Showing posts with label အမြင်များ. Show all posts
Showing posts with label အမြင်များ. Show all posts

ဧရာဝတီဆိုတဲ့​ ​သွေး​


ဧရာဝတီမြစ်​ပေါ်၌ (၁၅၂)​ပေမြင့်​သော ကမ္ဘာ​ပေါ်တွင် (၁၅)ခု​မြောက် အကြီး​ဆုံး​ မြစ်ဆုံ​ရေကာတာ တည်​ဆောက်ခြင်း​စီမံကိန်း​နှင့်​ ပတ်သက်၍ အသိပညာရှင်၊​ အတတ်ပညာရှင်များ​အပြင် စာ​ပေ၊​ ဂီတ အနုပညာရပ်ဝန်း​တစ်ခုလုံး​မှ ဤစီမံကိန်း​အား​ တား​မြစ် ရှုတ်ချ​နေသည်ကို ​တွေ့​နေ ကြား​နေရသည်။

ဧရာဝတီကို ​တေး​ရေး​ဆရာ၊​ အဆို​တော်​တွေ ရာဇဝင်ထဲက သတို့​သမီး​အဖြစ်၊​ သက်ရှိမြစ်အဖြစ် ခံစား​ကြသည်၊​ ကဗျာဆရာ​တွေရဲ့​ ခံစား​ကြည်နူး​စရာ မြင်ကွင်း​ အိမ်မက် ဖွဲ့​တည်ရာဖြစ်သည်။ အနုပညာ ခံစား​သူတို့​၏ အ​တွေး​၊​ အ​ရေး​တို့​နှင့်​ ပြည့်​နှက်​နေ​သော မိခင်ဧရာဝတီအား​ အလှပျက်စီး​စေမည့်​ စီမံကိန်း​ကြီး​ကို ​တွေး​ပြီး​ စိတ်မ​ကောင်း​ဖြစ်မိသည်။ ထို့​ထက် မှီတင်း​ အသက်ရှင်် လုပ်ကိုင်​နေကြ​သော ပြည်သူများ​အ​ပေါ် သက်​ရောက်နိုင်​သော ​နောက်ဆက်တွဲ ​ဘေး​ဒုက္ခဆိုး​များ​ကို သိရသည့်​အခါ စိုး​ရိမ်ထိတ်လန့်​မှုများ​ ပိုမိုပြင်း​ထန်လာခဲ့​သည်။
တက်ကြွစွာ ပါဝင်လှုပ်ရှား​နေ​သော ရဲတိုက် (ဓါတ်ပုံ-ဧရာဝတီ)

သဘာဝဆိုး​ကျိုး​များ​ ဖြစ်​ပေါ်နိုင်ပြီး​ ရာသီဥတု​ပြောင်း​လဲမှုများ​၊​ လူ​တွေပင်မဟုတ်ဘဲ၊​ သဘာဝဇီဝ​ပြောင်း​လဲမှု​ကြောင့်​ ဧရာဝတီ​ပေါ်တွင် ​ပေါက်ဖွား​ရှင်သန် ​နေထိုင်ကြ​သော ငှက်များ​၊​ ငါး​မျိုး​စိတ်များ​၊​ ဧရာဝတီလင်း​ပိုင်များ​ ​သေဆုံး​ ​ပျောက်ရှသွား​မည်။ ဤကဲ့​သို့​သော ဆိုး​ကျိုး​များ​ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့​အစည်း​များ​က လစ်လျူရှူပြီး​ လုပ်ကိုင်​နေကြသည်။

ကချင်လူငယ်ကွန်ယက်မှ ထုတ်​ဝေ​သော စာများ​အား​ ဖတ်ကြည့်​ရာ ဆည်အတွင်း​ရေများ​ ​ရေ​သေဖြစ်​နေပါက ပုပ်သိုး​လာ​သော ဇီဝရုပ်ကြွင်း​များ​ကို စား​သုံး​နေထိုင်ကြ​သော ဘတ်တီး​ရီး​ယား​များ​က ​ရေထဲတွင် ရှိ​နေ​သော ပြဒါး​ဓါတ် (မာကျူရီ)များ​ကို မီသိုင်း​မာကျူရီ (methylmercury) အဖြစ်သို့​ ​ပြောင်း​လဲ​ကြောင်း​၊​ ထိုပြဒါး​ဓါတ်များ​သည် လူများ​ကို ဒုက္ခ​ပေး​နိုင်​ကြောင်း​ ​ရေး​သား​ထား​ကို ဖတ်ရ၍ အသက်အန္တရာယ်ကို တိုက်ရိုက် ဒုက္ခ​ပေး​နိုင်​ကြောင်း​ သိရသည်။

ဧရာဝတီမြစ်​ရေကာတာကြီး​ ​ဆောက်လုပ်ပြီး​စီး​သည်ဆိုကြပါစို့​………။ ဆည်ကျိုး​လျှင် ဖြစ်​ပေါ်လာမည့်​ အန္တရာယ်များ​၊​ လူ့​အသက်ဆုံး​ရှံုမှုများ​အတွက် တရုတ်ကုမ္ပဏီနှင့်​ အစိုး​ရတာဝန်ရှိသူများ​ မည်သို့​မည်ပုံ တာဝန်ယူ​ပေး​မည်နည်း​။

အကျိုး​အမြတ်တဲ့​လား​။……..။ တရုတ်ကုမ္ပဏီမှ ရ၀%၊​ မြန်မာအစိုး​ရမှ ၂၀ %၊​ ကျန် ၁၀% အား​ အကျိုး​ဆောင်ပွဲစား​ကုမ္ပဏီအား​ ​ပေး​ရမည်။ ကိုယ့်​နိုင်ငံတွင်​ဆောက်လုပ်ခွင့်​ပေး​သည်၊​ လျှပ်စစ်မီး​အား​ တရုတ်ကယူမည်။ အမိ​မြေရှိ တိုင်း​ရင်း​သား​များ​၏ အသက်အန္တရာယ်များ​နှင့်​အတူ သဘာဝရင်း​မြစ်များ​ဆုံး​ရှံုး​မှုများ​ကို အကျိုး​အမြတ် ၂၀% နှင့်​ လဲယူမည်။ ကိုယ့်​နိုင်ငံကပဲ အကုန်အကျခံကာ ​ဆောက်ပြီး​ ၁၀၀% အကျိုး​အမြတ်ရယူမည်ထား​ဦး​….၊​ ထိုအ​ပေး​ယူသည် ထိုက်တန်သည်လား​။ ထို့​အပြင် အမိဧရာဝတီမြစ်​ပေါ် လုပ်ကိုင်စား​သောက်​နေကြ​သော အလွှာမျိုး​စုံ လူတန်း​စား​မျိုး​စုံအား​ မည်သည့်​နည်း​လမ်း​ဖြင့်​ အသက်ရှင်​နေထိုင်စား​သောက်ခွင့်​ ​ပေး​မည်နည်း​။

ဧရာဝတီမြစ်ဆုံစီမံကိန်း​အ​ပေါ် ကန့်​ကွက်မှုသည် ပါတီ နိုင်ငံ​ရေး​မဟုတ်။
ဧရာဝတီမြစ်ဆုံစီမံကိန်း​အ​ပေါ် ရှုတ်ချမှုသည် နိုင်ငံ​တော်ပုန်ကန်မှုမဟုတ်။
ထို့​ထက် အ​ရေး​ကြီး​သော တစ်မျိုး​သား​လုံး​အတွက် ပူး​ပေါင်း​ပါဝင်သင့်​သော အမျိုး​သား​ရေး​တာဝန် အဖြစ် မှတ်ယူကြ​စေလိုပါသည်။ 


ဧရာဝတီမြစ်သည် ယဉ်​ကျေး​မှုအဆင့်​အတန်း​မြင့်​လှသည်ဟုဆို​သော မြန်မာနိုင်ငံ ​ပေါ်ထွန်း​လာရန် အဓိကကဏ္ဍက ပါဝင်​နေသည် မဟုတ်ပါ​လော။ ယခုအခါ မိခင် ဧရာဝတီမြစ်ကြီး​အား​ တိမ်​ကော ပ​ပျောက်ရန် ပြုလုပ်ကြံစည်​နေ​သော ထိုစီမံကိန်း​အား​ လုံး​ဝ လုံး​ဝ ကန့်​ကွက်သည်။ ​မြောက်များ​စွာ​သော အ​သွေး​အသား​နှင့်​အတူ အသက်ဆက်ခွင့်​ပေး​နေ​သော မြစ်ဧရာဝတီကြီး​အား​ စာ​ရေး​သူတို့​ ကာကွယ်ရမည့်​ အချိန်ဖြစ်​နေ​ပေပြီ။ ဆရာ ​မောင်စိန်ဝင်း​(ပုတီး​ကုန်း​)​ပြောသလို မြစ်​ကောလျှင် တိုင်း​ပြည်​ပျောက်မည်ကို စိတ်နှလုံး​ သွင်း​ကြ​စေလိုသည်။

ဤတွင် ​ဒေါင်း​ကာ PDF ဖြင့်​ ဖတ်နိုင်သည်။

လင်း​ဦး​(စိတ်ပညာ)

Read More...

အို……ဧရာဝတီ……

တန့်ကြည်တောင်ပေါ်မှ ဧရာဝတီမြစ်အား မြင်ရပုံ(Ko Ze Yar)

အို… ဧရာဝတီ…. အခု​တော့​ သူတို့​ရဲ့​ အတ္တ​လောဘ​အောက်မှာ ​ပျောက်ကွယ်ရ​တော့​မှာလား​။ ဆရာ​မောင်စိန်ဝင်း​(ပုတီး​ကုန်း​)ရဲ့​ သဘာဝ​ဘေး​အန္တရာယ်​တွေနဲ့​ ဧရာဝတီအ​ပေါ် ခံစား​ချက်​တွေကို နား​ထောင်ခဲ့​ရပြန်တယ်။ အခုတစ်​လော သတင်း​တွေက ခပ်များ​များ​ရယ်။ သမ္မတကြီး​က ပြည်သူ​တွေရဲ့​ တုန့်​ပြန်မှု​ပေါ် မူတည်ပြီး​ ဆုံး​ဖြတ်ချက် ချမယ်ဆိုလား​။ ဘယ်လိုဖြစ်ဖြစ် ကိုယ့်​သွေး​ကြော ကိုယ်တိုင်ဖြတ်ထုတ် ​ဖောက်ထုတ်မယ့်​ အဖြစ်မျိုး​တော့​ မလုပ်ကြပါနဲ့​လို့​။ အခုဆိုရင် ဘယ်တိုင်း​ရင်း​သား​ ဘယ်သူမဆို မြန်မာ့​မြေ​ပေါ်က​နေ ဧရာဝတီ​ပျောက်ကွယ်သွား​မယ့်​ အဖြစ်မျိုး​ကို မလိုလား​ကြဘူး​ဆိုတာ သက်ဆိုင်ရာပုဂ္ဂိုလ်များ​ သိရှိကြပြီး​ ဒီစီမံကိန်း​ကြီး​ကို ရပ်စဲဖြတ်သိမ်း​ပေး​ပါလို့​……..။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းပြ ကွန်ပျူတာ ဒီဇိုင်းပုံ (link)


လွန်ခဲ့သော ၁၅ နှစ်က ပို့စ်ကတ်အတွက် ရေးခဲ့သောကဗျာ

မေခနဲ့ မလိခ ဆုံမိကြသည်မှာ
သံယောဇဉ်မြစ်ဆုံဖြင့်
ချစ်ကြသောအခါ ၊
သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့အလင်္ကာ၊
ဧရာဝတီရယ်လို့ဖြစ်
ကမ္ဘာတည်သရွေ့
မြန်မာပြည်ဟေ့ရယ်လို့
ကြွေးကြော်ပြီး​
စီးနေမယ့်မြစ် ။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

မြစ်ကော
မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းရပေမည်၊
ရေဝေတောတွေ စိုင်းဆွတ်လို့
မှိုင်းညို့ညို့မှုန်ရီ၊
ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊
တစ်တောလုံးပြောင်
တစ်တောင်လုံးလင်း
မြစ်ကျဉ်းကာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အပျက်သဘောက
မြစ်ကောမယ့်နေ့။

မောင်စိန်ဝင်း(ပုတီးကုန်း)

​မြောင်စာ​ပေ​ဟော​ပြောပွဲမှ ​မောင်စိန်ဝင်း​(ပုတီး​ကုန်း​)၏ ဧရာဝတီအ​ပေါ် ခံစား​ချက် အသံဖိုင်အား​ ဖြတ်ထုတ် တင်ပြပါသည်။


 အသံဖိုင်ဒေါင်းရန်

Irrawaddy River Links

Wikipedia (Irrawaddy)
Travel Myanmar
တိုက်စိုးရဲ့ ဧရာဝတီ
ဧရာဝတီလှိုင်းတံပိုးများ
ကျန်းမာပါစေ အမေဧရာဝတီ
ထလော့ ဧရာဝတီ
အဖြူရောင်သတို့သမီး
တိုက်ပွဲခေါ်တဲ့ ဧရာဝတီ
နှုတ်ဆက်တော့မည့် ဧရာဝတီ
ငါတို့ ဧရာဝတီ

လင်းဦး(စိတ်ပညာ)
Read More...

