Showing posts with label ဘာသာရေးနှင့်ပတ်သက်၍. Show all posts
Showing posts with label ဘာသာရေးနှင့်ပတ်သက်၍. Show all posts

Thadingyut Full Moon Day - သီတင်း​ကျွတ်လပြည့်​နေ့​

Thadingyut Full Moon Day - Nay Pyi Taw
လင်း​ဦး​ (စိတ်ပညာ)
Read More...

Buddhists outraged at Buddha's images on shoes


ဗုဒ္ဓရုပ်ပွား​တော်များ​၊​ ဆင်း​တု​တော်များ​အား​ ဘား​ဆိုင်များ​နှင့်​ အပန်း​ဖြေစခန်း​များ​တွင် အလှပြ အသုံး​ချကာဘာသာ​ရေး​ကိုး​ကွယ်မှုကို မ​ထောက်ဘဲ ပြုလုပ်​နေကြသည်ကိုလည်း​ ​တွေ့​မြင်ကြရမည်သာ။ 

ယခုအခါ ဗုဒ္ဓရုပ်ပုံများ​၊​ ကနုတ်ဒီဇိုင်း​များ​နှင့်​ အလှဆင်ကာ ဖိနပ်နှင့်​ လက်ကိုင်အိတ်များ​ကို အ​မေရိကန် အ​ခြေစိုက် Icon Shoes ကုမ္ပဏီမှ ထုတ်လုပ်လျက်ရှိ​နေပါတယ်။ ကမ္ဘာ တစ်ဝှမ်း​ရှိ ဗုဒ္ဓဘာသာများ​မှလည်း​ ၎င်းကုမ္ပဏီအား​ ရှုတ်ချ​ဝေဖန် ​ပြောဆိုလျက်ရှိ​နေပါတယ်။ ကုမ္ပဏီ၏ Facebook Page တွင် သွား​ရောက် ဆန့်​ကျင်ကန့်​ကွက်နိုင်ပါတယ်။ 


 
ဒီမိုက​ရေစီထွန်း​ကား​ရာ ကမ္ဘာ့​ထိပ်တန်း​နိုင်ငံကြီး​ဟာ ယခုလို ဘာသာတရား​ကို ​စော်ကား​သော ထုတ်လုပ်မှုအား​ ခွင့်​မပြုသင့်​ပါ။ ဘာသာတစ်ခု၏ ကိုး​ကွယ်ရာရုပ်ပုံများ​အား​ အလှဆင် ဒီဇိုင်း​ပြုလုပ်​နေခြင်း​ဟာ မသင့်​လျော်ပါ။ 

လင်း​ဦး​(စိတ်ပညာ)
Read More...

ရှင်ဘုရင် ဉာဏ်မစဲ

ဒီတစ်​ခေါက်​တော့​ ကျွန်​တော်ရဲ့​ ​မွေး​ရပ်ဇာတိသို့​ ပြန်လည်​ရောက်ရှိခဲ့​ပါတယ်။ မိဘနဲ့​ ​မောင်နှမသား​ချင်း​တွေကို ​တွေ့​ချင်တာအပြင် ​အေး​အေး​ဆေး​ဆေး​ စာ​ရေး​ချင်တာရယ်၊​ အချက်အလက်​တွေ စုချင်တာ​တွေရယ်​ကြောင့်​လည်း​ ပါပါတယ်။ ကျွန်​တော်​နေတဲ့​ ပြည်မြို့​မ​ရောက်ခင် ပြည်-ရန်ကုန် ကား​လမ်း​မ​ဘေး​မှာ ဆင်မကြပ်၊​ ​ပေါက်ကုန်း​၊​ မအူရွာဆိုတဲ့​ ရွာ​လေး​တွေ ရှိပါတယ်။ ဒီရွာ​တွေထဲမှာ ဟိုး​အရင်ကတည်း​က ခင်မင်ရသူ ​ကျောင်း​နေဖက် သူငယ်ချင်း​တွေလည်း​ ရှိခဲ့​ပါတယ်။ သို့​သော် အခုချိန်မှာ​တော့​ သူတို့​လည်း​ ဘယ်​ရောက် ဘယ်လို လုပ်ကိုင် စား​သောက်​နေသလဲ​တော့​ ကျွန်​တော် မသိ​တော့​ပါ။ ​တော်​တော်များ​များ​ရဲ့​ ရုပ်​တွေကိုလည်း​ မမှတ်မိ​တော့​တာလည်း​ ပါပါတယ်။

မအူရွာ၊​ ​ပေါက်ကုန်း​လို့​ခေါ်တဲ့​ ရွာ​တွေရဲ့​ အ​နောက်ဘက်က ​တောင်​တွေမှာ ကျွန်​တော့်​ဦး​လေး​ရဲ့​ စိုက်ပျိုး​ရေး​ခြံ​တွေ ရှိပါတယ်။ သရက်၊​ မာကလာ၊​ ကတွတ်၊​ ငှက်​ပျောများ​ စိုက်ပါတယ်။ ရွာထဲကလူ​တွေကလည်း​ ​တောင်​ပေါ်ကခြံ​တွေမှာ စိုက်ပျိုး​စား​သောက်ကြတာ များ​တယ်။

ပြည်​ရောက်မှ​တော့​ ဦ​လေး​နဲ့​အတူ ​ပေါက်ကုန်း​ရွာထဲကို သွား​ဦး​မှပဲဆိုပြီး​ ​ရောက်ခဲ့​တယ်။ ဦး​လေး​နဲ့​ အသိ တစ်ချို့​နဲ့​အတူ စကား​ဝိုင်း​လေး​ဖြစ်ခဲ့​ပြီး​၊​ ဒီရွာနား​က ဘုရား​တစ်ဆူအ​ကြောင်း​ ​ရောက်သွား​တယ်။ ကျွန်​တော်စိတ်ဝင်စား​သွား​တယ်။ ကျွန်​တော် ဒီဘုရား​ရှိတာ​တော့​ ငယ်ငယ်​လေး​ကတည်း​က သိခဲ့​ကြား​ခဲ့​ဖူး​ပေမယ့်​ တစ်ခါမှ မ​ရောက်ဖြစ်ခဲ့​ပါ။ အဲ့​စဉ်ကတည်း​က ဘုရား​အား​ ရှာ​ဖွေ​တွေ့​ရှိပြီး​ ပြုပြင်ရန် လုပ်​နေတယ်လို့​ပဲ သိခဲ့​ဖူး​တယ်။ အခု​တော့​ တကယ့်​ကို အဖြစ်အပျက် အပြည့်​အစုံနဲ့​ကို ကြံုဆုံပါ​တော့​တယ်။

ဒီ​စေတီဘုရား​ကို ရှာ​ဖွေ ​တွေ့​ရှိရတဲ့​ အ​ကြောင်း​မှာ သတင်း​ဆိုး​နဲ့​အတူ လူအများ​ စိတ်ဝင်စား​လာလို့​ပဲ ဖြစ်ပါတယ်။ လူသူအ​ရောက်အ​ပေါက်နည်း​ပြီး​ ရထား​လမ်း​ (ပြည်-​ရွှေ​တောင် ရထား​လမ်း​ဟောင်း​) ​ဘေး​ ​တောထဲမှာ ရှိ​နေတာလည်း​ဖြစ်ပါတယ်။ ဦး​ကျော်ဆန်း​ဆိုတဲ့​ ပုဂ္ဂိုလ်ဟာ ဒီဘုရား​ဌာပနာ​တွေကို ​ဖောက်ထွင်း​ခဲ့​ပြီး​၊​ ​ရှေး​ ခဲဘုရား​များ​သာ ထား​ခဲ့​ပါတယ်။ ဦး​ကျော်ဆန်း​တို့​ မိသား​စု တစ်စုလုံး​ ​မြွေကိုက်ခံရကာ ​သေဆုံး​ခဲ့​ပြီး​ သတင်း​ကြီး​ခဲ့​ပါတယ်။ ဒီအဖြစ်အပျက်ဟာ စိတ်ကူး​ယဉ်ဇာတ်လမ်း​ မဟုတ်ပါ။ တကယ်ဖြစ်ပျက်ခဲ့​တာပါ။ အဲ့​နောက်မှာ​တော့​ ​စေတီဘုရား​အား​ သွား​ရောက်ဖူး​မြော်ကြပြီး​ ​တွေ့​ရှိသမျှ ခဲဘုရား​များ​၊​ ဘုရား​ဆင်း​တု​တော်များ​ကို ​ပေါက်ကုန်း​ဘုန်း​ကြီး​ကျောင်း​သို့​ ပင့်​ဆောင် ပူ​ဇော်ကြတယ်။ ရှင်ဘုရင်ဉာဏ်မစဲ ​စေတီဘုရား​အား​ ပြန်လည်ပြုပြင်ရန် အဖွဲ့​တွေ ဖွဲ့​ခဲ့​ကြပါတယ်။

ရ​သေ့​တစ်ပါး​ရောက်လာပြီး​ ဘယ်လိုပုံစံမျိုး​ အစကဖြစ်​ကြောင်း​၊​ ဒီ​စေတီအား​ ​သေချာစွာပြုပြင်ရန် န​မောဓါတ်ရ၍ ​ရောက်လာ​ကြောင်း​ပြောပြီး​ ​စေတီဘုရား​နား​မှာ ​ကျောင်း​ဆောက် သတင်း​သုံး​တော် မူပါတယ်။ ဒီ​နောက်ပိုင်း​မှာ ရထား​လမ်း​ဟောင်း​ကို အသုံး​မပြု​တော့​ပဲ မြို့​ရှောင်လမ်း​ကို ​သေချာစွာ ​ဖောက်လုပ်ခဲ့​ကာ ​စေတီဘုရား​ဟာ မြို့​ရှောင်လမ်း​ရဲ့​ လမ်း​ဘေး​ တည်​နေ​တော်မူပါတယ်။ ခါကြီး​ ရက်ကြီး​တိုင်း​ အနီး​ပတ်ဝန်း​ကျင်ရွာများ​၊​ ဘုရား​ဖူး​ဧည့်​သည်များ​မှ ဆီမီး​များ​ လာထွန်း​ခြင်း​၊​ ဓမ္မစကြာ ရွတ်ခြင်း​များ​ ပြုလုပ်​လေ့​ရှိပြီး​ တရား​သံများ​ဖြင့်​ ငြိမ်း​ချမ်း​ရာ​နေရာအဖြစ်သို့​ ​ရောက်ရှိခဲ့​ပါတယ်။

ပြည်မြို့​ဟာ တိုင်း​ခွဲတစ်ခုအဖြစ် ရပ်တည်လာခဲ့​ပြီး​ အုပ်ချုပ်သူ​တွေလည်း​ ​ပြောင်း​လဲခဲ့​ပါတယ်။ ​ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)က နယ်​မြေတာဝန်ကို ယူလာခဲ့​တယ်။ ဒကစမှ အလှူ​ငွေများ​ကို မိမိတို့​မှ ထိန်း​သိမ်း​မည်ဖြစ်​ကြောင်း​ပြောပြီး​ ​ငွေများ​ လွှဲယူခဲ့​ပါတယ်။ ထို့​ပြင် ​ဆေး​ကုခြင်း​များ​ ပြုလုပ်ခြင်း​မှာ သာသနာနှင့်​ မကိုက်ညီ​ကြောင်း​ ​ပြောပြီး​ ​ဆေး​ကုသ​သော ရ​သေ့​အား​ ​မောင်း​ထုတ်ခဲ့​ပါတယ်။ ရွာခံ သက်​သေများ​ အား​လုံး​ရှိကြပါတယ်။ ရ​သေ့​ဟာ ​ဆေး​ကုပြီး​ ဘုရား​ရန်ပုံ​ငွေထဲသို့​သာ ထည့်​ကြောင်း​ ​ပြောကြပါတယ်။ ရ​သေ့​ အခြား​သို့​ ကြွမြန်း​သွား​ချိန်မှာ​တော့​ တစ်ခုခု အလှူရှိတိုင်း​ ဒကစ သို့​ တင်ပြကြရ ပါ​တော့​တယ်။ သိပ်မကြာလိုက်ပါ၊​ ​တောမီး​လောင်ပြီး​ သာသနိက အ​ဆောက်အဦများ​ မီး​ဘေး​သင့်​ ခံခဲ့​ရပါတယ်။ ​ပေါက်ကုန်း​ဘုန်း​ကြီး​နှင့်​ ဒကစ မှ တာဝန်ရှိသူ ပုဂ္ဂိုလ်များ​မှ ​စေတီဘုရား​အား​ ဆက်လက် ပြုပြင်ခြင်း​ မရှိ​တော့​ဘဲ၊​ အလှူခံအဖွဲ့​များ​အား​လည်း​ ဖျက်သိမ်း​ခဲ့​ပါတယ်။

ကျွန်​တော်လည်း​ ရွာခံလူများ​နှင့်​အတူ ရှင်ဘုရင် ဉာဏ်မစဲ ​စေတီဘုရား​သို့​ သွား​ရောက်ခဲ့​ပါတယ်။ ခြံုပုတ်များ​ ထပ်​နေပြီး​ ​တော်​တော်​လေး​ကို ယိုယွင်း​ ပျက်စီး​နေပါပြီ။ ​စေတီမှာ ယိုယွင်း​ ပျက်စီး​ကာ မူလပုံစံပင် မရှိ​တော့​ပေ။ ဘုရား​ဆင်း​တု​တော်များ​မှာ ဘုရား​ပုံစံပင် မရှိ​တော့​ပါ။ ​ဖောက်ထွင်း​ခဲ့​သော အ​ပေါက်မှာ လူတစ်​ယောက်စာ ဝင်နိုင်ပြီး​ အထဲတွင်လည်း​ တူး​ဖော်ထား​သည်ကို ​တွေ့​ရှိရပါတယ်။ စာ​ရေး​သူကျွန်​တော်က ဤဘုရား​ ကမ္ဗည်း​ကျောက်စာအား​ ​တွေ့​လို​ကြောင်း​ ​ပြော​သောအခါ၊​ မည်သူမျှ မလာဘဲ ပစ်ထား​တာကြာပြီး​ဖြစ်လို့​ ​ကျောက်စာများ​ကို နွား​ကျောင်း​သား​များ​၊​ ​တောခြံသို့​ သွား​သော က​လေး​များ​ ယူ​ဆော့​ကြ​ကြောင်း​၊​ ထို့​နောက် မ​တွေ့​ရှိ​တော့​ကြောင်း​၊​ ရွာခံလူကြီး​မှ သူဖတ်မိသည်မှာ ​အေဒီ ရ ရာစု လို့​ ဖတ်မိမှတ်မိ​ကြောင်း​ ​ပြောပါတယ်။ မိမိတို့​ ရပ်မိရပ်ဖ ရွာလူကြီး​များ​မှ ​စေတီဘုရား​အား​ သန့်​ရှင်း​ရေး​လုပ်လျှင်​သော် လည်း​ကောင်း​၊​ ဆီမီး​ထွန်း​သည်​သော်လည်း​ကောင်း​၊​ ပြုလုပ်လိုလျှင် ဒကစ အား​ တင်ပြ​နေရ၍ ​နောက်ပိုင်း​ မည်သူမျှ မလုပ်​တော့​ကြောင်း​ ​ပြောပါတယ်။ မိမိမှာ စိတ်မ​ကောင်း​ ဖြစ်ရပါတယ်။ ​သေချာ ထိန်း​သိမ်း​အပ်​သော၊​ ​စောင့်​ရှောက်အပ်​သော အရာများ​ကို စွန့်​ပစ်ထား​ကြသည်မှာ မဖြစ်သင့်​ပါ။ သက်ဆိုင်ရာ လူကြီး​များ​မှ ဦး​ဆောင်၍ ထိန်း​သိမ်း​စောင့်​ရှောက် ပြုပြင်သင့်​ပါတယ်။

ရုပ်လုံး​မ​ပေါ်​တော့​သော ရှင်ဘုရင် ဉာဏ်မစဲ
ရုပ်လုံး​မ​ပေါ်​တော့​သော ရှင်ဘုရင် ဉာဏ်မစဲ
တူး​ဖော် ​ဖောက်ထွင်း​ခဲ့​သော​နေရာ
​တွေ့​ရ​သော အုပ်ချပ်များ​
ဤပုံစံတူ ခဲဘုရား​များ​စွာကို ​ပေါက်ကုန်း​ဘုန်း​ကြီး​ကျောင်း​တွင် ပင့်​ဆောင်ထား​
ဘုရား​ဆင်း​တု​တော်များ​
​တောင်​ပေါ် တက်တက်ချင်း​ မြင်ရ​သော ရုပ်ပွား​တော်
တောင်​ပေါ် တက်တက်ချင်း​ မြင်ရ​သော ရုပ်ပွား​တော်
မြက်​တောဖုံး​လွှမ်း​နေ​သော ဘုရား​ဆင်း​တု​တော်
​စေတီရှိရာ ​တောင်ကုန်း​ပေါ်မှ မြို့​ရှောင်လမ်း​အား​ မြင်​တွေ့​ရပုံ
ယခုအခါ ​ပေါက်ကုန်ဘုန်း​ကြီး​မှ ယင်း​စေတီဘုရား​ အလှူ​ငွေများ​အား​ မိမိရွာ​ကျောင်း​ရှိ ရွာ​စေတီဘုရား​အား​ လက်ရှိထက် ဉာဏ်​တော် မြင့်​သော ​စေတီအဖြစ် တည်ရန် စကား​ဆိုပါတယ်။ သို့​သော် ရွာလူကြီး​များ​၊​ ကုသိုလ်ရှင်များ​မှ လက်မခံပါ။ မိမိတို့​ လှူသည်မှာ “ရှင်ဘုရင် ဉာဏ်မစဲ”​စေတီဘုရား​အတွက်သာလျှင် ဖြစ်​ကြောင်း​ ​ပြောကာ ​ပေါက်ကုန်း​ဘုန်း​ကြီး​အား​ ကန့်​ကွက်ခဲ့​ပါတယ်။ ထို့​ကြောင့်​ ယခုထိ ရှင်ဘုရင်ဉာဏ်မစဲ ​စေတီဘုရား​အတွက် အလှူ​ငွေများ​မှာ ရှိ​နေ​သေး​ပါတယ်။
​ပေါက်ကုန်း​ဘုန်း​ကြီး​ ဉာဏ်​တော်ထပ်မြှင့်​ချင်​သော ရွာ​ကျောင်း​စေတီ​တော်
လမ်း​ညွှန်​မြေပုံ
စာဖတ်သူများ​ သွား​ရောက်လိုပါလျှင် ပြည်မြို့​အဝင် ဆင်မကြပ်တွင် မြို့​ရှောင်လမ်း​ဟု လမ်း​ခွဲထွက်ကာ ပြည်မြို့​သစ်သို့​ သွား​ပါတယ်။ Express ကား​များ​လည်း​ ၎င်းလမ်း​မှသာလျှင် သွား​ပါတယ်။ ဆင်မကြပ်လမ်း​ခွဲနား​တွင် ခြံုပုတ်အပြည့်​ ဖုံး​လွှမ်း​သွား​သော “ရှင်ဘုရင်ဉာဏ်မစဲ” ဘုရား​ကို ဖူး​မြော် ​တွေ့​မြင်နိုင်ပါတယ်။

လင်း​ဦး​(စိတ်ပညာ)
Read More...

ကျီးသဲလေးထပ်ဆရာတော်ကြီး၏ ဆုံးမကဗျာ

ကျီးသဲလေးထပ် ဆရာတော်ကြီးသည် "ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ်ကျမ်း"ခေါ် ဆုံးမကျမ်းတစ်ကျမ်းကို ဟံသာဝတီမြို့ အစိုးရလွှတ်တော်ကြီးက မင်းအမိန့်စာနှင့်တကွ ရွှေတောင်မြို့ စစ်ကဲမင်း မောင်မှဲ့၏ လျှောက်ထား တောင်းပန်ချက်အရ အရပ်ရပ်သော လောကီကျမ်း၊ လောကုတ္တရာကျမ်းတို့ကို ကိုးကား ထုတ်နှုတ်ပြီး ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ်ကျမ်းကို ၁၂၄၂ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၀)ရက်၊ ကြာသာပတေးနေ့ ညနေသုံးချက်တီးအချိန်ကျော်တွင် ရေးသားပြီးစီးခဲ့သည်။

ကျီးသဲလေးထပ် ဆရာတော်ကြီးသည် ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ်ကျမ်းကို သက္ကရာဇ် ၁၂၄၂ ခုနှစ်တွင် ရေးသားခဲ့ခြင်းဖြစ်၍ နှစ်ကာလအားဖြင့် နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီဖြစ်သည်။ ဆရာတော်၏ ဩဝါဒကဗျာ ကို ထုတ်နှုတ် တင်ပြလိုက်ပါသည်။

သဗ္ဗပညတ်၊ အမြဲမှတ်လော့ ၊
တတ်သိစေလို၊ ပြညွှန်းဆိုအံ့၊
ကိုယ်တွင်ရောဂါ အနာရှိလျက်၊
ရက်ရက်ငယ်က၊ မကုသသော်၊
နှိုင်းဆချင့်သား၊ မဆုံးလား ။

တောင်ကိုမြင်လျှင်၊ ပြေးချင်ခုန်လွှား၊
ကျွန်ငနွား၊ ချင်းအားချင့်ကိုယ်
မပြုန်းလား ။

ကျွန်ပြောင်မထား၊ မယားမနေ၊
ယောကျ်ားလေးလည်း၊
ရွာနေလူများ မမုန်းလား ။

သားလည်းမသီး၊ သမီးမရ၊
အိုရွယ်ကျသော်၊ ဒုက္ခချင့်မှာ မဖုံးလား ။

သံလျက်ဖြစ်ငြား၊ မသွေးထားသော်၊
ချင့်အားလိုခါ၊ မတုံးလား ။

ဓမ္မသတ်တရား၊ မသင်ငြားသော်၊
စကားဆိုခါ၊ မရှုံးလား။

ငယ်ကပျော်လွန်၊ ကျမ်းဂန်တရား၊
မသင်ငြားသော်၊ မင်းပါးစိုးခွင်၊
မဝင်နိုင်ဘဲ၊ ဆင်းရဲပန်းတောင်း၊
မကောင်းသက်မွေး၊ မယဉ်ကျေးသည်၊
လူရေးလူစ မတုံးလား။

ပညာရှိများ၊ ချစ်သနားလည်း၊
တရားဟောခါ မဖုံးလား။

မိဘမသင်၊ ပွဲတွင်မတည်၊
ကုန်စည်မသွား၊ လူ့ငနွား၊
မယားချင့်ကို မမုန်းလား ။

မင်းစေလုပ်ငြား၊ လျင်ဖြတ်စားသည်၊
ယောကျ်ားလူလေ၊ လူငမွှေကို၊
ရွာနေလူများ မမုန်းလား ။

ရေမရသော်၊ တွင်းဝအထဲ၊
မြေနဲတိုင်အောင် တူး။

သလိပ်သည်းခြေ၊ သွေးလေမကောင်း၊
အနာထောင်းသော်၊
စာဟောင်း ဒေါသထုတ်။

ဥစ္စာနည်းရှာ၊ ကြွေးမြီများသော်၊
ကုန်သွား လယ်ယာလုပ်။

မိုးမရွာခင်၊ သစ်ငုတ်ဝါးရင်း၊
ကျင်းကျင်း စင်အောင်ခုတ်။

မြှုပ်၍အပင်၊ ပေါက်တုံချင်သော်၊
ကျွဲ,ဆင်, နွားတား၊ မဝင်ငြားအောင်၊
အတား စောင်ရမ်းလုပ်။

ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားတို့၊
မသွားနေ့တိုင်း၊ ကျောင်းတန်ရိုင်းသော်၊
နေ့တိုင်း နားရင်းထုပ်။

နားရင်းထုပ်လျက်၊ ဆိုနိုင်ခက်သော်၊
လက်နှင့် ပျင်းပိုးထုတ်။

ဇီဝကပင်၊ ဖြစ်လျင်ကစား၊
မခေါ်ငြားသော်၊
သွား၍ လွတ်အောင် မကုနှင့် ။

နတ်သမီးပင်၊ ဖြစ်လျှင်ကစား၊
သူ့မျောက်သားကို၊ ဖြောင့်ဖျပြောဆို
မလုနှင့် ။

သူဌေးသားပင်၊ ဖြစ်လျှင်ကစား၊
မင်းဝတ်စားကို မတုနှင့် ။

တစ်အိမ်ထွက်ဝင်၊ လင်လည်းမနေ၊
မိန်းမလေကား၊ ရင်၌ သားကို မချစ်ပါ။

တစ်ကျောင်းထွက်ဝင်၊
ကျောင်းစဉ်လှည့်လည်၊
တပည့်မည်ကာ၊ လူ့ဗာလာကား၊
ဆရာမြတ်ကို မချစ်ရာ ။

နံနက်ညခါ၊ သေစာစောင်းညှင်း၊
သီချင်းတလိုက်၊ ကြက်တိုက်အန်ခတ်၊
လည်ပတ်သွားများ၊ ထိုယောကျ်ားကား၊
ဥစ္စာများကို မချစ်ရာ ။

ကျောင်းကန်မတဲ၊ လူထဲမလာ၊
တောမှာပျော်ပိုက်၊ ခွေးတိုက်လေးထား၊
ချက်စားပြုတ်ကင်၊ လူ့ငဖင်ကား၊
သူ့အသက်ကို မချစ်ရာ၊
ကောင်းရာလားစွ၊
ကောင်းမှုဟူသည် မဖြစ်ရာ။

သမီးကညာ၊ ရွယ်ရောက်လာ၊
အခါ မလင့်ပါစေနှင့်။
အခါလင့်က ၊ အသင့်မရ၊
ယုတ်သောသူနှင့် ညားတတ်စွ။

ကိုယ်တွင်ရောဂါ၊ ကပ်ခဲ့လာ၊
အနာ မရင့်ပါစေနှင့်။
အနာရင့်က သက်နှင့်တမျှ၊
ရှိတတ်စွ။

သားငါးရဲရာ၊ သွားလာအတင့်မရဲနှင့်။
ကိုယ်နှင့်ခန္ဓာ၊ ကင်းလွတ်ကွာ၊
မကြာခဏ ပျက်တတ်စွ။

မြစ်ကြီးဂင်္ဂါ၊ ကူးသောခါ၊
၀န်ပါ မလေးပါစေနှင့်။
၀န်လေးပါက၊ လှေလေးပေါက်လျက်၊
မြစ်လည်ချက်ဝယ်၊
ယက်ယက်ခဏ နစ်တတ်စွ။

ပညာရှိလည်း၊ သတိမလျော့ပါစေနှင့်။
သတိလျော့လျက်၊ အကြံပျက်သော်၊
ကိုယ်တွင်းခဏ၊ ယုတ်တတ်စွ။

လက်မှု နှုတ်မှု၊ စုစုအတတ်၊
အရပ်ရပ်ကို မှတ်လေလူများ၊
အမျိုးသားတို့၊ မှတ်သားနိုင်က၊
ချမ်းသာရလိမ့်။

ဆုံးမပေရာ၊ လူ့လိမ္မာတို့
နည်းနာစကား ကြားဖန်များက၊
ကြီးပွားပညာ၊ ထင်ရှားရာသည်၊
လူ့ရွာ ကျော်ကျော် သဲသဲတည်း ။


လင်းဦး(စိတ်ပညာ)
Read More...

အလိမ္မာ စာမှာရှိသည်

 
“အလိမ္မာ စာမှာရှိသည်” ဟူသော စကားကို များသောအားဖြင့် ကြားဖူးကြသည်။ ဖတ်ဖူးကြသည်ဟု ဆိုရပါမည်။ စာပေကို ဖတ်၍ အသိဉာဏ်ကြွယ်ဝလျက် လိမ္မာသောသူတို့ ဖြစ်သွားကြသည်ကိုလည်း တွေ့ကြံုဖူးကြပါမည်။ စာပေကို ဖတ်သော်ငြားလည်း အသိဉာဏ်မတိုးပွားဘဲ ဆုတ်ယုတ်သွားသူတို့ကိုလည်း တွေ့မြင်ကောင်း တွေ့မြင်ခဲ့ကြပါမည်။ ကြားဖူးကောင်း ကြားဖူးခဲ့ကြပါမည်။ ထို့ကြောင့် စာပေတိုင်းတွင်ရှိသော အတွေးအခေါ်၊ အယူအဆတို့သည် လူသားအားလုံးအတွက် လိမ္မာရေးခြား ရှိနိုင်ပါသလား။ စဉ်စားသုံးသပ်ကြည့်ချင်စရာ ကောင်းပါသည်။ စာပေဟု ဆိုရာ၌ ဗရုတ်သုတ်ခ အတွေးအခေါ်တို့ ပါ၀င်သော စာပေ၊ လေးနက်သော ဘဝအသိအမြင်တို့ကို ပေးနိုင်သောစာပေ၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် အတွေးအခေါ်တို့ ပါ၀င်သောစာပေဟူ၍ စာပေ အမျိုးမျိုး ရှိပါမည်။ ဤနေရာ၌ ကျွန်တော်ပြောချင်သည်မှာ ဘာသာရေးနှင့် ပတ်သက်သော အတွေးအခေါ်တို့ ပါ၀င်သည့် စာပေတို့ကိုသာလျှင် အဓိကဖြစ်ပါသည်။

စာပေသည် အဆိပ်အတောက် ကင်းရပါမည်။ ဘာသာရေးစာပေသည် အခြားသောစာပေတို့ထက်ပို၍ အဆိပ်အတောက် ကင်းနိုင်ရပါမည်။ အဆိပ်ပင်ကို ရေးလောင်းပေးလျှင် ထိုအဆိပ်ပင်သည် ကြီးထွားရှင်သန် လာပါမည်။ အဆိပ်ပင်သည် လူတို့အား ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပို၍ အကျိုးပေးပါမည်။ ထို့အတူ အဆိပ်အတောက်မကင်းသော ဘာသာရေးစာပေတို့သည်လည်း လူတို့၏ အတွေးအခေါ် အယူအဆတို့ကို အကောင်းထက် အဆိုးဘက်သို့သာ ဦးတည်စေပါလိမ့်မည်။ မှန်ကန်သော အတွေးအခေါ်၊ အယူအဆတို့ကို သတ်ဖြတ်ပစ်ရာလည်း ရောက်သည်ဟု ဆိုနိုင်ပါမည်။ ထို့ကြောင့် အဆိပ်အတောက်မကင်းသော စာပေတို့ကို ဘာသာရေး စာရေးဆရာတို့အနေဖြင့် လုံးဝ မရေးသားသင့်ပါ။ ဘာသာရေးစာပေတို့ကို မြတ်နိုး လိုက်စားနေသူတို့ အနေဖြင့်လည်း လုံးဝ မဖတ်သင့်ဟု ထင်ပါသည်။

မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသည်ဟု ကမ္ဘာက သိနေကြ၏။ ကမ္ဘာက သိနေကြသည့်အတိုင်း ထေရဝါဒ ဗုဒ္ဓဘာသာ ပီသဖို့ လိုပါသည်။ “ပီသဖို့”ဆိုရာ၌ ထေရဝါဒ ဗုဒ္ဓဘာသာ တရားတော်နှင့်အညီ ချမှတ်ထားသော လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးခြင်းတို့ကို ဆိုလိုပါသည်။ လိုက်နာကျင့်သုံးခြင်းသည် ချမှတ်ထားသော လမ်စဉ်တို့ကို သိနေမှ ဖြစ်နိုင်ပါမည်။ ထိုအခါ လမ်းစဉ်တို့ကို သွန်သင်ပြမည့်သူ၊ လမ်းစဉ်ကို မီးမောင်းထိုးပြမည့်သူတို့ လိုအပ်လာပါမည်။ လိုအပ်ချက်တို့ကို ဖြည့်ဆည်း ပေးနိုင်မည့် ပုဂ္ဂိုလ်တို့သည် ဆရာတော်များ၊ ဘာသာရေးတတ်ကျွမ်းသည့် လူပုဂ္ဂိုလ်များ၊ ဘာသာရေး အတွေးအခေါ်တို့ကို တိကျမှန်ကန်စွာ ရေးသားကြသော စာရေးဆရာတို့ပင် ဖြစ်ကြပါ၏။

ယခုအခါ မြန်မာနိုင်ငံ၏ စာပေလောက၌ မဂ္ဂဇင်း၊ ဂျာနယ်စသော စာစောင်တို့ အများအပြား ပေါ်ထွက် နေကြ၏။ တချို့ မဂ္ဂဇင်း ၊ ဂျာနယ်တို့သည် ဘာသာရေး သီးသန့်မဟုတ်ကြသော်လည်း ဘာသာရေးနှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာတို့ ပါ၀င်ထည့်သွင်းတတ်ကြ၏။ ပါ၀င်ထည့်သွင်းထားသော ဆောင်းပါး၊ ကဗျာတို့ကိုလည်း ထေရဝါဒ ဗုဒ္ဓဘာသာတရားတော်နှင့် ညီ မညီ အယ်ဒီတာတို့က သုံးသပ်သင့်ပါသည်။ မိမိတို့ အမှန်တကယ် မသိလျှင်လည်း တတ်ကျွမ်းသည့် ပုဂ္ဂိုလ်တို့ထံ မေးမြန်း၍ မိမိတို့ မဂ္ဂဇင်း၊ ဂျာနယ်တို့၌ ထည့်သုံးသင့်ပါက ထည့်သုံးရပါမည်။ ပယ်သင့်ပါက ပယ်ရပါမည်။ ပြင်ဆင်သင့်ပါက ပြင်ဆင်ရပါမည်။ သို့ဖြစ်မှသာ စစ်မှန်သော ဘာသာရေး၊ အသိပညာတို့ကို တိုးပွားစေသော ထေရဝါဒ ဗုဒ္ဓဘာသာစာပေတို့ ဖြစ်လာပါမည်။

လူတို့သည် အစွဲအလန်း အလွန်ကြီးမားကြပါသည်။ လှေနံ ဓါးထစ်၊ တစ်သမတ်တည်း ယူဆတတ်သူ၊ ငါထင်တာမှန်သမျှ လုံးဝမှန်ကန်သည်ဟု ယူဆတတ်သူတို့ အများအပြား ရှိကြပါသည်။ ထိုသူတို့ထံသို့ ဟိုဟာ ဟုတ်နိုး၊ ဒီဟာ ဟုတ်နိုးစသည့် အတွေးအခေါ်၊ အယူအဆတို့ကို ညစ်နွမ်းစေသော ယောင်ဝါးဝါးစာပေတို့ ရောက်ရှိသွားပါက အမှန်သည် အမှားဖြစ်၍ အမှားသည် အမှန်ဖြစ်သွားနိုင်ပါသည်။ ထိုသို့ မဖြစ်ခဲ့လျှင်သော်မှ ငါဖတ်ဖူး ကြားဖူးခဲ့သည်က တစ်မျိုး၊ ယခု ဖတ်လိုက်ရသည်က တစ်မျိုး၊ ဘယ်အရာက မှန်ပါလိမ့် စသည်ဖြင့် သံသယကို ထုံမွမ်းထားသော အမြင် အတွေးတို့ဖြင့် ဘာသာရေး အတွေးအခေါ်၊ အယူအဆများ ကျဉ်းမြောင်း သွားနိုင်ပါသည်။

ထင်ရှားသော ဥပမာကို ပြရလျှင် ထေရဝါဒ ဗုဒ္ဓစာပေ၌ လုံးဝမပါရှိသော “သူရဿတီမယ်တော်”သည် ထေရဝါဒ ဗုဒ္ဓဘာသာဟု ခံယူထားကြသူအချို့က ဗုဒ္ဓ၏ ပိဋကတ်သုံးပုံကို စောင့်ရှောက်သော နတ်သမီးအဖြစ် လက်ခံယူဆနေကြ၏။ ထိုအယူအဆအား ကျွန်တော် လုံးဝ ကန့်ကွက်ပါသည်။ နောက်တစ်ခုက သာသနာတော် အနှစ်ငါးထောင်တွင် ဘုရားရှင်ထားတော်မူခဲ့သော သာသနာ အနှစ် နှစ်ထောင်ငါ့ရားသည် ကုန်ဆုံးသွားပြီဖြစ်၍ ယခုအခါ သိကြားမင်း စောင့်ရှာက်သော သာသနာအနှစ် နှစ်ထောင့်ငါးရာသာ ကျန်တော့သည်ဟု ယူဆလက်ခံနေကြသူတို့က ရှိသေး၏။ ထိုအရာတို့သည် စာပေရေးသားမှုမှတစ်ဆင့် ပေါ်ပေါက်လာသော အတွေးအခေါ်၊ အယူအဆတို့ပင် ဖြစ်ပါသည်။

စာပေရေးသားသော စာရေးဆရာတို့ ရှိနေပါလျှင် စာပေကို ဖတ်ရှုနေကြသော စာဖတ်ပရိသတ်လည်း ရှိနေပါမည်။ ထိုအခါ စာရေးဆရာဟု အမည်ခံထားသူတို့၌ လုံးဝတာဝန်ရှိသွားပြီဟု ဆိုရပါမည်။ ဘာကြောင့် ဤသို့ ပြောဆိုရပါသနည်းဟု မေးလာခဲ့လျှင် အဖြေသည် ရှင်းရှင်းလေးပင်ဖြစ်ပါ၏။ “လူအများစုတို့သည် ယုံလွယ်ကြသောကြောင့်” ဟု ဖြေရပါလိမ့်မည်။ ယုံလွယ်ကြသူတို့၏ သန္တာန်၌ မှားယွင်းသည့် အတွေးအခေါ်၊ ယောင်ဝါးဝါးဖြစ်စေမည့် အတွေးအခေါ်၊ အယူအဆတို့ ၀င်ရောက်သွားနိုင်သည့် စာပေတို့ကို ရေးသားခြင်း၊ ဖော်ပြခြင်း မပြုသင့်ပါ။ ရေးသားဖော်ပြလျှင်လည်း ထိုစာပေသည် “အလိမ္မာ စာမှာရှိသည်”ဟူသော ဆိုရိုးစကားကို ဖျက်ဆီးရာရောက်သည်။ စာဖတ်ပရိသတ် အနေဖြင့်လည်း ကျော်လွှား၍ ဖတ်ရှု့သင့်ပါသည်။

ဘာသာရေးစာစောင် အမည်ခံထားသော မဂ္ဂဇင်းတစ်ချို့၌ပင် ဘာသာရေးနှင့် လုံးဝမပတ်သက်သော ယောင်ဝါးဝါးစာပေတို့ ပါလာတတ်၏။ ဥပမာ-သက်သက်လွတ်စားမှ အကျင့်မြတ်သယောင်ယောင်၊ မီးလွတ်၊ ရေလွတ် စားသုံးမှ ပုဂ္ဂိုလ်ထူး ဖြစ်သယောင်ယောင်၊ ဘယ်ရိပ်သာသို့သွား၍ တရားအားထုတ်လိုက်ပါမှ တရားထူးတွေ့သယောင်ယောင် စသည့် ယောင်ခြောက်ဆယ် အရေးအသားတို့ဖြင့် အမွှမ်းတင် ရေးသားကြသည်တို့ ဖြစ်၏။ ထိုအရေးအသားတို့တွင် “ရဟန္တာ”ဆိုသည်က ပါပြန်သေး၏။ ရဟန္တာ မရှိဟု မဆိုလိုပါ။ သာသနာတော် မကွယ်ပျောက်သရွေ့ ရဟန္တာ မဆိတ်သုဉ်းကြောင်း ပိဋကတ်တော်စာပေ၌ အခိုင်အမာ ရှိပါသည်။ သို့သော် အရေးအသားတို့ကို ထိန်းထိန်းသိမ်းသိမ်း ရှိ့ဖို့လိုပါသည်။ အထက်၌ ဖော်ပြခဲ့သော ရေးသားမှုမျိုးသည် သဒ္ဓါတရားကို ထက်သန်စေနို်င်သော်လည်း အသိပညာတို့ကိုတော့ ထက်သန်စေနို်င်မည် မဟုတ်ပါ။

အသိပညာ တိုးပွားစေကြောင်းကို ရေးသားလိုလျှင်လည်း သက်သက်လွတ်စားသုံးမှုကြောင့် ကိုယ်ခန္ဓာသည် မည်သို့ မည်ပုံ ကျန်းမာရေးနှင့် ညီညွတ်သည်၊ မည်သို့မည်ပုံ အာဟာရနှင့် ညီညွတ်သည် စသဖြင့် ကျန်းမာရေးရှုထောင့် အသီးသီးမှ ရေးသားတင်ပြသင့်ပါသည်။ ဘာသာရေးရှုထောင့်တို့တွင်လည်း ထို့အတူ မှန်ကန်သော သုံးသပ်တင်ပြမှုမျိုးတို့ကိုသာ ရေးသားတင်ပြသင့်ပါသည်။

ဘာသာရေးရှုထောင့်တို့၌ “နိဗ္ဗာန်”သည် မည်ကဲ့သို့သဘော အဓိပ္ပါယ်ရှိသည်ကို လည်းကောင်း၊ “ကံကံ၏ အကျိုးတရား”တို့သည် ဘယ်ပုံ၊ ဘယ်ကဲ့သို့သော ဥပမာနှင့် တူသည်ကို လည်းကောင်း၊ “ထေရဝါဒ ဗုဒ္ဓဘာသာ”သည် ဘယ်လို အဓိပ္ပါယ်ရှိသည်ကိုလည်း ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဆန့်ကျင်သော သုံးသပ် တင်ပြမှုတို့ဖြင့် ရေးသားတင်ပြသင့်ပါသည်။ ရဟန္တာနှင့် ပတ်သက်လျှင် “ဘယ်မြို့၊ ဘယ်ဒေသ၌ရှိသော ပုဂ္ဂိုလ်သည် အကျင့်သီလနှင့် အလွန်ပြည့်စုံနေပြီး ရဟန္တာဟု ထင်ရကြောင်း ၊ ရဟန္တာတမျှဖြစ်ကြောင်း” စသည်ဖြင့် ရေလာမြောင်းပေး စကားမျိုး၊ ထင်ယောင်ထင်မှားဖြစ်စေနိုင်သော စကားမျိုးတို့ဖြင့် ရေးသားတင်ပြမှုမျိုး မပြုသင့်ပါ။ ထို့ကြောင့် စာပေရေးသားနေကြသော စာရေးဆရာတို့သည် မိမိတို့ရေးသား တင်ပြမှုသည် အဆိပ်အတောက် ကင်း မကင်း ဆိုသည်ကို အမြဲတမ်း သတိထား၍ ရေးသားတင်ပြသင့်ပါသည်။

“အများသိလျှင် ဤ ကို ကျွဲ” ဖတ်ချင်ကြသော ယခုခေတ်၌ ဘာသာရေးနှင့် ပတ်သက်လာလျှင် အမှားအယွင်း ဖြစ်စေနိုင်သော အတွေးအခေါ်၊ အယူအဆတို့ ပါ၀င်သည့် ရေးသားမှုတို့ကို ရေးသားတင်ပြခြင်း မပြုလုပ်ပါရန် ထပ်မံ၍ မေတ္တာရပ်ခံအပ်ပါသည်။ ကျွန်တော့်အနေဖြင့် “အားလည်းနာတယ်၊ ပြောလည်းပြောချင်ပါတယ်၊ ပြောလည်းပြောပြီးသည့် အနေအထားလည်း ဖြစ်သွားပါပြီ ”။

နောက်ဆုံးပြောချင်သည်မှာ “ချွန်ချင်လွန်းလျှင်လည်း တုံးတတ်သည်၊ သွန်သင်လွန်းလျှင်လည်း မုန်းတတ်သည်” ကိုသာ ရင်တွင်းခံယူ ရေးသားလိုက်ရပါသည်။

(ကျွန်တော်၏ ဤဆောင်းပါးအား ပြန်လည် တင်ပြရခြင်းမှာ ယခု Blog အသိုင်းအဝိုင်းနယ်ပယ် တွင်လည်း ထိုကဲ့သို့ ဗုဒ္ဓဘာသာအား စော်ကားစွာ၊ အပြစ်အနာဆာများဖြင့် ရှုတ်ချနေကြသည်တို့အား တွေ့မြင်နေရခြင်း ၊ အချို့ Blog ရေးသူများ ဗုဒ္ဓဘာသာ ဘာသာရေးအကြောင်း ရေးနေသော်လည်း မိမိရေးသားသော စာသည် ဖတ်သူအဖို့ မည်သို့သော လမ်းကြောင်းများ မှားယွင်းစွာ တွေးတောသွားနိုင် ကြောင်းများကို စာဖတ်သူ၊ Blog ဖတ်သူများ၊ရေးသူများ သတိပြု ဆင်ခြင်သင့်သည်ဟု ထင်မြင်မိ၍ ယခုတစ်ဖန် ပြန်လည်တင်ပြရခြင်း ဖြစ်ပါသည်၊ မိမိ၏ ဆောင်းပါးအား ဖတ်ရှု့ကာ သတိပြုဆင်ခြင်နိုင်ကြပါစေ ။ )
လင်းဦး (စိတ်ပညာ
Read More...

ဘဘဆရာကြီး အီကြာကွေးရဲ့ ပျော်မှာပေါ့ ........ သူတို့ ပျော်မှာပေါ့

မိုးတွင်းကာလ ဖြစ်လင့်ကစား ဟိုနား ဒီနား ပြောက်တိ ပြောက်ကျား ပူးနောင်ချပ်ခြိမ်း နောင်ချပ်ခြိမ်း ဆိုင်းသံဖြင့် နတ်က နေသည်ကို မြင်ရသည်။ မိုးတွေက တအုံးအုံးရွာ၊ ဆိုင်းက တငြိမ့်ငြိမ့်တီး၊ နတ်က မနားတမ်းက၊ ကြည့်တဲ့လူတွေက မိုးစိုခံ ၊ မိုးပက်ခံပြီး ထီးဆောင်းကြည့်၊ အလုပ်ကြီး အကိုင်းကြီးတွေဆိုတာ သူတို့မှ အစစ်။ “နတ်ကရာ ကြည့်မော့”ဟု ရှေးလူကြီးများ ဆိုရိုးစကားရှိသည်။ ဘာမဟုတ် ညာမဟုတ် နတ်ဝင်သည်တွေ မူးရူး ခုန်ပေါက် ကနေသည်ကို အလုပ်ပျက်ခံ၊ အချိန်ကုန်ခံ၍ သွားကြည့်သူက ရှိသေးသည်။

“နတ်ရူးဘုံမြှောက်” ဟုလည်း စကားရှိပြန်သည်။ ၃၇-မင်း နတ်များမှာ ဘာဘုံမှ မရှိ။ ဘုံမပြောနှင့် လေးတိုင်စင်တောင် မရှိ။ သူတို့ကို ကိုးကွယ်သူတွေက ဆောက်ပေးမှ စင်နှင့်နေရသည်။ နတ်ရူးဘုံမြှောက် စကားထက် “နတ်ရူးဗုံမြှောက်” စကားကို ဂုရုကွေး ပိုသဘောကျသည်။ ပူးနောင်ချပ်ငြိမ်း နောင်ချပ်ခြိမ်းဟု ဆိုင်းသမားက ဗုံနှင့်မြှောက်ပေးလိုက်လျှင် နတ်ဝင်သည်က အရူးပမာ ခုန်ပေါက်မြောက်ကြွကာ ကွေးနေအောင် ကသည် မဟုတ်ပါလော။ ဒါကို ခေါင်းဖြူစွယ်ကျိုးတွေက လက်အုပ်ချီမိုး ရှိခိုးကာ (ကျွန်တော်မျိုးမ အမိုက်အမဲလေးတွေကို ခွင့်လွှတ်ပါ) တဲ့ ။ အမိုက်အမဲလေးတွေ မဟုတ်။ အမိုက်အမဲကြီးတွေ ဖြစ်သည်။ သူတို့ အရွယ်မှာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ရမည်။ ဘာမဟုတ်သည့် နတ်တွေကို သွားကိုးကွယ်နေခြင်းမှာ မိုက်မဲခြင်း ဖြစ်သည်။ ထို အမိုက်အမဲကြီးများကား ငယ်ရွယ်စဉ်က စ၍ ယခုအရွယ်အထိ အစဉ်တစိုက် ရူးလာသော နတ်ရူးများသာ ဖြစ်ပေသည်။

ကနားစီးနှင့် အင်တာဗျူး
“တုတ်စာရှိလားဟေ့............”
အိမ်ပေါက်ဝတွင် ရပ်ပြီး ခုနှစ်မောင်းတင်၍ ဟစ်လိုက်သော ဂုရုကွေး၏အသံကြောင့် တစ်အိမ်လုံး ယောက်ယက်ခတ်သွားသည်။ အတန်ကြာမှ (ရှိပါတယ်၊ ကျွန်တော်မျိုးမ တုတ်စာ ရှိပါတယ်) ညှောင်နာနာ ဖြေသံနှင့်အတူ အိမ်တံခါးပွင့်လာသည်။ တံခါးဝတွင် ယောကျ်ားစစ်စစ်ဧကန်ဖြစ်ပါလျက် အားနွဲ့သည့် မိန်းမသားလို ကနွဲ့ကလျ ရပ်နေသော ကနားစီး ဥက္ကလာ တုတ်စာ။
“ဟောတော့၊ ဒုက္ခပဲ။ အကုသိုလ်တော့ အပြားလိုက် ကပ်ပါပြီ။ ဂျာနယ်ထဲက ရေးလိုက်တာနဲ့တင် ကျွန်တော်မျိုးမတို့ ကြောက်ပြီးသားပါ။ ခုလို အိမ်တိုင်ရာရောက် လိုက်လာတယ်ဆိုတော့..........”
ဂုရုကွေးကို မြင်လိုက်သည်နှင့် အခြောက်တုတ်စာ ပျာနေအောင် ကြောက်သွားသည်။ ပက်ပင်းသား မိထားပြီ ဆိုတော့ ထွက်ပြေး၍လည်း မရတော့ ။

“အကုသိုလ် အပြားလိုက် ကပ်တာတွေ၊ အလုံးလိုက် ဆောင့်တာတွေ၊ အတောင့်လိုက် ၀င်တာတွေ ဒါတွေထား။ အိမ်အထိ လိုက်လာတာက နင့်ကို ဗျူးစရာရှိလို့ လိုက်လာတာ။ သစ်သားကို ပန်းပုထု ၊ ဆေးခြယ်ပြီး နင်တို့ လုပ်စားနေတဲ့ အရုပ်တွေနဲ့ ပတ်သက်ပြီး မေးစရာတွေ ရှိတယ်”
“ဟုတ်ကဲ့ ......မေးပါ....မေးပါ ”
“နင်တို့ရဲ့ အရုပ်တွေက မျက်လုံးပြူးပြူးတို့၊ ပါးစပ်ပြဲပြဲတို့၊ သွားခေါခေါတို့ ဒါမျိုးတွေချည်းပဲ။ ဓါးထမ်းတာတို့၊ ကျားဘေးက ရပ်နေတာတို့ ၊ ခေါင်းမှာ ချိုနှစ်ချောင်း ပေါက်နေတာတို့ ဒါတွေလဲ ပါသေးတယ်။ ဒါက နတ်ယုံသူတွေ၊ အသိဉာဏ် အဆင့်နိမ့်တဲ့သူတွေကို ချောက်ထားတာ မဟုတ်လား”
“ဂုရုကြီးကလဲ ၊ ဒီလို ပြူးချောက်၊ ဖြဲချောက်ထားမှ သူများတို့ အလုပ်ဖြစ်တာ၊ သူတို့ကြောက်ပြီး ကနားကြီး ပေးရမယ်၊ မပေးရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် ၊ ဘာညာကွိကွ၊ ကနားခွင်ရိုက်လိုက်တော့.....ဟော.... သူများတို့လဲ ဖွတ်ကလိ ဒင်္ဂါးတွေ အထပ်လိုက်ရတယ်။ သူများတို့နဲ့ ပူးတွဲလုပ်စားနေတဲ့ နတ်ဆိုင်းသမားတွေလဲ စို့စို့ပို့ပို့ ရတယ်”

“နင်တို့ အရုပ်တွေရဲ့ မျက်ခွက်ကို မိုးဒီတို့၊ မော့စ်တို့၊ အရိုင်းတို့၊ ကုသိုလ်တို့လို စပ်ဖြဲဖြဲရုပ်တွေ ထုကြည့်စမ်း၊ ဘာဖြစ်မလဲ”
“နတ်ယုံတဲ့သူတွေ ဘယ်ကြောက်တော့မလဲ၊ ရယ်ကုန်ကြမှပေါ့။ တမင် မကြောက်ကြောက်အောင် ချောက်ထားတာပါလို့ ဆိုနေမှ..... ဟင့် ...သူများပြောရင်း ပြောရင်းနဲ့ အတွင်းရေးတွေ ပေါ်ကုန်တော့မယ်”
“အေး........ ငါကလည်း မပေါ်ပေါ်အောင် ဗျုးမှာပဲ။ ကနားတွေမှာ နဖူးသည်း ပိတ်စကို ဘာကြောင့် အနီရောင် သုံးသလဲ။ နတ်ဝင်တာလဲမဟုတ်။ အင်ပြီးလိမ်ပြီး တစ်ကိုယ်လုံး ဓါတ်လိုက်ခံရသလို တုန်တုန် တုန်တုန်လှုပ်တဲ့ အခါ နင်တို့ခေါင်းမှာ ဘာလို့ ပဝါနီတွေ ပတ်ထားတာလဲ။ နင်တို့ ရင်ဘတ်မှာ ဘာကြောင့် ပဝါနီတွေ စည်းထားတာလဲ”
“ဂုရုကြီးကလဲ... အနီရောင်က အပူရောင်လေ။ လူကြောက်အောင် တမင်အနီရောင်ကို သုံးတာ”
“ကနားနဖူးစည်းကို အအေးရောင်ဖြစ်တဲ့ အစိမ်းနု၊ အပြာနုလေးတွေ သုံးမယ်၊ ခေါင်းစည်းပဝါ၊ ရင်စည်းပဝါတွေကို အရောင်နုနု၊ အရောင်ဖျော့ဖျော့လေးတွေ သုံးမယ်ဆိုရင်.....”
“နတ်တွေဟာ ကြောက်စရာ အကောင်းဘဲ ဖက်နမ်းချင်စရာ ကောင်သွားမှပေါ့လို့ ”

“ငါငယ်ငယ်က ဓနုဖြူမှာ နေကတည်းက ယိမ်းက ဖူးတယ်။ အရပ်ပြဇာတ်တွေ ကတယ်။ ရွှေမန်းသဘင်မှာ ရှေ့ပိုင်းပြဇာတ် ဒါရို်က်တာ လုပ်ဖူးတယ်။ ဇာတ်အကြောင်း၊ ဆိုင်းအကြောင်း အထိုက်အလျောက် တီးမိ ခေါက်မိတယ်။ ဇာတ်ဆိုင်း၊ ဗလာဆိုင်း၊ နတ်ဆိုင်း ဆိုင်းသုံးမျိုးမှာ နတ်ဆိုင်းက ပတ်မများကို ထုရတယ်။ စည်ကို များများခေါက်ရတယ်။ ဒါဟာ နတ်ကနေတဲ့ နင်တို့ကို မမြောက်မြောက်အောင် လုပ်ပေးတာပဲ။ ဆိုင်းနဲ့ ပံ့ပိုးပေးရတာပဲ။ နတ်ရူဗုံကပ် ရှေးစကားအတိုင်း နင်တို့ ကလို့ရအောင် ဗုံနဲ့ မြှောက်ပေးတာပဲ”
“မှန်ပါတယ် ဂုရုကြီး။ ကနားပွဲမှာ ဘင်ဂျိုတွေ၊ မယ်ဒလင်တွေ၊ စန္ဒရားတွေ၊ တယောတွေ၊ ခြောက်လုံးပတ်တွေနဲ့ သီချင်းကြီး တူရိယာအဖွဲ့လို လုပ်လို့ မရဘူး။ စည်တိုနှစ်လုံး၊ သုံးလုံးထားပြီး တမင် မဆူဆူအောင်၊ နားမငြီးငြီးအောင် ၊ အရပ်အခေါ် (ဆူတီး)ပေါ့။ နားနားတီးပေးရတယ်။ နာနာခေါက်ပေးရတယ်။ နတ်ဆိုင်း အဆိုတော်ကလဲ အသံကုန် အသံပြဲနဲ့ နာနာဆိုပေးရတယ်။ ဆိုင်းသမားတွေကလဲ ဟေးလားဝါးလားနဲ့ နနာအော်ပေးရတယ် ။ သူများတို့တစ်တွေ နာနာအော်လေး ကနားရှင် နာနာအထိနာလေ၊ ဖွတ်ကလိ ဒင်္ဂါးတွေ သိန်းချီနာပြီ မဟုတ်လား”

“ဆိုင်းသမားနဲ့ နင်တို့ပင်းပြီး ကနားရှင်ကို မြှောက်လုံးကလေးတွေ၊ ပင့်လုံးကလေးတွေ လုပ်တာ ငါသိထားတယ်။ လေ့လာထားတယ်။ ဥပမာ - ဒကာဆိတ်က ကနားပေးတယ် ဆိုပါတော့။ နင်တို့ ဘာဆိုသလဲ (နေ့ရော ညရော အရောင်မမှိန် တကာဆိတ်တို့ အိမ်)၊ ငါပျော့ ပေးတယ်ဆိုလဲ (နေ့ရော ညရော အရောင် မမှိန် ဟာကြူလီ ငပျော့တို့အိမ်) ၊ ဒါပဲ မဟုတ်လား။ ကနားရှင် နာမည်သာပြောင်းသွားတယ်။ မြှောက်လုံး ပင့်လုံးကတော့ ဒါပဲ ”
“ဂုရုကြီးက အကုန်သိနေတော့ သူများတို့ ရှေ့ရေး ရင်လေးစရာပဲ”
“ဘာမှ ရင်လေးမနေနဲ့။ နတ်ကတော် အတွင်းရေးဆိုပြီး နံပါတ်စဉ်တပ်ပြီး လျှောက်ရေးဖို့ အချက်အလက်တွေ စုထားပြီးပြီ။ အလျဉ်းသင့်တဲ့အခါ ဂျာနယ် တစ်စောင်စောင်ကနေ ငါဖွင့်ချမယ်။ နင်တို့ အရုပ်တွေမှာ ဘာတန်ဖိုးရှိလဲ”
“သူများတို့ ဒါတွေနဲ့ လုပ်စားနေတာပဲ၊ သူများတို့ အသိဆုံး၊ ဘာတန်ဖိုးမှ မရှိဘူး”

“နတ်ယုံတဲ့သူတွေ၊ အသိဉာဏ် နိမ့်ပါးတဲ့ သူတွေကို အရုပ်နဲ့ချောက်၊ အရောင်နဲ့ချောက်၊ အတီးနဲ့ ချောက်ပြီး နည်းမျိုးစုံနဲ့ လုပ်စားနေတဲ့ နင်တို့တစ်တွေ အရုပ်ကို ကြောက်သလား၊ ငါ့ကလောင်ကို ကြောက်သလား”
အီကြာကွေး

လင်းဦး (စိတ်ပညာ)

Read More...

Twitter

 
Copyright (c) 2010 Myanmar Blogger byLin Oo