alt text

အတွေး

မခမ်းနားဖူးသေးတဲ့ ရာသီတစ်ခုမှာ ဖမ်းစားမှုတစ်ချို့နဲ့ ရှင်သန် ပေါက်ဖွားလာခြင်းဟာ အပြစ်တစ်ခု ဖြစ်နေသလိုလို။

Read More
alt text

ဒါလား​ဟဲ့ စာရေးဆရာ

စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီစသည့် အနုပညာ နယ်ပယ်မှ အနုပညာသမားများသည် ခံစားစရာ ရှိလျှင် သူများထက် ပိုမို ခံစားတတ်ပြီး၊ ၎င်းတို့၏ ခံစားချက်များကိုလည်း လူအများ နားလည်သဘောပေါက်အောင် မိမိ၏ အတတ် ပညာများဖြင့် ဖော်ထုတ်ပြကြသူများပင် ဖြစ်သည်။

Read More
alt text

ဂစ်တာအိုတစ်လုံးပေါ်မှ ရောင်စုံဒီဇိုင်းများ

ညဉ့်ငှက်တို့ တေးထပ်ကုန်ပြီ မှောင်မဲပြည့်ကျပ်သိပ်နေတဲ့ အခန်းထဲ အသက်ရှုမဝတဝ ငါလဲလျောင်းနေတယ်... ကောင်မလေးရေ..... အလွမ်းကို ခဝါချလိုက်ကြပါတဲ့

Read More
alt text

ဆရာ Key

"ဒီကအစ်ကိုက သော့စ်ပြင်ဆရာလား" ဟု ကျွန်တော်မှပင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ ကြည့်လိုက်တော့ ရွှေဂုံတိုင်မီးပွိုင့် မိနေ၏။

Read More
alt text

ဗိုလ်ချုပ်အား ဤသို့... လုပ်ကြံခဲ့သည်.

နောက်တနေ့တွင် ကျန်ဘရင်းဂန်းများကို ထင်းရူးသေတ္တာ များတွင်ထည့်သွင်းပြီး မောင်စိန်က လော်လီကားကို မောင်း၍ တင်ရွှေ၊ ထွန်းရှိန်၊ မောင်စိုးတို့က စီးလိုက်လျက် သေတ္တာ ၁၅-လုံးခန့်ကို တင်ယူသွားပါသည်။

Read More
alt text

နားလည်လိုက်ပါတယ် "မ"

မ....... အလွမ်းတစ်ခုကို ကျမ်းတစ်ခု မဖွဲ့ချင်ကြောင်း ကျွန်တော် ပြောဖူးပါတယ်....

Read More
alt text

အလွမ်းရဲ့ လောင်မီးကျဒဏ်ရာ

နိဒါန်းတစ်ပုဒ်ရဲ့ အစက နတ်သမီးရဲ့ ပန်းပွင့်ခြွေသံလို နူးညံ့ပျော့ပျောင်းခြင်းနဲ့ အရာအားလုံးဟာ လှပနေပါတယ်.....

Read More

လမ်းခွဲ

  • by
  • လင်းဦး(စိတ်ပညာ)
  •  


    ပြီးဆုံးသွားတဲ့လမ်းတစ်ခု

    ချုပ်ငြိမ်းသွားတဲ့ လိုအင်ရမ္မက်

    အနိစ္စသစ်ပင်တွေနဲ့ ကြွေလွင့်ပြီးသော သစ်ရွက်များ

    ဖြတ်ခနဲ အတွင်းမှာ

    နေမင်းကြီးကို မျက်ကွယ်ပြုခဲ့ရ။

    Read More...

    အတွေး

  • by
  • လင်းဦး(စိတ်ပညာ)
  • ညကလည်း နက်သထက်နက်လာသလို
    တစ်ရိပ်ရိပ် တက်လာပြန်တယ်။

    အတွေးသီတယ်ဆိုပါစို့...
    အပြုံးတစ်ခုလည်းဖြစ်တယ်
    အကြည့်တစ်ခုလည်းဖြစ်တယ်
    အဲ့ဒါ...
    ကဗျာတစ်ပုဒ်လည်းဖြစ်တယ်
    ဒါဟာ
    အိပ်မက်တစ်ခုအတွက်
    လှုပ်နှိုးလိုက်တဲ့ ပြယုဂ်တစ်ခုပါပဲ။

    မခမ်းနားဖူးသေးတဲ့ ရာသီတစ်ခုမှာ
    ဖမ်းစားမှုတစ်ချို့နဲ့
    ရှင်သန် ပေါက်ဖွားလာခြင်းဟာ
    အပြစ်တစ်ခု ဖြစ်နေသလိုလို။

    မျက်လုံးလေး မှိတ်လိုက်မိပြန်ပြီ
    ပင့်သက်ရှည်ကလည်း ချလိုက်ပြန်ပြီ
    ဟော...
    စကားလုံးတွေပါလာတယ်
    စည်းချက်မကျ တကျ
    မျှော်လင့်ချက်ကတော့
    တစ်လှပ်လှပ်နဲ့ပေါ့လေ။

    လင်းဦး(စိတ်ပညာ)
    Read More...

    ခရီး

  • by
  • လင်းဦး(စိတ်ပညာ)
  • အချိန်တွေက တရွေ့ရွေ့နဲ့
    ဖြတ်သန်းကုန်လွန်လာတော့
    ပျံသန်းလာတဲ့ မိုင်တိုင် ပြန်ကြည့်
    ငါဆိုတာ ဒဏ်ရာခရီးနှင်နေခဲ့ပါလားပေါ့။

    ရယ်မောပြစ်လိုက်ရမလား
    အော် ဟစ်ထုတ်ပြလိုက်ရမလား
    အတွေးတွေးတွေနဲ့ ဝေမှိုင်း
    သြော်...လောက သင်ဆိုသည်မှာ
    နက်ဖြန်ဆိုတဲ့ ဖိတ်ခေါ်မှုနှင့်အတူ
    အတ္တလက်နက်ကိုယ်စီနဲ့
    ငါ့ကို
    အသေသတ်ဖို့ စောင့်ကြိုနေလေရဲ့။
     လင်းဦး(စိတ်ပညာ)
    ၄-၉-၂၀၁၉
    Read More...

    တွင်း​ထွက်

  • by
  • လင်းဦး(စိတ်ပညာ)
  • တငွ်းထကွ်


    ဒဏ်ရာဆိုတာ
    တွင်း​ထွက်မှမဟုတ်တာ။

    ဒါ​ပေမယ့်​....
    ​ပေး​သူရှိတိုင်း​ ရတယ်​လေ။

    လင်း​ဦး​(စိတ်ပညာ)
    ၁-၁၂-၂၀၁၅
    Read More...

    ရည်း​စား​

  • by
  • လင်းဦး(စိတ်ပညာ)


  • ကိုယ့်​ထက်ငယ်ရင်
    ကိုယ့်​ထက် လည်လိမ့်​မယ်။

    ကိုယ့်​ထက်ကြီး​ရင်
    ကိုယ့်​ကို ဖြီး​လိမ့်​မယ်။

    ကိုယ်နဲ့​ရွယ်တူဆိုရင်
    ကိုယ့်​အပြင် ကျူကျူလုပ်လိမ့်​မယ်။

    လင်း​ဦး​(စိတ်ပညာ)
    Read More...

    Blogger ဘဝ အမှတ်တရများ

  • by
  • လင်းဦး(စိတ်ပညာ)


  • Blog တွေ ပြန်လည်အသက်ဝင်လာတာ ၀မ်းသာစရာပါ။ ကျွန်တော် ပြီးခဲ့တဲ့နှစ်က အမှတ်တရအနေနဲ့ ဖြတ်သန်းခဲ့သမျှ Blogger သမိုင်းဆိုပြီး ရေးခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ မြန်မာပြည်ရဲ့ ခေတ်ဦး Blog တွေနဲ့ ဆက်လက် မွေးဖွားလူတဲ့ Blogger တွေကို တန်းစီ ရေးခဲ့တာပါ၊

    ဘလောဂ့်ရေးတာမှာ အမှတ်တရတွေအဖြစ်နဲ့တော့ မြန်မာစကား ဖောင့်အတွေ့အကြုံတွေ ရခဲ့တယ်၊ ၀င်းအင်းဝ စသဖြင့် ဖောင့်တွေနဲ့ ရေးခဲ့ဖူးသလို ဇော်ဂျီဖောင့်နဲ့အသားကျ သဘောကျခဲ့တယ်။ နောက်ဆုံး ဒီဘက်ပိုင်းမှာ ဖောင့်တိုက်ပွဲတွေ ပိုပြင်းထန်ခဲ့ကြတယ်၊ မြန်မာယူနီကုတ် မသုံးရင်ဘဲ တစ်ခုခု လုပ်တော့မလိုလို စကားမျိုးတွေ ပေါ်ထွက်ခဲ့တယ်။ အဲ့စကားဟာ ဇော်ဂျီဖောင့် သုံးသူ ဘလောဂ်ဂါတွေအပေါ် တိုက်ရိုက်ပြောနေသလိုမျိုး ဖြစ်ခဲ့တယ်၊

    ဒုတိယအနေနဲ့ကတော့ Ethic နဲ့ Copy right နဲ့ပတ်သက်ပြီး ထားရှိရမယ့် စံတွေ။ သဘောတရားတွေ ပိုနားလည်လာတယ်၊ အခုအချိန်နဲ့ နှိုင်းယှဥ်မယ်ဆိုရင်တော့ ဘလောဂ်တွေဆီကနေ ကူးယူကြတဲ့ ပရင့်မီဒီယာတွေက သူတို့ပဲရေးသလိုလို လုပ်ပြီး ယူသုံးတာတွေရှိလာတယ်။ ဒါတွေက ပြောင်းပြန်ဖြစ်လာတဲ့ သဘောပဲ။

    နောက်တစ်ခုကတော့ နိုင်ငံရေးတွေမှာ ဘလော့ဂ်ဂါတွေ အမှန်တရားဘက်ကနေ မပါမဖြစ် ရပ်တည်ခဲ့ကြတယ်။  ဒါ့အပြင် ခေတ်စနစ်ဆိုးရဲ့ ဖိအားအောက်မှာ ဘလော့ဂ်ဂါတွေဟာ အတင်းတိုက်ထုတ် နည်းအမျိုးမျိုးနဲ့ ကျော်သုံးပြီး ဖြန့်ဝေခဲ့ကြသူတွေဖြစ်တယ်၊ ဘာကိုပြောချင်တာလဲ ဆိုတော့ ခေတ်စနစ်ဆိုးအောက်ကနေ ကိုယ်ဝါသနာပါရာကို မရမက ရေးကြ ပြောခဲ့ကြသူတွေဖြစ်တယ်၊  အီးမေးလ်ပို့၊ဘလော့ဂ်ရေးတာကို ထောင်ချခဲ့တာတွေ၊ အဲ့အချိန်က Gmail နဲ့ Blog Dashboard တွေကို ကျော်ဝင်ရတယ်ဆိုရင် ဒီဘက်လူတွေအတွက် အထူးအဆန်း များ ဖြစ်နေမလားဘဲ။ပြောရရင် Proxy မကျော်တတ်ရင် ဘလော့ဂ်ဂါမဖြစ်ဆိုတာပါပဲ၊ တကယ် လွမ်းဆွတ်စရာ အချိန်တွေပါ။

    အဲ့ကနေတစ်ဆင့် ကျွန်တော်တို့လို နည်းပညာနယ်ပယ်ကို ထဲထဲဝင်ဝင် ဖြစ်စေဖို့ တွန်းအားတစ်ခုက html, CSS တွေကို ပိုရင်းနှီးစေတာပါ၊ Wordpress , Joomla လိုမျိုး တကယ့် platform တွေနဲ့ ရင်းနှီးခဲ့ရပါတယ်၊ လေ့လာခဲ့ရပါတယ်၊

    ပြီးတော့ ဒီကနေပဲ ပရင့်မီဒီယာမှာ အောင်မြင်ကြတဲ့သူတွေအဖြစ် ရပ်တည်နေနိုင်ခဲ့ကြ သူတွေ ဖြစ်လာတဲ့သူတွေလည်း ရှိလာတဲ့အပြင်၊ ပရင့်မီဒီယာကနေ ဘလော့ဂ်တွေ ရေးဖြစ် လာကြာတာတွေလည်း ရှိလာပါတယ်၊

    နောက်တစ်ခုကတော့ တကယ့်ကို မိသားစုသဖွယ် ခင်မင်းရင်းနှီးမှုတွေပါ၊ ကိုယ့်အိမ်၊ သူ့့အိမ်ဆိုတဲ့ ခံစားမှှုတွေနဲ့အတူ လိုက်လံလည်ပတ် ဖတ်ရှုကြတဲ့ ဓလေ့လေးပါ၊ ဒါဟာ တကယ့်ကို  အွန်လိုင်းလူမှုဆက်ဆံရေးနယ်ပယ်တစ်ခုအဖြစ် ဖြစ်ထွန်းလာတာပါ၊ ပြောရရင် ဘလော့ဂ်ယဥ်ကျေးမှုတစ်ခုပါပဲ၊ ကျွန်တော်ကတော့ ဒါလေးကို ဒီအချိန်မှာ ပိုလွမ်းမိတယ်၊

    အဲ့ဒါနဲ့ဆက်စပ်ပြီး ဖြစ်လာတာကတော့ Tag Game ပါပဲ၊ ကိုယ်ရေးစေချင်တဲ့သူကို တဂ်ပြီး ပြောဆိုဆွေးနွေးရေးသားစေတဲ့ ဓလေ့လေးပါ၊ ဒါဟာလည်း နွေးထွေးမှုကို ပိုပြီးဖြစ်စေပါတယ်။

    ကိုယ်ကျွမ်းကျင်ရာနယ်ပယ်ကနေ မျှဝေခဲ့ကြသလို သူများရဲ့နယ်ပယ်အတွေ့အကြုံတွေကိုလည်း ရရှိခံစား လေ့လာနိုင်တဲ့ နေရာလေးဆိုရင်လည်း မမှားပါဘူး၊

    ပြီးခဲ့တဲ့ နှစ်က ဒီလိုချိန် ရန်ကုန် Myanmar Blogger Day ဟောပြောပွဲမှာ ယနေ့ခေတ် ဆိုရှယ်နက်ဝက်နှင့်  အန္တရာယ်ဆိုတဲ့ ခေါင်းစဥ်နဲက ဟောပြောဆွေးနွေးဖြစ်ခဲ့ပါတယ်၊

    ဒါတွေက ဖြတ်သန်းခဲ့တာတွေထဲက ဖြတ်သန်းမှုအတွေ့အကြုံကနေ ရလာတဲ့ ဖြစ်ပျက်ခဲ့မှုတွေအပေါ် အမှတ်ရမိနေတာလေးတွေပါ၊ ဒီအစပျိုးမှုကနေ ၊ ဒီလို လွမ်းဆွတ်မှုမျိုးကနေ ဘလော့ဂ်တွေ ပြန်လည်သက်ဝင်အောင် ဆက်လက်ရေးသားကြပါဦးလို့ တိုက်တွန်းအပ်ပါတယ်၊

    လင်းဦး(စိတ်ပညာ)






    Read More...

    ​ခေါင်း​စား​

  • by
  • လင်းဦး(စိတ်ပညာ)
  • ကိုင်ဇာကြိုက်တယ်၊​
    ထီး​ဆိုင်ကြိုက်တယ်၊​
    ထူး​အိမ်သင်ကြိုက်တယ်၊​

    ဒီ​ခေတ်မှာ​တော့​
    အချို့​များ​
    ​ညောင်နာနာ ဩတတအသံ​တွေနဲ့​
    မရိုး​တဲ့​ ​ကျောရိုး​သီချင်း​တွေ ​ရေး​ဆိုတတ်တာ​လောက်များ​
    ခိုက်ခိုက်တုန်​နေကြတယ်။

    ဘာ​တွေကြည့်​ကြိုက်
    ဘာ​တွေကြည့်​ခိုက်
    ​ခေတ်ထဲက ​ခေတ်
    ​ခေတ်ထဲမှာမှ ဒီလိုအသံ
    ​ခေါင်း​စား​ရမယ့်​ အ​ကြောင်း​ထဲ
    အဲ့​ဒါလည်း​ ပါတယ်။

    လင်း​ဦး​(စိတ်ပညာ)
    Read More...

    ​ငွေ

  • by
  • လင်းဦး(စိတ်ပညာ)

  • ညီမ​လေး​က…..
    ဗိုက်ဆာသတဲ့​လား​၊​
    အစ်ကို့​မှာ
    ​ခေါက်ဆွဲ​ခြောက်နဲ့​ ​ကော်ဖီထုပ်​တော့​ရှိတယ်။

    ညီမ​လေး​က….
    ဝမ်း​သာသတဲ့​လား​၊​
    အစ်ကို့​မှာ
    ဂ​ယောင်ဂယက်နဲ့​
    ​ယောင်​တောင်​တောင်လမ်း​ထဲ ​ရောက်​နေပြီ။

    ဟိုး​ဆရာ
    ကား​ခမပါလို့​
    ကျွန်​တော်ကို အခမဲ့​ စီး​ခွင့်​ပေး​ပါ။

    လင်း​ဦး​(စိတ်ပညာ)
    Read More...

    ငို

  • by
  • လင်းဦး(စိတ်ပညာ)

  • ငိုတယ်ဆိုတာ
    ​လောကကြီး​ကို အရှုံး​ပေး​တာတဲ့​....။

    တကယ်​တော့​
    ဝမ်း​နည်း​စရာရှိတာ ဝမ်း​နည်း​
    ငိုစရာရှိတယ်ဆိုတာ ငို
    အဲ့​ဒါ.....
    ခံစား​တတ်သူတိုင်း​ရဲ့​
    ပြယုဂ်တစ်ခုပဲ။

    လင်း​ဦး​(စိတ်ပညာ)
    Read More...

    Twitter

    အများဖတ်

     
    Copyright (c) 2010 Myanmar Blogger byLin Oo