"အလံ မလှဲပါနဲ့​ ဧရာ" သို့​မဟုတ် "မြန်မာယူနီကုဒ်တို့​အ​ကြောင်း​ တ​စေ့​တ​​ကြောင်း​"


ကျွန်​တော်သည် မြန်မာစာပညာရှင်လည်း​ မဟုတ်၊​ ယူနီကုဒ်ပညာရှင်လည်း​ မဟုတ်ပါ။ သို့​သော် ကျွန်​တော်သည် မြန်မာစာကို ​နေ့​တဓူဝ သုံး​စွဲ​နေသူ ဖြစ်သည့်​အ​လျောက်၊​ ​ခေတ်သစ်မြန်မာစာ၏ ​နောင်​ရေး​သည် ယ​နေ့​ခေတ် ​ကျော်ဖြတ်​နေရ​သော မြန်မာယူနီကုဒ် အသွင်​ပြောင်း​မှုအ​ပေါ် အနည်း​နှင့်​ အများ​ မှီတည်​နေရသည်ကို သိမြင်​နေသူ တဦး​ ဖြစ်ပါသည်။ ထို့​ကြောင့်​ မြန်မာစာ မြတ်နိုး​သူ တဦး​ အဖြစ်လည်း​ကောင်း​၊​ ကွန်ပျူတာနှင့်​ အင်တာနက် သုံး​စွဲသူတဦး​ အဖြစ်လည်း​ကောင်း​ ဤ​ဆောင်း​ပါး​ကို ​ရေး​သား​ပါသည်။

နိဒါန်း
ယခုတ​လော အင်တာနက်တွင် မြန်မာယူနီကုဒ်ပညာရှင်တချို့​က မကြာမီကမှ ​ပေါ်​ပေါက်လာသည့်​ ဧရာမြန်မာယူနီကုဒ်အဖွဲ့​ကို ထိုး​နှက်တိုက်ခိုက်သည့်​ အ​ရေး​အသား​များ​ တင်လာပါသည်။ ဧရာအဖွဲ့​ကလည်း​ ပြန်လည်တုံ့​ပြန်​ချေပသည်ကိုမြင်ရပါသည်။ မြန်မာစာတိုး​တက်ဖွံ့​ဖြိုး​ရေး​အတွက် ရည်ရွယ် လုပ်​ဆောင်​နေကြသူများ​ အချင်း​များ​ကြသည်ကို ကျွန်​တော် မမြင်လိုပါ။ အ​ကြောင်း​မှာ ဤသို့​ အချင်း​များ​ကြခြင်း​သည် မြန်မာစာ ​ခေတ်မီတိုး​တက်​ရေး​ကို ​နှောင့်​နှေး​စေ​သော​ကြောင့်​ ဖြစ်သည်။

ထိုပညာရှင်တို့​ အချင်း​များ​ကြရသည့်​ အရင်း​ခံအချက်မှာ ဧရာကို ယူနီကုဒ်စာလုံး​အဖြစ် ယူနီကုဒ် ပညာရှင် အချို့​က အသိအမှတ် မပြုလိုကြခြင်း​ ဖြစ်သည်။ ဧရာက မိမိတို့​သည် ယူနီကုဒ်စနစ်၏ အ​ခြေခံသတ်မှတ်ချက်ဖြစ်သည့်​ code points ​ခေါ်    သ​င်္ကေတအမှတ်အသား​ပြုစနစ်ကို တိတိကျကျ လိုက်နာ​သော​ကြောင့်​ ဧရာသည် ယူနီကုဒ်စာလုံး​ ဖြစ်သည်ဟု ဆိုသည်။ အခြား​တဖက်မှ ယူနီကုဒ် ပညာရှင်တို့​ကမူ ဧရာသည် ယူနီကုဒ် သ​င်္ကေတအမှတ်အသား​ပြုစနစ်ကို အတိအကျ လိုက်နာ​သော်လည်း​၊​ Unicode encoding ဟု​ခေါ်သည့်​ ယူနီကုဒ်သ​င်္ကေတ​ပြောင်း​စနစ်ကို အပြည့်​အဝ မလိုက်နာ​သော​ကြောင့်​ ယူနီကုဒ်အစစ် မဟုတ်ဟု ဆိုသည်။ ဧရာအဖွဲ့​ကလည်း​ ဧရာသည် သ​ဝေထိုး​၊​ ယရစ်နှင့်​ ကင်း​စီး​တို့​မှ လွဲ၍ သ​င်္ကေတ​ပြောင်း​စနစ်ကို လိုက်နာပါသည်ဟု ပြန်လည် တုံ့​ပြန်သည်။ ထိုစာလုံး​ ၃ လုံး​ကို မြန်မာယူနီကုဒ် သ​င်္ကေတ​ပြောင်း​စနစ်အတိုင်း​ လိုက်နာ​ရေး​သား​လျှင် operating system တချို့​နှင့်​ software အများ​စုတို့​က ပုံ​ဖေါ်​ပေး​နိုင်ခြင်း​ (rendering လုပ်​ပေး​နိုင်ခြင်း​) မရှိသဖြင့်​ ထို စာလုံး​ ၃ လုံး​ကို ချွင်း​ချက်ထား​ရခြင်း​ ဖြစ်သည်ဟု ဧရာအဖွဲ့​က ဆိုသည်။

ထိုအခါ အခြား​တဖက်မှ ယူနီကုဒ်ပညာရှင်များ​က ဧရာသ​င်္ကေတ​ပြောင်း​စနစ်သည် ဧရာစနစ်သုံး​ ကွန်ပျူတာများ​ရှိ data တို့​ကို ပျက်စီး​စေသည်ဟု စွပ်စွဲပြန်သည်။ ဧရာအဖွဲ့​ကမူ ဤစွပ်စွဲချက်များ​ မဟုတ်မှန်​ကြောင်း​ သက်​သေသာဓကများ​ ပြ၍ ပြန်လည်​ဖြေရှင်း​သည်။

ထိုသို့​ အချင်း​များ​နေခြင်း​ မည်သို့​မည်ပုံ အဆုံး​သတ်မည်ကို မခန့်​မှန်း​တတ်​သော်လည်း​ ဧရာယူနီကုဒ် စာလုံး​များ​ကို သုံး​စွဲ​နေသည့်​ ကျွန်​တော်သည် ဤကိစ္စကို ထဲထဲဝင်ဝင် ​လေ့​လာမိပါသည်။ ကျွန်​တော် ​လေ့​လာမှတ်သား​မိသည်တို့​ကို ဤ​ဆောင်း​ပါး​ရေး​သား​ခြင်း​ဖြင့်​ အခြား​သူတို့​အား​ မျှ​ဝေလိုက်ပါသည်။

သ​င်္ကေတ​ပြောင်း​စနစ် (encoding) နှင့်​ ပုံ​ဖေါ်စနစ် (rendering) မညီညွတ်မှု ပြဿနာ
မြန်မာယူနီကုဒ် သ​င်္ကေတ​ပြောင်း​စနစ်အား​ အပြည့်​အဝ လိုက်နာသည့်​ စာလုံး​များ​ကို Windows နှင့်​ Linux တို့​မှ လွဲ၍ Mac OSX အပါအဝင် အခြား​ operating system များ​တွင် ​ကောင်း​မွန်စွာ ဖတ်ရှု၍ မရပါ။ သ​ဝေထိုး​၊​ ယရစ်နှင့်​ ကင်း​စီး​တို့​မှ လွဲ၍ ကျန် မြန်မာယူနီကုဒ် သ​င်္ကေတ​ပြောင်း​စနစ်အား​ လိုက်နာထား​သည့်​ ဧရာစာလုံး​များ​ကိုမူ operating system အများ​စုတွင် ​ကောင်း​မွန်စွာ ဖတ်ရှု၍ ရပါသည်။ ပုံ (၁) မှ (၈) အထိ ရှုပါ။
ပုံ (၁) ။ ။ ဧရာစာလုံး​များ​ကို Mac OSX ၏ desktop တွင် မြင်ရပုံ

ပုံ (၂) ။ ။ ဧရာစာလုံး​များ​ကို OpenOffice (Ubuntu) တွင် မြင်ရပုံ

ပုံ (၃) ။ ။ ဧရာစာလုံး​များ​ကို FireFox (Mac OSX) တွင် မြင်ရပုံ

ပုံ (၄) ။ ။ ဧရာစာလုံး​များ​ကို FireFox (Windows) တွင် မြင်ရပုံ

ပုံ (၅) ။ ။ ဧရာစာလုံး​များ​ကို Safari (Mac OSX) တွင် မြင်ရပုံ

ပုံ (၆) ။ ။ ဧရာစာလုံး​များ​ကို Nokia OS တွင် မြင်ရပုံ

ပုံ (၇) ။ ။ ဧရာစာလုံး​များ​ကို Amazon Kindle တွင် မြင်ရပုံ

ပုံ (၈) ။ ။ ဧရာစာလုံး​များ​ကို Android OS တွင် မြင်ရပုံ

အခြား​သော​အသေးစိတ်ရုပ်ပုံများကို http://ic.ayar.co/ တွင်ကြည့်ရှုနိုင်ပါသည်။

စာဖတ်ရန် သီး​သန့်​ ထုတ်လုပ်ထား​သော Amazon Kindle ​ခေါ် mobile ကွန်ပျူတာအ​သေး​တမျိုး​ကို အသုံး​ပြု၍ မြန်မာယူနီကုဒ်နှင့်​ ဧရာယူနီကုဒ် စာလုံး​များ​ဖြင့်​ ​ရေး​သား​ထား​သော website များ​ကို ကျွန်​တော် ဖတ်ရှုကြည့်​ပါသည်။ အံအား​သင့်​စရာ ​ကောင်း​သည်မှာ အဆိုပါ mobile ကွန်ပျူတာ၌ ဧရာ ယူနီကုဒ်ဖြင့်​ ​ရေး​ထား​သော စာများ​ကို ​ကောင်း​မွန်စွာ ဖတ်ရှု၍ရ​သော်လည်း​၊​ အခြား​ မြန်မာယူနီကုဒ် စာမျက်နှာများ​ကို ​ကောင်း​မွန်စွာ ဖတ်ရှု၍ မရခြင်း​ပင် ဖြစ်သည်။ ပုံ (၉) ကို ရှုပါ။
ပုံ (၉) ။ ။ Myanmar 3 စာလုံး​များ​ကို Amazon Kindle တွင် အမှန်အတိုင်း​ မမြင်ရပုံ

ဧရာနှင့်​ အခြား​ မြန်မာယူနီကုဒ်စာလုံး​များ​ကို Microsoft နှင့်​ Adobe software များ​တွင် မည်သို့​ မည်ပုံ အလုပ်လုပ်​ကြောင်း​ စမ်း​သပ်ကြည့်​ရာ စမ်း​သပ်သည့်​ software အား​လုံး​တို့​၌ ဧရာစာလုံး​များ​ ကို ​ကောင်း​မွန်စွာ မြင်ရ​သော်လည်း​ အခြား​မြန်မာယူနီကုဒ်စာလုံး​များ​ကိုမူ ​ကောင်း​မွန်စွာ မမြင်ရပါ။ ပုံ (၁၀) မှ (၁၃) ကို ရှုပါ။
ပုံ (၁၀) ။ ။ Myanmar 3 စာလုံး​များ​ကို Adobe InDesign (Mac OSX) တွင် အမှန်အတိုင်း​ မမြင်ရပုံ

ပုံ (၁၁) ။ ။ JackX နှင့်​ M-Myanmar 4 စာလုံး​များ​ကို Adobe Illustrator (Mac OSX) တွင် အမှန်အတိုင်း​ မမြင်ရပုံ

ပုံ (၁၂) ။ ။ M-Myanmar 4 စာလုံး​များ​ကို Adobe PhotoShop (Windows) တွင် အမှန်အတိုင်း​ မမြင်ရပုံ

ပုံ (၁၃) ။ ။ JackX စာလုံး​များ​ကို Adobe PhotoShop (Windows) တွင် အမှန်အတိုင်း​ မမြင်ရပုံ

ဤသက်​သေသာဓကများ​ကို ​ထောက်ချင့်​၍ ​ကောက်ချက်ဆွဲရပါက (ဧရာမှ အပ ဖြစ်​သော) မြန်မာယူနီကုဒ်စနစ်သည် ယူနီကုဒ်သ​င်္ကေတ​ပြောင်း​စနစ်ကို အပြည့်​အဝ လိုက်နာသဖြင့်​ နာမည်​ကောင်း​ ရထိုက်​သော်လည်း​၊​ လက်​တွေ့​၌မူ အချို့​ operating system များ​နှင့်​ လူသုံး​များ​သည့်​ software များ​တွင် ​ကောင်း​မွန်စွာ အသုံး​ချနိုင်သည့်​ အဆင့်​ကို မ​ရောက်​သေး​ဟု ဆိုရပါလိမ့်​မည်။ အခြား​တဖက်တွင်မူ အထက်​ဖေါ်ပြပါ အဖြည့်​အက္ခရာ ၃ မျိုး​ကို နည်း​ပညာအရ ပြင်ဆင်ပြုစုထား​သည့်​ ဧရာယူနီကုဒ်စနစ်သည် ယူနီကုဒ်သ​င်္ကေတ​ပြောင်း​ စနစ်ကို ရာနှုန်း​ပြည့်​ မလိုက်နာသဖြင့်​ ယူနီကုဒ် ပညာရှင်အချို့​၏ ငြိုငြင်မှုကို ခံရ​သော်လည်း​၊​ လက်​တွေ့​၌ အလုပ်ဖြစ်​သော​ကြောင့်​ ကွန်ပျူတာနှင့်​ အင်တာနက်တွင် မြန်မာစာ ​ရေး​သား​ဖတ်ရှုကြသည့်​ ပရိသတ်၏ ချီး​ကျူး​မှုကို ခံယူထိုက်ပါသည်။

သ​င်္ကေတ​ပြောင်း​စနစ် (encoding) နှင့်​ အက္ခရာစဉ်စနစ် (sorting) မညီညွတ်မှု ပြဿနာ
ယူနီကုဒ်သ​င်္ကေတ​ပြောင်း​စနစ်သည် လက်တင်အက္ခရာများ​နှင့်​ အခြား​ လွယ်ကူရှင်း​လင်း​သော အက္ခရာများ​ကို မာတိကာ အစီအစဉ်အတိုင်း​ စီရာတွင် ပြဿနာမရှိ​သော်လည်း​၊​ မြန်မာအက္ခရာများ​ကို စီစဉ်ရာတွင် ပြဿနာ ရှိပါသည်။ လက်တင်စာလုံး​များ​ကို အက္ခရာစဉ်ရာတွင် ဗျည်း​နှင့်​ သရ ဟူ၍ပင် ခွဲခြား​စရာမလိုပဲ ​ရှေ့​နောက်စဉ်ဆက် စီချလိုက်ရုံပင် ဖြစ်သည်။ မြန်မာအက္ခရာများ​ကို အက္ခရာစဉ်ရာ၌မူ က မှ အ အထိ ဖြစ်​သော ဗျည်း​ ၃၃ လုံး​၊​ အသတ်ပြု​သော ဗျည်း​ ဆယ်လုံး​၊​ ​ရေး​ချ၊​ လုံး​ကြီး​တင်၊​ ​ချောင်း​ငင်၊​ ဝစ္စ​ပေါက်၊​ ​နောက်ပစ်၊​ သ​ဝေထိုး​ စ​သော သရ လက္ခဏာများ​၊​ ယပင့်​၊​ ရရစ်၊​ ဝဆွဲ၊​ ဟထိုး​၊​ ယပင့်​ဝဆွဲ၊​ ယပင့်​ဟထိုး​၊​ ရရစ်ဟထိုး​ စ​သော သံယုတ်များ​၊​ ပါဠိသက် သင်္သကရိုက်သက် ​ဝေါဟာရများ​အတွက် ပါဌ်ဆင့်​ စာလုံး​များ​ကိုပါ ထည့်​သွင်း​ စီစဉ်ရသဖြင့်​ အလွန် ခက်ခဲပါသည်။
ထို​ကြောင့်​လည်း​ မြန်မာယူနီကုဒ် သ​င်္ကေတ​ပြောင်း​စနစ်ကို အများ​ဆုံး​ လက်ခံ အလုပ်လုပ်​ပေး​သည့်​ Linux operating system ၌ပင် အက္ခရာစဉ်ခြင်း​က အလုပ်လုပ်​သော်လည်း​ ligation ​ခေါ် ပုံ​ဖေါ် စနစ်က အလုပ်မလုပ်သဖြင့်​ အက္ခရာစဉ်ထား​သော မြန်မာယူနီကုဒ်စာလုံး​များ​ကို မှန်ကန်စွာ ဖတ်ရှုရန် မဖြစ်နိုင်​သေး​ပါ။ ပုံ (၁၄) ကို ရှုပါ။
ပုံ (၁၄) ။ ။ Ubuntu စနစ်တွင် Myanmar 3 စာလုံး​များ​ကို သုံး​၍ အက္ခရာစဉ်ရာတွင် အက္ခရာများ​ ​ရှေ့​နောက်စဉ်ဆက် လွဲခြင်း​၊​ စာလုံး​များ​ ထက်​အောက်စဉ်ဆက် လွဲခြင်း​ တို့​ကို မြင်​နေရပုံ

ဤဖြစ်ရပ်​ကြောင့်​ အက္ခရာစဉ်စနစ်ကို မရှိမဖြစ် အသုံး​ပြု ကြရသည့်​ ဘဏ်လုပ်ငန်း​၊​ စာရင်း​စစ်လုပ်ငန်း​၊​ စာကြည့်​တိုက်လုပ်ငန်း​ စသည်တို့​သည် လက်ရှိ ယူနီကုဒ်နည်း​စနစ်ကို မသုံး​ပဲ၊​ အခြား​ software application များ​ကိုသာ ယ​နေ့​အထိ အသုံး​ပြု​နေကြခြင်း​ ဖြစ်သည်။

ဧရာစာလုံး​များ​သည် မြန်မာယူနီကုဒ်သ​င်္ကေတ​ပြောင်း​စနစ်အား​ လိုက်နာရာတွင် သ​ဝေထိုး​၊​ ယရစ် နှင့်​ ကင်း​စီး​တို့​ကို ချွင်း​ချက်ထား​ခဲ့​သဖြင့်​ ဧရာစာလုံး​များ​ကိုသုံး​၍ အက္ခရာစဉ်ပါကလည်း​ အက္ခရာစဉ် အတိုင်း​ မှန်ကန်စွာ မ​ပေါ်သည်ကို ​တွေ့​ရပါသည်။ တနည်း​ဆိုရပါလျှင် ဧရာကို သုံး​၍ အက္ခရာစဉ်လျှင် အက္ခရာစဉ်ဆက် ရာနှုန်း​ပြည့်​ မှန်ကန်နိုင်မည် မဟုတ်သကဲ့​သို့​၊​ အခြား​ မြန်မာယူနီကုဒ် စာလုံး​များ​ကို သုံး​စွဲ၍ အက္ခရာစဉ်ပါကလည်း​ စဉ်ပြီး​သော အက္ခရာများ​ ​ရှေ့​နောက်စဉ်ဆက် လွဲခြင်း​၊​ စာလုံး​များ​ ထက်​အောက်စဉ်ဆက် လွဲခြင်း​တို့​ ရှိ​နေသဖြင့်​ ရာနှုန်း​ပြည့်​ မှန်ကန်စွာ မြင်ရလိမ့်​မည် မဟုတ်ပါ။ ထို့​ကြောင့်​ ချို့​ယွင်း​ချက် အသီး​သီး​ ရှိကြသူချင်း​ အတူတူ တဖက်နှင့်​ တဖက် အပြစ်ဖို့​ကြခြင်း​သည် ရှိရင်း​စွဲ ပြဿနာကို ​ပြေလည်​စေမည် မဟုတ်ပါ။ ဤပြဿနာကို ​ပြေလည်​စေလိုပါက အက္ခရာစဉ်စနစ် လွဲမှား​ရခြင်း​ အ​ကြောင်း​ရင်း​များ​ကို ရှာ​ဖွေ​ဖေါ်ထုတ်၍ ​ဖြေရှင်း​ရန်သာ လိုအပ်ပါသည်။

မြန်မာယူနီကုဒ်ဇယား​၏ အား​နည်း​ချက်များ​
အက္ခရာစဉ်စနစ် လွဲမှား​ရခြင်း​ အ​ကြောင်း​ရင်း​များ​ကို ကျွန်​တော် လက်လှမ်း​မီသ​ရွေ့​ ရှာ​ဖွေကြည့်​သည့်​ အခါ မြန်မာယူနီကုဒ်ဇယား​ ကိုယ်၌တွင် ချို့​ယွင်း​အား​နည်း​ချက်များ​ ရှိ​နေသည်ကို ​တွေ့​ရပါသည်။
ဤသို့​ဖြစ်ရခြင်း​မှာ မြန်မာအက္ခရာများ​ကို ယူနီကုဒ်ဇယား​၌ သ​င်္ကေတအမှတ်အသား​များ​ (code points များ​) ​ပေး​ခဲ့​ကြစဉ်က မြန်မာ့​မူရင်း​အက္ခရာစဉ်စနစ်နှင့်​ တသ​ဝေမတိမ်း​ ဖြစ်​အောင် ​ပေး​နိုင်ခဲ့​ခြင်း​ မရှိ​သော​ကြောင့်​ ဖြစ်သည်။ မြန်မာယူနီကုဒ် ​ပေါ်​ပေါက််​ရေး​အတွက် ကြိုး​ပမ်း​ရာ၌ မြန်မာစာဌာနမှ မြန်မာစာ​ပေပညာရှင်များ​ ပါဝင်ခဲ့​ကြသည်ဟု ဆို​သော်လည်း​၊​ ကိုယ်တိုင် ပါဝင်ခဲ့​သော ပညာရှင်အချို့​၏ အဆိုအရ ၎င်းတို့​အား​ ​ခေါ်ယူအသိ​ပေး​သည့်​အဆင့်​တွင်သာ ရှိခဲ့​ပြီး​၊​ ​ဆွေး​နွေး​ တိုင်ပင်သည့်​ အကြိမ်အ​ရေအတွက်နှင့်​ အချိန်ပမာဏ မလုံ​လောက်ခဲ့​ဟု သိရပါသည်။
မြန်မာယူနီကုဒ်ဇယား​၌ အက္ခရာစဉ်ရာတွင် ​နေရာတည်ရှိမှုများ​ မှား​ယွင်း​နေပါသည်။ ပုံ (၁၅) ကို ရှုပါ။
ပုံ (၁၅) ။ ။ မြန်မာယူနီကုဒ်ဇယား​၌ အက္ခရာစဉ်ပုံ

ဥပမာအား​ဖြင့်​ ယူနီကုဒ်ဇယား​တွင် ဉ (ညက​လေး​) နှင့်​ ည (ညကြီး​) တို့​ကို ပင်ရင်း​ ဗျည်း​အုပ်စုတွင် ​ရှေ့​နောက်စဉ်ဆက်ထား​၍ အက္ခရာစဉ်ခဲ့​သော်လည်း​၊​ ဿ (သကြီး​) ကိုမူ သ တည်ရှိရာ ပင်ရင်း​ ဗျည်း​အုပ်စုမှ သီး​သန့်​ခွဲထုတ်၍ အက္ခရာစဉ်ခဲ့​သည်ကို ​တွေ့​ရပါသည်။ သ နှင့်​ ဿ တို့​သည် သ​င်္ကေတ အမှတ်အသား​ပြုစနစ်အရ ​ရှေ့​ဆင့်​နောက်ဆင့်​ တည်ရှိရမည့်​ ဗျည်း​များ​ ဖြစ်​သော်လည်း​ ယခုကဲ့​သို့​ နေရာအထား​အသို မှား​ယွင်း​မှု​ကြောင့်​ Natural Sorting ဖြင့်​ အက္ခရာစဉ်သည့်​အခါ မှန်ကန်​သော အက္ခရာစဉ်အတိုင်း​ မမြင်ရခြင်း​ ဖြစ်သည်။

တဖန် သ အက္ခရာကို နှစ်လုံး​ဆင့်​ထား​သည့်​ ဿ ကို ဗျည်း​အဖြစ် သတ်မှတ်၍ သီး​သန့်​နေရာ ​ပေး​ထား​သော်လည်း​၊​ ဋ (ဋသန်လျင်း​ချိတ်) နှင့်​ ဌ (ဌဝမ်း​ဘဲ) အက္ခရာတို့​ကို နှစ်လုံး​ဆင့်​ထား​သည့်​ ဋ္ဌ ကိုမူ မြန်မာယူနီကုဒ်ဇယား​၌ မည်သည့်​နေရာမှ မ​ပေး​ပဲ ချန်လှပ်ထား​ခဲ့​သည်ကို ​တွေ့​ရပါသည်။ အမှန်တွင် ဿ နှင့်​ ဋ္ဌ သည် အခြား​ အက္ခရာနှင့်​ တွဲဖက်မှ စာလုံး​အဖြစ် တည်ရှိနိုင်သည့်​ ဂုဏ်ရည်တူ အက္ခရာများ​ ဖြစ်ကြပါသည်။

ထို့​ပြင် Myanmar Vowel Sign E Above ဟု သုံး​နှုန်း​ကာ ယူနီကုဒ် အမှတ်စဉ် 1035 အဖြစ် ​နေရာ ချထား​သည့်​ --ဵ အက္ခရာသည် စင်စစ်အား​ဖြင့်​ မွန် သရစာလုံး​ ဖြစ်​သော်လည်း​ ယူနီကုဒ် ဇယား​၌ မြန်မာအက္ခရာ အဖြစ်သာ ​ဖေါ်ပြထား​ပါသည်။ ပုံ (၁၆) ကို ရှုပါ။
ပုံ (၁၆) ။ ။ မွန်သရစာလုံး​ကို မြန်မာအက္ခရာစာရင်း​၌ ထည့်​သွင်း​ထား​ပုံ

ဤမျှသာမက မြန်မာစာလုံး​များ​အား​ မြန်မာယူနီကုဒ် စံနှုန်း​နှင့်​အညီ အက္ခရာစဉ်ရာတွင် မြန်မာ အဘိဓာန်၏ အက္ခရာစဉ်ပုံနှင့်​ ကွဲလွဲ​နေသည်ကို ​တွေ့​ရပါသည်။ က အက္ခရာအား​ အက္ခရာစဉ်ပုံတွင် ထပ်တူဖြစ်​သော်လည်း​၊​ က တွင် ဗျည်း​တွဲများ​ တွဲလိုက်သည်နှင့်​ ကွဲလွဲမှု ရှိလာသည်ကို ​တွေ့​ရပါ သည်။ ထို့​ပြင် နှစ်​ချောင်း​ငင်ကို တစ်​ချောင်း​ငင်၏ အထက်တွင် အက္ခရာစဉ်ထား​ခြင်း​၊​ ဗျည်း​တွဲများ​ မပြီး​ခင် ကက်ကရာ ဆိုသည့်​ အသတ်စဉ်များ​ ဝင်လာခြင်း​ စသည့်​ မရှိသင့်​သော အမှား​များ​ ရှိ​နေသည်ကိုလည်း​ ​တွေ့​မြင်ရပါသည်။

အထက်ပါ အား​နည်း​ချက်များ​မှာ ကျွန်​တော် လတ်တ​လော ​တွေ့​မြင်ရသည့်​ အား​နည်း​ချက်များ​သာ ဖြစ်ပြီး​၊​ ယခုထက် အချိန်​ပေး​ပြီး​ ​လေ့​လာပါက အခြား​ အား​နည်း​ချက်များ​ကိုပါ ထပ်​တွေ့​ကောင်း​ ​တွေ့​ရနိုင်ပါသည်။ ဘာသာ​ဗေဒ ​လေ့​လာ​နေသူတဦး​ဖြစ်သည့်​ ကိုညီလင်း​ဆက်က မြန်မာအက္ခရာ စနစ်သည် ဖွဲ့​စည်း​ပုံအား​ဖြင့်​ ရှုပ်​ထွေး​လှ​သော​ကြောင့်​ အက္ခရာစဉ်ရာတွင် ပြဿနာ အများ​အပြား​ ရှိနိုင်​ကြောင်း​နှင့်​ ကွန်ပျူတာစနစ် တခုမှ တခုသို့​ ​ပြောင်း​လဲသည့်​အခါတွင်လည်း​ အခက်အခဲများ​စွာ ကြံု​တွေ့​ရနိုင်​ကြောင်း​ ​ပြောဆိုခဲ့​ဖူး​ပါသည်။

မည်သို့​ပင်ဖြစ်​စေ၊​ အစ မ​ကောင်း​သဖြင့်​ အ​နှောင်း​မ​သေချာ ဖြစ်​နေရသည့်​ မြန်မာယူနီကုဒ်စနစ်တွင် အား​နည်း​ချက်များ​ ရှိ​နေသည်ကို အသိအမှတ်ပြု၍ ပြုပြင်ရမည့်​အစား​၊​ ဤအမှား​များ​ကြောင့်​ ဆင့်​ပွား​ ဖြစ်ရ​သော အဆင်မ​ပြေမှုများ​ကို နည်း​ပညာသုံး​၍ ​ကျော်လွှား​ပြုပြင်ထား​သည့်​ ဧရာယူနီကုဒ်စာလုံး​ များ​ကို မြန်မာယူနီကုဒ်စာလုံး​များ​ စာရင်း​မှ ပထုတ်ရန် ကြိုး​ပမ်း​ခြင်း​သည် မသင့်​လျော်​သော ဖြစ်ရပ်၊​ ​ခေတ်သစ် မြန်မာစာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ကို အတား​အဆီး​ပြု​သော လုပ်ရပ်တခု အဖြစ် ကျွန်​တော် ရှုမြင်ပါသည်။

အထက်တွင် ​ဖော်ပြထား​သော ချို့​ယွင်း​ချက်များ​ကို ​ဖြေရှင်း​ရန်မှာ ဧရာကို ​ဝေဖန် ​နေကြသည့်​ ပညာရှင်များ​ ကိုယ်တိုင် ပါဝင် လုပ်ကိုင်​နေသည့်​ Myanmar Unicode and National Language Processing Research Center (MMNLP) တွင် အဓိက တာဝန်ရှိပါသည်။ ယူနီကုဒ်သ​င်္ကေတ​ပြောင်း​စနစ်နှင့်​ မြန်မာအက္ခရာစဉ်စနစ် ညီညွတ်သွား​သည်နှင့်​ တပြိုင်နက် ဧရာအဖွဲ့​ကလည်း​ ယူနီကုဒ်သ​င်္ကေတ​ပြောင်း​စနစ်အတိုင်း​ အတိအကျ လိုက်နာသည့်​ ဧရာစာလုံး​များ​ကို ထုတ်​ဝေမည်ဟု ဆိုထား​ရာ၊​ ဤဖြစ်ရပ်ကို အနာဂတ် မြန်မာယူနီကုဒ်​လောက၏ အလား​အလာ​ကောင်း​တခုအဖြစ် ကျွန်​တော် ယူဆပါသည်။

လက်ရှိမြန်မာယူနီကုဒ်စနစ်နှင့်​ Unicribe နည်း​ပညာ
ယူနီကုဒ်စာလုံး​များ​အား​ ယူနီကုဒ်သ​င်္ကေတ​ပြောင်း​စနစ်ဖြင့်​ ​ပြောင်း​လဲပြီး​နောက် ကွန်ပျူတာ​ပေါ်၌ မှန်ကန်စွာ မြင်ရနိုင်ရန်အတွက် Microsoft Windows က ထုတ်လုပ်သည့်​ Unicribe နည်း​ပညာ လိုအပ်ပါသည်။ Uniscribe ကို shaping engine ဟုလည်း​ ​ခေါ်ကြသည်။ Unicribe သည် ကွန်ပျူတာ က နား​လည်​အောင် Unicode နည်း​အရ ရိုက်လိုက်​သော စာလုံး​များ​ (input text များ​) ကို စာဖတ်သူ က မျက်မြင်သ​ဘောအရ အမှန်အတိုင်း​ မြင်ရ​အောင် (visual sequence အဖြစ်) ​ဆောင်ရွက်​ပေး​သည်။ ထို့​ပြင် အနက်တူအက္ခရာများ​အား​ သက်ဆိုင်ရာ စာဖွဲ့​ပုံနည်း​စနစ်အရ ​နေရာအထား​အသို မှန်ကန်​အောင် ပုံသဏ္ဍာန်​ပြောင်း​၍ အစား​ထိုး​ခြင်း​ (glyph substitution) ပြုလုပ်​ပေး​သည်။

Uniscribe နည်း​ပညာသည် မြန်မာအပါအဝင် ဗြဟ္မီအက္ခရာစနစ်ကို အ​ခြေပြုသည့်​စာ​ပေများ​နှင့်​ တရုတ်၊​ အာ​ရေဗီ စသည့်​ စာ​ပေများ​အတွက် အလွန် အသုံး​ဝင်ပါသည်။ သို့​သော် ပြဿနာရှိသည်မှာ မြန်မာ ယူနီကုဒ် အက္ခရာစဉ်စနစ်ကို Microsoft Windows က အသိအမှတ် မပြု​သေး​သဖြင့်​ ၎င်း၏ Unicribe နည်း​ပညာကိုလည်း​ မြန်မာယူနီကုဒ်သမား​တို့​ အသုံး​ချ၍ မရ​သေး​ခြင်း​ ဖြစ်သည်။ အကျိုး​ဆက် အား​ဖြင့်​ Uniscribe နည်း​ပညာကို အား​ထား​အသုံး​ပြုရသည့်​ Myanmar3, Parabaik, Padauk, Thanlwin, WinuniInnwa, MyMyanmar, Yunghkio စသည့်​ မြန်မာယူနီကုဒ်စာလုံး​များ​ကို သုံး​၍ စာရိုက်ပါက စာလုံး​များ​ ချက်ချင်း​မ​ပေါ်ခြင်း​၊​ ​ရေး​သား​လိုသည့်​စာတို့​ကို အစဉ်အတိုင်း​မဟုတ်ပဲ ​ရှေ့​နောက် ​ပြောင်း​ပြန် ရိုက်ရခြင်း​များ​ကို စသည်တို့​ကို ကြံု​တွေ့​ရပါသည်။ အရင်လာ အရင်ရိုက်သည့်​ လက်နှိပ်စက်နည်း​ကို အသုံး​ပြုမည်ဆိုပါကလည်း​ ​ရှေ့​နောက်​ပြောင်း​ပြန် ရိုက်ထား​သော စာတို့​အား​ ကွန်ပျူတာမှတ်ဉာဏ်ကို အသုံး​ပြု၍ ဗျည်း​၊​ ဗျည်း​တွဲ၊​ သရ၊​ အသတ် စသည့်​ အစီအစဉ်အတိုင်း​ တမဟုတ်ချင်း​ မှတ်သား​ရသဖြင့်​ ကွန်ပျူတာအား​ ဝန်ပိ​စေသည့်​အပြင် လုပ်ငန်း​လည်း​ မတွင်ကျယ်ပါ။

Unicribe နည်း​ပညာကို အသုံး​ချခွင့်​ မရသည့်​ မြန်မာယူနီကုဒ်စာလုံး​များ​အား​ ကွန်ပျူတာလက်ကွက်တွင် ရိုက်သည့်​ အဆင့်​မှ ကွန်ပျူတာမှန်သား​ပြင်​ပေါ်တွင် စာ​ပေါ်​စေသည့်​ အဆင့်​အထိ လုပ်ငန်း​စဉ် အဆင့်​ဆင့်​ကို မြန်မာယူနီကုဒ်ပညာရှင်တဦး​ဖြစ်သည့်​ ဦး​ငွေထွန်း​က ၎င်း​ရေး​သား​သည့်​ Myanmar Unicode Myths vs. Truths ​ဆောင်း​ပါး​ စာမျက်နှာ ၁၃ နှင့်​ ၁၄ တို့​တွင် ​အောက်ပါအတိုင်း​ ​ဖော်ပြခဲ့​သည်။ ပုံ (၁၇) နှင့်​ (၁၈) ကို ရှုပါ။
ပုံ (၁၇) ။ ။ အက္ခရာတလုံး​အတွက် ကွန်ပျူတာက လုပ်​ဆောင်​ပေး​ရသည့်​ လုပ်ငန်း​စဉ် အဆင်ဆင့်​

ပုံ (၁၈) ။ ။ မြန်မာစာတလုံး​အတွက် ကွန်ပျူတာက လုပ်​ဆောင်​ပေး​ရသည့်​ လုပ်ငန်း​စဉ် အဆင်ဆင့်​

ဤပုံများ​ကို ကြည့်​လျှင် မြန်မာအက္ခရာတလုံး​ သို့​မဟုတ် မြန်မာစာလုံး​တလုံး​ကို ပုံ​ပေါ်​အောင် သွယ်ဝိုက်၍ လုပ်​ဆောင်ရာ၌ ကွန်ပျူတာ ဦး​နှောက် CPU နှင့်​ မှတ်ဉာဏ် RAM တို့​ မည်​ရွေ့​မည်မျှ အလုပ်လုပ်ရပုံကို ခန့်​မှန်း​ သိရှိနိုင်ပါသည်။ သွယ်ဝိုက်၍ ပုံ​ဖေါ်​သော လုပ်ငန်း​စဉ်သည် Uniscribe နည်း​ပညာကို သုံး​ခြင်း​ထက် ကွန်ပျူတာကို ပိုမို ဝန်ပိ​စေသည် ဖြစ်ရာ၊​ အလွန်လျင်မြန်​သော ကွန်ပျူတာများ​အတွက် မ​ထောင်း​သာလှ​သော်လည်း​ ကျွန်​တော်တို့​ မြန်မာနိုင်ငံသား​ အများ​စုအတွက်၊​ အထူး​သဖြင့်​ ဧရာမဟုတ်သည့်​ မြန်မာယူနီကုဒ်စာလုံး​များ​ကို အင်တာနက်တွင် ဖတ်ရှု​ရေး​သား​ကြသူများ​ အတွက် အခက်အခဲ ရှိပါသည်။ အ​ကြောင်း​မှာ အင်တာနက်စာမျက်နှာများ​ကို လွှင့်​တင်ရာ တွင် မိမိ၏ ကွန်ပျူတာ တလုံး​သာမက hosting နှင့်​ sharing လုပ်ရသည့်​ computer server များ​နှင့်​ database များ​ပါ ပါဝင်ပတ်သက်​နေသည် ဖြစ်ရာ၊​ အရွယ်ပမာဏ အသင့်​အတင့်​ ရှိသည့်​ file များ​၊​ post များ​နှင့်​ comment များ​ကို ထည့်သွင်းသည့်အခါ သို့​မဟုတ် ပြန်လည်ရယူရန်​ တောင်းဆိုခြင်းများ လုပ်လျှင်ပင် hosting နှင့်​ sharing လုပ်ရသည့်​ computer server များ​တွင် လုပ်ငန်း​တွင်ကျယ်မှုကို သိသိသာသာ ထိခိုက်​​နှေးကွေး​စေနိုင်ပါသည်။

အမှန်စင်စစ် လူဦး​ရေ ငါး​သောင်း​ခန့်​သာရှိ​သော အင်ဒိုနီး​ရှား​ လူမျိုး​စုငယ်တခု၏ ယူနီကုဒ်စနစ်ကိုပင် Microsoft Windows က အသိအမှတ်ပြု၍ Uniscribe နည်း​ပညာကို အသုံး​ပြုခွင့်​ ​ပေး​ထား​ပါသည်။ လူဦး​ရေ သန်း​ပေါင်း​ ၅၀ ​ကျော် ရှိ​သော မြန်မာနိုင်ငံတွင် လွန်ခဲ့​သော ဆယ်နှစ်​ကျော်ကတည်း​က ​ပေါ်​ပေါက်ခဲ့​သည့်​ မြန်မာယူနီကုဒ်ကို Microsoft Windows က အသိအမှတ်ပြုလာ​အောင် ​ဆောင်ရွက်​ပေး​ရမည့်​တာဝန်သည် MMNLP အဖွဲ့​၏ တာဝန်သာ ဖြစ်သည်ဟု ကျွန်​တော် ရိုး​သား​စွာ မြင်မိပါသည်။

မြန်မာယူနီကုဒ်နှင့်​ မြန်မာတိုင်း​ရင်း​ ဘာသာစာ​ပေများ​
ထိုင်း​နှင့်​ တရုတ် မြန်မာနယ်စပ်​ဒေသရှိ Tai Tham, Dai Lue စသည့်​ လူမျိုး​စုငယ်များ​တွင် မြန်မာအက္ခရာများ​နှင့်​ ဆင်တူ​သော စာ​ပေများ​ ရှိကြရာ၊​ ထိုစာ​ပေများ​၌ပင် သီး​သန့်​ ယူနီကုဒ်ဇယား​များ​ ရှိကြပါသည်။ သို့​သော် မြန်မာယူနီကုဒ်သ​င်္ကေတ​ပြောင်း​စနစ်ကို အပြည့်​အဝလိုက်နာသည့်​ ယူနီကုဒ် စာလုံး​များ​ကို ပြန်ကြည့်​ပါက ဗမာယူနီကုဒ်မှတပါး​ Yunghkio ဆိုသည့်​ ရှမ်း​ယူနီကုဒ် တမျိုး​ကိုသာ တီထွင်​​ထား​နိုင်သေး​သည်ကိုသာ ​တွေ့​မြင်ရပါသည်။ သို့​သော် အဆိုပါ ရှမ်း​စာလုံး​ အတွက်ပင်လျှင် အက္ခရာစဉ်သည့်​ စနစ်ကို ယ​နေ့​တိုင် တီထွင်​ပေး​နိုင်ခြင်း​ မရှိ​သေး​ပါ။

ဧရာယူနီကုဒ်စနစ်၌မူ ကရင်၊​ ကယား​၊​ ကယား​လီ၊​ ပအို့​ဝ်၊​ ပ​လောင်၊​ ဗမာ၊​ မွန်၊​ ရှမ်း​ ဆိုသည့်​ တိုင်း​ရင်း​သား​ ယူနီကုဒ်စာလုံး​များ​ကိုပါ တီထွင်​ပေး​ထား​ပါသည်။ ဧရာစာလုံး​တလုံး​ရှိရုံဖြင့်​ မြန်မာတိုင်း​ရင်း​သား​စာ​ပေများ​ကိုပါ ​ရေး​သား​၊​ ဖတ်ရှုနိုင်သည့်​ အခွင့်​အ​ရေး​များ​ရှိသည်။ ကွန်ပျူတာလက်ကွက် တမျိုး​ထက် ပို၍ သုံး​စွဲ​သော တိုင်း​ရင်း​သား​တို့​အတွက်လည်း​ တမျိုး​ထက် ပို​သော လက်ကွက်များ​ကို တီထွင်​ပေး​ထား​ပါသည်။ ပို၍ ထူး​ခြား​သည်မှာ တိုင်း​ရင်သား​ ယူနီကုဒ် တမျိုး​စီအတွက် စာလုံး​နှင့်​ လက်ကွက် တမျိုး​စီကို သီး​သန့်​ install လုပ်၍ ထည့်​သွင်း​စရာ မလိုပဲ၊​ ဧရာစာလုံး​ တမျိုး​တည်း​ကို install လုပ်ရုံဖြင့်​ တိုင်း​ရင်း​သား​ စာလုံး​စုံ လက်ကွက်စုံတို့​ကို အသုံး​ပြုနိုင်ခြင်း​ဖြစ်သည်။ ဤစနစ်သည် ပြည်​ထောင်စုစနစ်ကို အရှင်း​လင်း​ဆုံး​ ​ဖော်ကျူး​သောစနစ် ဖြစ်သည်ဟုပင် ကျွန်​တော် ခံစား​မိပါသည်။ ပုံ (၁၉) ကို ရှုပါ။
ပုံ (၁၉) ။ ။ ဧရာယူနီကုဒ် တိုင်း​ရင်း​သား​စာလုံး​များ​နှင့်​ လက်ကွက်များ​ စာရင်း​

ထိုမှတပါး​ ဧရာစနစ်တွင် စာလုံး​ဒီဇိုင်း​ (type faces) အမျိုး​မျိုး​ကို တီထွင်​ပေး​ထား​သည် ဖြစ်ရာ၊​ ဧရာ ယူနီကုဒ်ကို သုံး​စွဲကြသည့်​ မြန်မာတိုင်း​ရင်း​သား​ယူနီကုဒ်သမား​ မှန်သမျှ အင်တာနက် စာမျက်နှာများ​ပေါ်တွင် ဖြစ်​စေ၊​ စာအုပ် စာတမ်း​များ​ ရိုက်နှိပ်ထုတ်​ဝေရာတွင် ဖြစ်​စေ ဧရာစာလုံး​ဒီဇိုင်း​ အမျိုး​မျိုး​ကို သုံး​စွဲနိုင်ကြပါသည်။ ဤအခွင့်​အလမ်း​မျိုး​ကို အခြား​ မြန်မာယူနီကုဒ်စာလုံး​ သုံး​စွဲသူတို့​ ယ​နေ့​အထိ မရရှိကြ​သေး​ပါ။
ပုံ (၁၉) ။ ။ ဧရာယူနီကုဒ်စာလုံး​ဒီဇိုင်း​ အမျိုး​မျိုး​
နိဂုံး
အထက်တွင် ​ဖော်ပြခဲ့​သကဲ့​သို့​ operating system အများ​စုနှင့်​ အ​ရေး​ကြီး​သော software application အများ​စုတို့​က လက်ရှိ မြန်မာယူနီကုဒ်အက္ခရာစဉ် စနစ်ကို အသိအမှတ် မပြုခြင်း​ သို့​မဟုတ် နည်း​ပညာပိုင်း​အရ အ​ထောက်အပံ့​ မပြုခြင်း​ စသည့်​ ပြဿနာများ​ ရှိ​နေ​သေး​သဖြင့်​၊​ နိုင်ငံတကာယူနီကုဒ်စနစ်က ​ပေး​စွမ်း​နိုင်သည့်​ အကျိုး​ကျေး​ဇူး​နှင့်​ မြန်မာယူနီကုဒ်သုံး​စွဲသူတို့​က ရယူနိုင်သည့်​ အကျိုး​အမြတ်တို့​ အကြား​ ကွာဟချက် များ​စွာ ရှိ​နေပါ​သေး​သည်။ ဤကွာဟချက်များ​ ပ​ပျောက်​စေရန် အတွက် တည်ရှိဆဲ ပြဿနာများ​ကို ​ပြေလည်​အောင် ​ဖြေရှင်း​ကြရန် လိုအပ်ပါသည်။ ဤပြဿနာများ​ကို အဓိက ​ဖြေရှင်း​ပေး​ရမည့်​သူများ​မှာ ဧရာကို ​ဝေဖန်လျက်ရှိသည့်​ MMNLP အဖွဲ့​ဝင်များ​သာ ဖြစ်ကြပါသည်။ ထိုပုဂ္ဂိုလ်များ​ အ​နေဖြင့်​ မိမိတို့​ကိုယ်တိုင် ​ဖြေရှင်း​ရမည့်​ ပြဿနာ များ​အား​ အချိန်​ပေး​၍ မ​ဖြေရှင်း​ပဲ၊​ ဧရာကို မြန်မာယူနီကုဒ်စာရင်း​မှ ဖယ်ထုတ်ရန် အချိန်အကုန်ခံ၍ ကြိုး​ပမ်း​နေခြင်း​သည် တလွဲဆံပင် ​ကောင်း​ခြင်း​မျှသာ ဖြစ်ပါသည်။

ကျွန်​တော်၏ အမြင်အရ ​ပြောရလျင် ​ပေါ်​ပေါက်​နေခဲ့​သည်မှာ ဆယ်နှစ်​ကျော် ကြာပြီ ဖြစ်​သော်လည်း​ ယ​နေ့​တိုင် ​ခေတ်မစား​သေး​သည့်​ မြန်မာယူနီကုဒ်စနစ်အား​ ယူနီကုဒ် သုံး​စွဲလိုကြသည့်​ ​ခေတ်မီ မြန်မာ ကွန်ပျူတာ အင်တာနက်သမား​များ​နှင့်​ နီး​စပ်​အောင် ဧရာအဖွဲ့​က အခ​ကြေး​ငွေမပါပဲ ကုသိုလ်ဖြစ် ​ဆောင်ရွက်​ပေး​နေခြင်း​ ဖြစ်သည်။

ကျွန်​တော်သည် ဧရာအဖွဲ့​၏ ​စေတနာနှင့်​ လုပ်ရည်ကိုင်ရည်ကို နား​လည် ယုံကြည်သည် ဖြစ်ရာ လက်ရှိ မြန်မာယူနီကုဒ် ပြဿနာများ​ ​ပြေလည်သွား​သော တ​နေ့​တွင် ​ပေါ်​ပေါက်လာမည့်​ ဧရာယူနီကုဒ်စာလုံး​သစ်ကို စိတ်ဝင်စား​စွာ ​စောင့်​မျှော်​နေမည်သာ ဖြစ်သည်။ လတ်တ​လောတွင်လည်း​ အခြား​ မြန်မာယူနီကုဒ် စာလုံး​များ​ထက် အစစ အရာရာ သာလွန်​ကောင်း​မွန်သည့်​ လက်ရှိ ဧရာယူနီကုဒ် စာလုံး​များ​ကို ​ကျေနပ်အား​ရစွာ သုံး​စွဲ​နေဦး​မည်သာ ဖြစ်သည်။

ထို့​ကြောင့်​ “အလံမလှဲပါနှင့်​ ဧရာ” ဟူ၍သာ ဧရာအဖွဲ့​သို့​ ကျွန်​တော်​ပြောလိုပါသည်။
လင်းဦး(စိတ်ပညာ)
Read More...

UAE နိုင်ငံ၊ ဒူဘိုင်း စာပေဟောပြောပွဲပေါ် ကျွန်တော့်အမြင်

UAE နိုင်ငံ၊ ဒူဘိုင်းမြို့မှာ ကန္တာရဝဿ လူမှုရှေ့ဆောင်အသင်းမှနေပြီး ကျင်းပတဲ့ ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲကို အဖြူရောင်သံစဉ် ရေဒီယိုကနေ နားထောင်လိုက်ရပြီး အတွေးတွေ၊ စိတ်ဓါတ်ခွန်အားတွေ ဒီလို ဖြစ်ပေါ်လာပါတယ်။

ဆရာ အော်ပီကျယ်

ဆရာအော်ပီကျယ်အနေနဲ့ ကိုယ့်နိုင်ငံရဲ့ ဖြစ်နေတဲ့ ပေါ့ဆမှုတွေ၊ လိုအပ်မှုတွေကို ထောက်ပြ သွားပါတယ်။

“ပျော်ရာမနေ တော်ရာမှာနေ ဆိုသလို၊ အရင်ခေတ်တုန်းက ရွာတွေ နယ်တွေကနေ မြို့ကြီးပေါ်ကို သွားပြီး အလုပ်လုပ်၊ ရေကြည်ရာမြက်နုရာရှာကြရတယ်။ အခုတော့ ကိုယ့်နိုင်ငံတွေရဲ့ မြို့ပေါ်မှာ ဘာပညာမှလည်းမရှိ၊ မတိုးတက်တော့ နိုင်ငံ့အပြင်ဘက် နိုင်ငံခြားကို သွားပြီးတော့ အလုပ်လုပ်ကြရပါတယ်” လို့ ထောက်ပြပြန်ပါတယ်။ ကိုယ့်နိုင်ငံမှာဘဲ ရေကြည် မြက်နုဖြစ်ဖို့ ကြိုစားဖို့လည်း တိုက်တွန်းပါတယ်။

“ခေတ်စနစ်ကြောင့်၊ မိဘကြောင့်၊ ရေခံ မြေခံကြောင့် မတိုးတက်ဘူးဆိုတာ ၅၀% နှုန်းပဲရှိပြီး၊ ကျန် ၅၀% ကတော့ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင် အရည်အချင်းပေါ်မှာ မူတည်နေပါတယ်” လို့လည်း ထောက်ပြပြန်ပါတယ်။

“ပညာတတ်ဆိုတာ Ph.D လိုမျိုး ရတာကို ပြောတာမဟုတ်ပါဘူး။ ဦးနှောက်ရှိသော စဉ်းစားဉာဏ်ရှိသော ပုဂ္ဂိုလ်များကို ပြောတာပါ။ မြန်မာပြည်ကိုချစ်ရင် အချင်းချင်း ကူညီဖေးမကြပါ” လို့လည်း မျိုးချစ်စိတ်နဲ့ တိုင်းပြည်လူမျိုးကို မြှင့်တင်ဖို့ တိုက်တွန်းပြန်ပါတယ်။

ဆရာအနေနဲ့ ဥပမာတွေနဲ့ရော ကိုယ့်နိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေအပြင် ကိုယ်တိုင် စိတ်ဓါတ်ပြုပြင်သင့်တာတွေကို ထောက်ပြကာ ဟောပြောသွားပါတယ်။ ဆရာက နှမ်းတစ်စိနဲ့ ဆီမဖြစ်ဘူးဆိုရင် စာရွက်အဖြူတစ်ရွက်ပေါ်မှာ နှမ်းတစ်စိကို တင်ပြီး ဖိချေကြည့်ပါတဲ့။ ဒီနှမ်းပတ်ပတ်လည်မှာ စာရွက်ပေါ်မှာ ဆီကွက် ဖြစ်သွားတာကို တွေ့ရပါမယ်။ ဒါဟာ နှမ်းတစ်စိက ဆီဖြစ်လို့ပေါ့တဲ့။ နှမ်းစိပေါင်းများစွာက ဆီပိဿာပေါင်းများစွာကို ဖြစ်စေပါတယ်။ နှမ်းတစ်စိနဲ့ ဆီမဖြစ်ဘူးပြောတဲ့လူတွေကို ကျောက်ခဲတစ်တောင်း၊ သဲတစ်တောင်းတွေနဲ့ ဆီဖြစ်အောင် လုပ်ကြည့်ပါလားလို့ မှားယွင်းနေတဲ့ အတွေးတွေကို ထောက်ပြပြီး ကိုယ့်နိုင်ငံအတွက် ကြိုးစားကြပါလို့ ဆရာအနေနဲ့ ဟောပြောသွားတာကို တွေ့ရပါတယ်။

ဆရာ ချစ်ဦးညို
  •  စာပေဟောပြောပွဲဆိုတာ နိုင်ငံရေးမဟုတ်ပါ။ သို့သော် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဟောပြောပေးရမှာဖြစ်တဲ့အတွက် နိုင်ငံရေးဖြစ်တယ်။
  • စာပေဟောပြောပွဲဆိုတာ ဘာသာရေးတရားပွဲမဟုတ်ပါ။ သို့သော် စစ်မှန်သော ဓမ္မရဲ့ အနှစ်သာရတွေ ဒီထဲမှာ ပါကို ပါရပါမယ်။
  • စာပေဟောပြောပွဲဆိုတာ ဂီတသမား၊ မော်ဒယ်၊ သရုပ်ဆောင်များကဲ့သို့ စတိတ်စင်မြင့်ပေါ် တက်ပြီး ဖျော်ဖြေရသော ဖျော်ဖြေရေးပွဲမဟုတ်ပါ။ သို့သော် ပရိတ်သက် မပျင်းရအောင် Entertainment မဟုတ်သော Entertainment ကို ပေးရပါမယ်။
  • စာပေဟောပြောပွဲဆိုတာ လူရွှင်တော်တွေ ပျက်လုံးထုတ်သော ဟာသစင် မဟုတ်ပါ။ သို့သော် အမြီးအမောက်မတည့်သော အရာတွေကို လှောင်သော ကလိသော ဟာသ ပါရပါမယ်။ ဆိုပြီး ဆရာချစ်ဦးညိုမှ သူရဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်တဲ့ အယူကို တင်ပြသွားပါတယ်။

ဆရာအနေနဲ့ ရင်ကိုထိသော ကဗျာများကို ရွတ်ဆိုပြီး ဥပမာများနဲ့ ထောက်ပြပြီး စိတ်ဓါတ်ကို မြှင့်တင်ပေးပါတယ်။ “အကျင့်ဆိုး” ဆိုတဲ့ ရွှေတိုင်ညွန့်ရေးသော သီချင်းကို ကိုယ်တိုင်ဆိုပြကာ ဖြစ်ပျက်နေတာတွေကို ထင်ဟပ်အောင် ရှင်းပြဝေဖန် ဟောပြော ထောက်ပြသွားပြန်ပါတယ်။ သီချင်းလေးတွေနဲ့ ဆရာဟာ တိုင်းပြည်အတွက် လူငယ်တွေ တွေးဖို့၊ ကြိုစားဖို့၊ ပြုပြင်ဖို့တွေကို ထောက်ပြ သွားပါတယ်။

ဆရာတို့က ပြောပါတယ်။ ကျွန်တော်တို့ ပြောတာချည်းကို အမှန်လို့မမှတ်ပါနဲ့။ ဒါပေမယ့် တွေးကြပြီး၊ ကျွန်တော်တို့ ပြောတာတွေကို မှတ်သားပြီး ယူသင့်တာယူ၊ မယူသင့်ဘူးထင်ရင် မယူပါနဲ့လို့ ရှင်းရှင်းပင် ပြောကြားသွားပါတယ်။ နိုင်ငံအတွက် တကယ်ကြိုစားရမယ့် ပြုပြင်ရမယ့် စိတ်ဓါတ်တွေ၊ အရည်အချင်းတွေနဲ့ မြှင့်တင်ဖို့ ဆရာတို့ဟာ ဟောကြားခဲ့တာဖြစ်ပါတယ်။

ပွဲကို ကျင်းပပေးတဲ့ ကန္တာရဝဿဟာ နိုင်ငံအတွက် တာဝန်တစ်ရပ်ကို ထမ်းဆောင်လိုက်တာ ဖြစ်သလို၊ အဖြူရောင်သံစဉ် ရေဒီယိုအနေနဲ့လည်း တစ်ကမ္ဘာလုံးက မြန်မာတွေ ကြားအောင်၊ အတွေးတွေ ထပ်ဖြန့်ကျက်နိုင်အောင်၊ စိတ်ဓါတ်ခွန်အားတွေ မွေးဖွားဖြစ်ထွန်းလာအောင် လွှင့်ပေးခဲ့တဲ့အတွက် တာဝန်တစ်ရပ်ကို ကျေပွန်လိုက်တာပါပဲ။ ကျန်တဲ့တာဝန်တွေကတော့ ကိုယ်တိုင် နားထောင်လိုက်ပြီး တွေးစရာတွေ ဖြစ်ကျန်ခဲ့တဲ့ ပရိတ်သက် ပြည်သူများပဲ ဖြစ်ကြပါတယ်။ သူတို့ကရော ကျေပွန်ဖို့ဆိုတာ ဆက်လက် တွေးစ အားထုတ်မှုများပေါ်မှာတင် မူတည်နေပါတော့တယ်။

စာပေဟောပြောပွဲ အသံဖိုင် Download အပိုင်း​(၁)
စာပေဟောပြောပွဲ အသံဖိုင် Download အပိုင်း​(၂)
  • နေ့ရက် >> မြန်မာသက္ကရာဇ် (၁၃၇၂)တန်ပေါင်းလဆုတ် (၀၃)ရက် / (၂၂/၀၃/၂၀၁၁)  အင်္ဂါနေ့
  • နေရာ >> ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့
  • ဟောပြော သူများ >> စာရေးဆရာ ဆရာ ချစ်ဦးညိုနှင့် ဆရာ အော်ပီကျယ်
Read More...

မြန်မာစာဖျက်မယ့်လူ ကျွန်တော်တို့(User)တွေ မဟုတ်ကြပါဘူး



ပျူ : ကိုလင်းဦး ယူနီကုတ်နဲ့ ဘလော့ ရေးတာနော်
linoo2007 : ဟုတ်တယ် ဧရာယူနီကုတ်
မြန်မာ-၃ မဟုတ်ပါ
ပျူ: အဲဒါ မြန်မာ 3 နဲ့ ဘာကွာလဲ အတူတူပဲလား
linoo2007 : တူဘူး မြန်မာ ၃ မှာက
ပျူ : ဟုတ်
linoo2007 : ကေ (ကေ)
ဧရာက ကေက ကေပဲ
မြန်မာစာကို ပြောင်းပြန်ရိုက်ရဘူး
ဟိုကောင် ၃ က ပြောင်းပြန်တွေနဲ့

Lionslayer ## ဧရာက ယူနီကုတ် အက္ခရာတွေကို သုံးထားတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ယူနီကုတ် စာလုံးစီပုံကို မလိုက်နာထားပါ။ ဒါကြောင့် ဧရာဟာ ယူနီကုတ် မဟုတ်ပါ။


ယူနီကုဒ် စာလုံးစီပုံမတူတာနဲ့ မစစ်ဘူးပြောတာက၊ ငါ့မြင်းငါ့စိုင်း စစ်ကိုင်းရောက်ရောက်၊ နေပြည်တော်ရောက်ရောက်ပြောတဲ့ စကားပါ။ Ecoding ကို စာလုံးစီတဲ့လို့ ပြောထဲက သဘောပေါက်လိုက်ပါတယ်။ encoding ဆိုတာဘာလဲ သိချင်ရင် ကိုထူးမြင့်နောင်ရဲ့ http://myanmarunicode.org/unicode/meaning-of-encoding-and-what-is-encoding/ ကိုဖတ်ကြည့်ပါ။ သဘောပေါက်သွားမယ်။ လိုရာဆွဲယူ၊ လိုရာဆွဲပြော၊ ကိုယ်ပစ္စည်းအတွက် ကိုယ်ကြော်ငြာဝင်တာ မဆန်းပါဘူး။

linoo2007 : လက်ရှိ အစိုးရကသာ စံမီတယ်ဆိုပြီး အတင်းသုံးခိုင်းနေကြတာ
Lionslayer ## ယူနီကုဒ်က အစိုးရနဲ့ ဘာမှမဆိုင်ပါ။ ISO နဲ့ Unicode Consortium ကိုယ်တိုင်ကိုက ဘယ်အစိုးရကမှ ချုပ်ကိုင်ထားခြ်ငးမရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ လက်ရှိ ယူနီကုဒ်အတွက် ဝိုင်းဝန်းလုပ်ပေးနေသူတွေဟာလည်း ကိုယ့်ထမင်းကိုယ်စားပြီး တစ်ပြားမှမရဘဲ မြန်မာစာတိုးတက်ရေးအတွက် ရှေးရှုပြီး အားလုံး ဝိုင်းဝန်း ကူညီပေးနေကြတာ ဖြစ်ပါတယ်။

ယူနီကုဒ်က အစိုးရနဲ့ မဆိုင်ပေမယ့် မြန်မာ ၃ ဆိုတာ နိုင်ငံတော်အဆင့် ပရောဂျက်ပါ။

Lionslayer : ကိုယ့်ထမင်းကိုယ်စားပြီး တစ်ပြားမှမရဘဲ မြန်မာစာတိုးတက်ရေးအတွက် ရှေးရှုပြီး အားလုံး ဝိုင်းဝန်း ကူညီပေးနေကြတာ ဖြစ်ပါတယ်။
အဲ့အတွက် လေးစားပါတယ်။ တကယ်စေတနာထားပြီး လုပ်နေတယ်ဆိုပေါ့။ အကျိုးလိုလို့ ညောင်ရေလောင်းတာ မဟုတ်ရင်ပေါ့။

linoo2007: မြန်မာယူနီကုဒ်-၃ (Myanmar Unicode 3) ဖောင့်ကို
မြန်မာစာအရေးအသား မှန်ကန်တယ်လို့ ပြောနေကြတာတွေ့ရပါတယ်။
ဘယ်လိုရေးလို့ မြန်မာစာ အရေးအသားမှန်နေတာလဲ။ လွဲနေတာတွေ
ရှိနေ မြင်နေ ရတာပဲ။ ဥပမာ။ (ကေ) ရိုက်မယ်ဆိုပါစို့ ၊ (က) ပြီးမှေ ()
ရိုက်နေရတာဟာ မြန်မာစာ အရေးအသားရ မှန်ပါသလား ။ (ရွှေညွန့်)ကို
ရေးမယ် ဆိုပါစို့။ ရေ + + ဝ +ှ + ည + ဝ+ှ+ န+့ +် လို့ ရိုက်
နေရပါတယ်။ ဟိုးကတည်းက မြန်မာစာကို ဗျည်းတွေ သရတွေနဲ့
တွဲပြီး သင်ခဲ့ရသူတွေဟာ ကွန်ပျူတာရိုက်ကာမှ ပြောင်းပြန် ပြန်ရိုက်
နေရတာဟာ သဘာဝကျပါသလား။

Lionslayer : ##ယူနီကုဒ်မှာ ဘယ်ဘာသာစကားအတွက်မဆို လိုက်နာရမယ့် စည်းမျဉ်းတွေ ရှိပါတယ်။ ဗျည်းအရင်လာ၊ ဗျည်းနောက်က ဗျည်းတွဲ၊ ဗျည်းတွဲပြီးမှ သရလာ စတဲ့ မလွဲမသွေ လိုက်နာရတဲ့ စည်းမျဉ်းတွေပါ။ ဘာသာဗေဒ နဲ့ ယုတ္တိဗေဒ သဘောတရားအရ စီစဉ်ထားတာဖြစ်ပါတယ်။ ရိုက်တဲ့အခါမှာသာ သင်ပုန်းကြီးအတိုင်း ရိုက်လို့ရအောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

ယူနီကုဒ့် သုံးမှ မြန်မာစာက Standard ဖြစ်တာ မဟုတ်ပါဘူး။ မြန်မာစာမှာ မြန်မာစာရဲ့ အရည်အသွေး၊ သတ်မှတ်ချက် စတဲ့ စံတွေ ရှိတဲ့ မြန်မာစာပါ။ ကွန်ပျူတာသုံးဖို့ မြန်မာစာစံတွေကို ဖောက်ဖျတ်ပြီးလုပ်ရမယ်ဆိုရင်တော့ သဘာဝမကျဘူးထင်ပါတယ်။ 

linoo2007:
တီထွင်သူများမှ နည်းပညာအရ ဒီနေရာ ဒီလိုလေးရိုက်မှ အဆင်ပြေ
မှပါလို့ ဆိုပါတယ်။ ဒါဆို နည်းပညာအရ မြန်မာစာအရေးအသားမှာ
ပြောင်းပြန်ဖြစ်သင့်တာ ဖြစ်ရမယ်လို့ ဆိုလိုတာလား။ ဇော်ဂျီ
လက်ကွက်အတိုင်း (ကေ)ကို (ကေ)လို့ ရိုက်နိုင်သည်ဟု ဆိုပြန်သည်။
(ကေ)လို့ ရိုက်ပြီး စက်က(ကေ) ဟု သိမ်းရန် ပြုလုပ်ခြင်းဖြစ်သည့်
အတွက် စာရိုက်ရာတွင် ပုံမှန်ထက် စာလုံးပေါ်ရန် အချိန်ကြာသည်။
စာမျက်နှာ (၃၀၀) ရိုက်မည်ဆိုပါစို့။ ရိုက်ရမည့် စာတိုင်းတွင်
reordering အထက်ဖော်ပြပါအတိုင်း လိုက်ပြောင်းပေးနေရသည့်
အတွက် စက်သည် ပိုမိုလေးလံခြင်း၊ ဖွင့်မရခြင်းများ ဖြစ်လာပါမည်။
ထို့ကြောင့် ပုံမှန်စက်များ၊ အပြင် စာစီစာရိုက်ဆိုင်များအတွက်လည်း
ဘေးထွက်ဆိုးကျိုးများနှင့် ရင်ဆိုင်ရပါမည်။ မန်မိုရီများစွာ ကုန်ပါတယ်။
မန်မိုရီများလာလျှင် CPU များ ပူလာပါမည်။ ထို့ပြင် ဒီဇိုင်းနှင့် ဖိုတိုရှော့
များတွင် အသုံးပြု၍ မရပါ။ ယနေ့ခေတ် ဆော့ဝဲများ၊ OS ရေးသူများ
သည် မန်မိုရီ နည်းသမျှ နည်းအောင် ပြုလာကြချိန်တွင်
Myanmar Unicode အား အသုံးပြုလာမည်ဆိုခြင်းမှာ စဉ်းစားစရာပင်
မဟုတ်ပါလော။

Lionslayer : ##စာမျက်နှာ ၃၀၀ မပြောပါနဲ့။ စာမျက်နှာပေါင်း သုံးသောင်းခွဲအထက်ရှိတဲ့ ပရောဂျက်တွေကို ကျွန်တော် ယူနီကုဒ်နဲ့ လုပ်နေတာပါ။ နောက်တစ်ခု မန်မိုရီများစွာကုန်တယ်ဆိုလည်း မဟုတ်ပါ။ စာလုံးရေ အတူတူရှိတဲ့ Shaping Engine သုံးထားတဲ့ Text နဲ့ မသုံးထားတဲ့ Text နဲ့ကို ပြိုင််တူဖွင့်ကြည့်ပြီး ယှဉ်ကြည့်ပါ။ နောက်တစ်ခု မန်မိုရီများလာနဲ့ စီပီယူပူလာတာနဲ့ (ဘာဆိုဘာမှ) မဆိုင်ပါ။ သံလွင်ဖောင့်ဟာ Adode ရဲ့ နောက်ဆုံးထွက် ဗားရှင်းအကုန်မှာ သုံးလို့ရပါတယ်။


“မန်မိုရီများစွာကုန်တယ်ဆိုလည်း မဟုတ်ပါ” ဆိုတာက ရီစရာပါ။ ယူနီကုဒ်သုံးဖို့ ဟိုဟာမှာမှ ဒီဟာနဲ့ သုံးရမယ်ဆိုရင် ဒီနေ့ခေတ်ကြီးမှာ ယူနီကုဒ်သုံးလို့ဘာမှ ဖြစ်လာစရာမရှိပါဘူး။
ပထမအဆင့်။ စာရေးသူက (ကေ) လို့ စာလုံးတလုံးရိုက်တယ်။ လက်ကွက်ပရိုဂရမ်က (ကေ) လို့ ပြောင်းပေးတယ်။ ရိုက်နေရင်း အဲလိုတွေ့တိုင်း ပြောင်းဖို့လုပ်နေရတာကရော။ ရိုက်နေရင် စာလုံးပေါ်မလာသေးတာတွေကရော မန်မိုရီသုံးနေလို့ မဟုတ်ဘူးလား။ အဲ့တာက မန်မိုရီမကုန်ဘူးလား။
ဒုတိယအဆင့် ။ ကိုယ်ရေးလိုက်တဲ့စာတွေကို ဖောင့်ကလေ (ကေ)ကနေ (ကေ) ဖြစ်အောင် ပုံဖေါ်ပေးတဲ့ rendering က (ကေ) တွေ့တိုင်း ပြောင်းနေရတာရော မန်မိုရီမကုန်ဘူးလား။ စာကြောင်းတိုင်းကို အဲလိုပုံဖေါ်နေရရင် စာလုံးပေါင်းသိန်းနဲ့ချီလာရင် ဘယ်လိုလုပ်မတုန်း...

linoo2007:
ယူနီကုဒ်မည်သည် မည်သည့် ယူနီကုဒ်ကမဆို အခြားယူနီကုဒ်ဖောင့်
တစ်ခုအား လွယ်ကူစွာပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။ အဖွဲ့အစည်း
တစ်ခုထဲက ထုတ်တဲ့ Myanmar-2 နဲ့ Myanmar 3 ဖောင့်နှစ်ခုက
အပြန်အလှန် ပြောင်းလို့ ရပါသလား။ ဖတ်လို့ ရပါသလား။ (Converter
နဲ့ ပြောင်းတာကိုမဆိုလိုပါ၊ Select ပေးပြီး ချက်ခြင်းပြောင်း လဲခြင်းကို
ဆိုလိုသည်) ။ ပြောင်း၍ မရပါ။ ကြိုးစားမှုကို လေးစားပါတယ်။ သို့သော်
ယခုလို အခက်အခဲများ ရှိနေသော မြန်မာယူနီကုဒ်အား အသုံးပြုရန်
အသုံးပြုသူများအနေဖြင့် အခက်အခဲများစွာ ရှိနေပါတယ်။
လင်းဦး(စိတ်ပညာ)

Lionslayer :##ရပါတယ်။ မြန်မာ၂ နဲ့ မြန်မာသုံး ကွာတာဟာ - မြန်မာ၃ မှာ စာလုံးစီပုံမှားရင် ချက်ချင်းမြင်ရအောင် Dotted Circle နဲ့ ပြပြီး မြန်မာ၂ မှာ မပြပါ။

ဈေးဆိုတာကို ဈ နဲ့ မရေားဘဲ စ+ျ ရေးရင် ဘာလို့ မပြတာလဲနော်...

၁၃။ Alt+1 - တစ်ခုနှင့် တစ်ခု ဝေးခြင်း
၁၄။ ခေါင်းလောင်းလေး - ဝါနေလား၊ မဝါဘူးလားကို လှမ်းကြည့်ကြည့်
နေရခြင်း

Lionslayer ##အဲဒါ NHM ကီးဘုတ် တစ်ခုကို ကြည့်ပြီးပြောနေတာသာ ဖြစ်ပါတယ်။ Control+Shift နဲ့မှ ရိုက်ချင်တယ်ဆိုရင် မြန်မာ၂ လက်ကွက်နဲ့ ရိုက်လို့ ရတဲ့ အက္ခရာ ကီးဘုတ် ရှိပါတယ်။

၁၅။ Font Style - အလွန်များပြားနေပြီး တစ်ခုချင်းစီကို install လိုက်
လုပ်နေရခြင်း
Lionslayer ####လိုမှ လုပ်ပါ။ မလိုလည်း တစ်ခုတည်း ရှိလည်း အားလုံးကို အမှန် မြင်ရပါတယ်။ အင်္ဂလိပ်စာမှာလည်း အင်္ဂလိပ်ယူနီကုတ်တွေ ဖြစ်တဲ့ Arial, Time News Roman, Verdana, Tahoma စတဲ့ ဖောင့်အစုံ သုံးနေတာပဲ မဟုတ်ပါလား။

၁၆။ Fonts - တစ်နေရာတည်းတွင် စုစည်း၍ ရှိမနေခြင်း
Lionslayer ####MyanmarLanguage.org မှာ ရသမျှ အချက်အလက်တွေအကုန် စုစည်းဖို့ ကြိုးစားနေပါတယ်။ ယူနီကုတ်ဖောင့်တွေပါတဲ့ Package တစ်ခုလည်း စုစည်းပေးထားပြီး ဖြစ်ပါတယ်။
၁၇။ စာရိုက်ဟန် - ဗျည်းကိစ္စ၊ သရကိစ္စကို ထည့်ပြောနေရခြင်း
Lionslayer ####atn လို့ ရိုက်ပြီး ant လို့ ထွက်ချင်ရင် ဒါတော်တော်လွဲနေပြီလို့ ပြောနိုင်ပါတယ်။ ဒီတော့ လုံးကြီးတင်ပြီးမှေ ချောင်းငင်လာမလား၊ ချောင်းငင်ပြီးမှ လံာုးကီးတင် လာမလား၊ ဆုံးဖြတ်ပါ။
ဒီတော့ လုံးကြီးတင်ပြီးမှေ ချောင်းငင်လာမလား၊ ချောင်းငင်ပြီးမှ လံာုးကီးတင် လာမလား၊ ဆုံးဖြတ်ပါ။

ယူဇာတွေကို ဟိုလိုရိုက်ပါ။ ဒီလိုရိုက်ပါ ပြောနေမယ့်အစား ပရိုဂရမ်မာတွေက အဲလိုမဖြစ်အောင် မလုပ်ဘူးလား။

၁၈။ Softing - ရသည်ပြောသော်လည်း တကယ်စမ်းမပြနိုင်ခြင်း
Lionslayer ##Sorting ကို Open Office မှာ (အခု) အလွယ်တကူ စမ်းနိုင်ပါတယ်။ နောက်ပိုင်း ဘယ် OS Vendor မဆို မြန်မာစာ အတွက် အထောက်အပံ့ပေးတဲ့အခါ ယူနီကုဒ်စံကိုသာ လိုက်နာမှာ ဖြစ်ပါတယ်။ 

Open Office ဟာ သာမန် word ပရိုဂရမ်တွေထပ် များစွာ မန်မိုရီ ပိုကုန်တာကို စမ်းဘူးသူတိုင်းသိပါတယ်။ လောလောဆယ်တောင် ပြေဿနာ ရှိနေတာ ဖတ်ဘူးပါတယ်။ Softing ဆိုတာကို လက်ရှိမှာလဲ သုံးမရ။ ဘယ် OS Vendor support မလုပ်သေးပါဘူး။ နောက်ပိုင်းလဲ .... စဉ်းစားစရာရှိတာက အဲလို မန်မိုရီသုံးတဲ့ ဖောင့်တွေကို OS Vendor support လုပ်မယ်ဆိုရင်တော့ ဝမ်းသာစရာပေါ့။ အနာဂတ်မှာရဖို့ လောလောဆယ်မှာ သုံးချင်တဲ့ ပရိုဂရမ်မှာ သုံးလို့မရဘဲ စောင့်နေရမယ့်ကိန်းပါ။

မွန်စာမှာ ဩ ဆိုတာ သတ်သတ်မရှိပါဘူး။ ဩ ဆိုတာ သ နဲ့ ြ-- ဖြစ်ပြီး သထဲမှာဘဲ စီတာ သိမ်းတာ ရှိပါတယ်။ အဲ့တာကို Open Office မှာ ရတယ်ဆိုတာကိုက လိမ်ညာနေတာလား။ တကယ်ဘဲမသိတာလား စဉ်းစားစရာပါ။

၁၉။ တီထွင်သူများ - user များ နားမလည်နိုင်သော စကားများကို တွင်တွင်ပြောခြင်း
Lionslayer ##နားရှုပ်စရာတွေ ရှိပါတယ်။ ကွှန်တော်လည်း စသုံးခါစက သိပ်နားမလည်ပါဘူး။ နောက်ပိုင်းတော့ သူများကို ရှင်းပြဖို့ကြိုးစားရင်း တော်တော်များများ နားလည် လာပါပြီ။
၂၀။ အနေအထား - zawgyi လို ရော့သုံးလို့ရပြီလို့ မပြောရဲကြခြင်း
Lionslayer ####မပြောရဲစရာ ဘာမှ မရှိပါ။ သုံးမယ်ဆို သုံးလို့ ရပါပြီ။ ကျွန်တော်ကိုယ်တိုင် သုံးလာတာ တစ်နှစ်ကျော်ပါပြီ။ ပြဿနာတွေ ရှိကောင်းရှိမယ်။ အပြစ်ထိုင်တင်နေမယ့်အစား ကွန်ပျူတာသုံး မြန်မာစာ တိုးတက်လာဖို့အတွက် ယူနီကုဒ်အတွက် မိမိကိုယ်ပိုင်အချိန်တွေထဲက ဖဲ့ပြီး အလုပ်လုပ်ပေးနေတဲ့ Developers တွေကို လေးစားသော အားဖြင့် မိမိကြံုတွေ့နေရတဲ့ အခက်အခဲတွေကို သူတို့ကို Feedback ပေးခြင်းနဲ့ ကူညီနိုင်ပါတယ်။

ကွန်ပျူတာသုံး မြန်မာစာ တိုးတက်လာဖို့အတွက် တခြားနည်းတွေနဲ့ လုပ်လို့ ရတာတွေရှိပါတယ်။ ယူနီကုဒ်ပေါ်မှ မဟုတ်ပါဘူး။ ကွန်ပျူတာသုံးဝေါဟာရ မြန်မာ ဒေရှင်နရီမျိုး အရင်လုပ်ရင်ကို ဖြစ်လာနိုင်ပါတယ်။ ယူနီကုဒ်သုံးပြီး youtube-> သင့်ပြွန်၊ Motherborad -> အမေပြားလုပ်နေလို့ကတော့ တိုးတက်လာမှာ မဟုတ်ပါဘူး။ မြန်မာစာမှာ စံ ဆိုတာရှိပြီးသား၊ မြန်မာစာ ကို မြန်မာတိုင်း လက်ခံပြီးသားပါ။ ယူနီကုဒ်ဖြစ်အောင် ကွန်ပျူတာနောက်ကို မြန်မာစာစံက ပြောင်းလိုက်ရမယ်ဆိုတာ မဖြစ်သင့်ပါဘူး။


ပညာရှင်တွေအနေနဲ့ ငါတို့ ဘာလိုအပ်နေလဲဆိုတာ ငါတို့က ပညာရှင်ပဲဆိုတဲ့ စိတ်မထားဘဲနဲ့ ယူဇာတွေ တကယ်တမ်းသုံးတော့ ဘယ်လိုမျိုး အခက်အခဲတွေကြံုနေသလဲ၊ ဘယ်လိုအသံတွေ ထွက်လာသလဲ ဆိုတာတွေပေါ်မှာ မူတည်ပြီး ပြန်ပြီးစမ်းစစ် ပြုပြင်သင့်တယ်။ မြန်မာလူမျိုးတွေရဲ့(မြန်မာဆိုတာ တိုင်းရင်းသားအားလုံးပါတယ်) ယူနီကုတ်စံရှိတဲ့ ဖောင့်တစ်ခု ပေါ်ပေါက်လာမယ်ဆိုရင် အင်မတန် ဝမ်းသာဖို့ ကောင်းလှပါတယ်။ ဒီလိုဖောင့်မျိုးကိုလည်း တကယ်လက်ခံ ကျင့်သုံးရပါလိမ့်မယ်။ Standard တကယ်ရှိပြီ ဆိုရင် အားလုံး လက်ခံ ကျင့်သုံးမယ့် သူတွေကြီးပါပဲ။
ဒီလိုမျိုး ငါတို့ကို ပြောနေတယ်ဆိုပြီး ပြန်ပြန်ဆော် ပြန်ပြန်ပြီးဒီလိုကစ်လိုက်ရမှ ဆိုတဲ့ စိတ်ထားမျိုး သဘောထားတွေ မထားရင် ကောင်းပါမယ်။
ပညာရှင် အချင်းချင်းပဲ သိမယ့်ကိစ္စတွေကို ပညာရှင်တွေပဲ ပြောကြပါ။ ကျွန်တော်တို့လို လူပြိန်း (ဝါ) ယူဇာ များကို အမိန့်ပေးသလိုမျိုး ဟိုဟာသုံးခိုင်း ဒီဟာသုံးခိုင်း လာမလုပ်ပါနဲ့။ သေချာနားလည်အောင် ရှင်းပြပေးတာတွေဟာ ပိုပြီး ကောင်းပါမယ်။ ယူဇာတွေအနေနဲ့ အခက်အခဲတွေကို ပြောနေတာတွေကိုလည်း မင်းတို့ ဘယ်လောက်သိသလဲဆိုတဲ့ ပုံစံမျိုးနဲ့ မသိနားမလည်တဲ့ စကားလုံးထုတ်ပြီး မပစ်ပါနဲ့။ 

ယူဇာတွေ (ကျွန်တော်တို့တွေဟာ) မြန်မာစာ ဖျက်မယ့် လူတွေ မဟုတ်ကြပါဘူး။ 

လင်းဦး(စိတ်ပညာ)
Read More...

ချီလီနိုင်ငံ၏ ပိတ်မိနေသော ကြေးနီ-ရွှေ သတ္တုတွင်း အလုပ်သမားများကို ကယ်ဆယ်နိုင်​ပြီ

altကယ်​ဆယ်​နိုင်​ခဲ့​သူ​တဦး​နှ​င့်​​ ​မိ​သား​စု​ဝင်​များ​​ ​ပြန်​လည်​တွေ့​ဆုံ​စဥ် © dailyMaili










ချီလီနိုင်ငံ San Jose ကြေးနီ-ရွှေ သတ္တုတွင်းတွင် ဗုဒ္ဓဟူးနေ့​ နံနက် အစောပိုင်းမှ​ စ၍ မြေအောက်တွင် ပိတ်မိနေသော လုပ်သား (၃၃)​ ယောက်​ အနက် တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်သို့ ကယ်ဆယ်​ နိုင်ခဲ့ပါသည်။
၉ ယောက်မြောက်ဖြစ်ပြီး လုပ်သားများထဲတွင် အသက်၆၃ နှစ်အရွယ် အသက်အကြီးဆုံးဖြစ်သူ Mr. Mario Gomez သည် ဆေးတောင့်သဏ္ဍာန် ကယ်ဆယ်ရေး ကိရိယာမှ ထွက်ခဲ့ပြီး ပရိတ်သတ်ထဲမှ ကမ်းပေးသော ချီလီ​ အလံကို​ ကိုင်မြောက်ပြီးနောက် မြေပြင်တွင် ဒူးထောက်ပြီး ဝတ်ပြုဆုတောင်းခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီး Mr. Jaime Manalich က သတ္တုတွင်းအလုပ်သမား (၃၃)ယောက်ကို ခန့်မှန်းထားသည့် (၂)ရက်ထက်စော၍ မြေအောက်မှ ကယ်ထုတ်နိုင်မည်ဟု ဆိုပါသည်။
Mr. Florencio Avalos (၃၁)နှစ်အား ပထမဦးဆုံး ကယ်ဆယ်ပြီးနောက် (၇)နာရီကျော် အကြာတွင် (၉)ယောက်မြောက် Mr. Gomez ကို ကယ်တင်နိုင်ခဲ့ပါသည်။ ထိုသို့ ကယ်တင်နိုင်မှု သည် ကမ္ဘာကြီး​ တစ်ခုလုံးက (၂)​ လကြာ အာရုံစိုက်ခြင်း​ ခံရမှုများမှ ပြီးဆုံးစေခဲ့ပါသည်။ ပထမဦးဆုံး ကယ်တင်ခဲ့သည့် Mr. Avalos သည် မိုင်ဝက်​ နီးပါး​ ရှိသည့် တူး​ ထားသည့်တွင်းထဲမှ ဆေးတောင့် သဏ္ဍာန် အထူး​ ကယ်ဆယ်ရေး​ ကိရိယာဖြင့် ကယ်တင်ခဲ့ပြီး​ ဖြစ်ပါသည်။ ၎င်း​ ကယ်ဆယ်ရေး​ ကိရိယာကို အင်္ဂါနေ့တွင် အရာရှိများက ကြိမ်ဖန်များစွာ စမ်းသပ်​ ခဲ့ပါသည်။ ကယ်ဆယ်သည့်နေ့​ ