းသမီးမှ သူ့နားကပ်ပျောက်သွားကြောင်း လာပြောပါတော့သည်။ အဖွဲ့သားအားလုံး ရှာခိုင်းရသည်။ မတွေ့ပါ။ ကျွန်တော်ကား ထိုအနီးမှ အပင်အောက်မှ ခုံတန်းတွင် ထိုင်နေမိသည်။ ဘာရယ်မဟုတ်၊ အပင်ကို ကြည့်မိတော့ မှည့်ဝင်းနေသော အသီးများ။ ကျွန်တော်မော့ကြည့်နေစဉ်မှာပင် ကိုရင်နှစ်ပါးနှင့် လူတစ်ယောက်က “အဲ့အသီးက စားလို့ ရတယ်ဗျ” တဲ့။ ကျွန်တော်ကလည်း ထမင်းစားခါနီး ရှာပုံတော်ဖွင့်နေရသည်မို့ ဗိုက်က ဆာနေပြီ။ ထိုလူက အလိုက်သိသည် ထင်၏။ အသီး (၃)လုံး ခူးပေးပါသည်။ ကျွန်တော်လည်း ထပြီး ထပ်ရှာလို့တွေ့ငြားရှာရင်း မော်ဒယ်မလေးဆီသို့ ဦးတည်လျက်။

ကိုက်စားလိုက်သည်။ စားသည်။ စားသည်။ မော်ဒယ်မလေးဆီရောက်ပြီ။ စကားပြောဖို့အဟ လုံးဝ ပါးစပ် ဟ မရ။ ဟိုက်..... ပြဿနာက စ ပါကောလား။ ပါးစပ်က ကပ်နေသည်။ ပါးစပ်မှ ချိုသောအရသာမှ ပူသလိုလို လည်ချောင်းထဲ စီးသွားသည်ကိုလည်း ခံစားလိုက်ရသည်။ စိတ်ထဲကတော့ ငါတော့ သွားပြီလို့ပေါ့။ မင်းသမီးလေးကလည်း အခြေအနေက မဟန်မှန်းသိ၍ အော်ခေါ်ပါတော့သည်။ အားလုံးက ပြေးလာသည်။ ကိုရင်နှစ်ပါးနှင့် လူကား အနား ရောက်လာပါတော့သည်။ ကျွန်တော့်ပါးစပ်ထဲ လက်ထည့်၍ အဖြူစည်းများ ထုတ်ယူလေသည်။ ရေများ ပါးစပ်တွင်းထည့်ပြီး ပလုတ်ကျင်းခိုင်းပါသည်။ ကျွန်တော့မှာ ပါးစပ်ဟလို့ ရသွားသော်လည်း ရှတတအရသာနှင့် လည်ချောင်းကွဲသလို ခံစားရလျက်ရှိတုန်းပင်။

စားသာ စားလိုက်သည်။ ထိုအသီးဘာ အသီးမှန်းလည်း မမေးမိ။ တော််သေးသည်။ မသေတာ ကံကောင်းပေါ့။ ထိုအသီး၏ သဘာဝမှာ ထိုလောက် အစည်းမများကြောင်း သိရပါသည်။ ကျွန်တော်စားမိသောအသီးမှာ အစည်းအရမ်းများနေသောကြောင့်ဖြစ်ကြောင်းသိရသည်။ ပြီးတော့ ထိုသို့စားရသည်မဟုတ်ပဲ အထဲမှ အဆံအကာကိုသာ စားရကြောင်းသိရ၏။ တော်တော်တုံးသည့် ကျွန်တော်ပင်။ တော်တော်လေးလည်း လန့်သွားသည်။ ထိုအသီးအား ဘာအသီးလည်းဟု မေးကြည့်ရာ ကျွန်တော့်မှာ ရှက်လည်းရှက် ၊ ရယ်လည်းရယ်ချင်စရာပင်။ ထိုအသီးကား “တည်သီး” ဟူ၏။ ကျွန်တော့်မှာ “တည်သီး”ကို ကြားပဲ ကြားဖူးသည်။ တစ်ခါမှ မမြင်ဖူးပါ။ ယခု စာလုံးပေါင်းတောင် မှန်ရဲ့လားမသိ။ မိတ်ဆွေတို့လည်း ကြံုဖူးလားတော့မသိပါ။ တစ်ခါတစ်ရံ ကိုယ်ရှေ့ရောက်နေသော အသီး ဘာအသီးမှန်းမသိပဲ မေးကြည့်မှ ကိုယ်ကြားဖူးသော အသီးဖြစ်နေမှန်းသိရသော အဖြစ်မျိုး ကြံုဖူးကြပါသလား။ ကျွန်တော်ကတော့ ကြံုလည်းကြံု ၊ လန့်လည်း လန့်မိလျက်သား။ ပြီးတော့ ယနေ့အချိန်ထိ ထိုအပင်မျိုးတွေ့လျှင် အပင်အောက်တောင် မဝင်ရဲတော့သည့် ဘဝ။ ဖြစ်ပျက်ခဲ့တာတော့ ကြာခဲ့ပေမယ့် ထိုမော်ဒယ်မြင်လိုက်ကာမှ ပြန်အမှတ်ရမိလို့ ရေးလိုက်ခြင်းပင်။

ကိုယ်တကယ် မသိပဲ ကြံုတွေ့ခဲ့ရသော အဖြစ်အပျက်လေး ဖြစ်ပါကြောင်း ၊ တော်တော် ဗဟုသုတနည်းသည့်၊ တုံးသည့် လူဟု ထင်နိုင်ပါကြောင်းနှင့် ရိုးသားစွာ ၀န်ခံရေးခြင်း ဖြစ်ပါကြောင်း ။ ။
လင်းဦး (စိတ်ပညာ)
Read More...

Twitter

 
Copyright (c) 2010 Myanmar Blogger byLin Oo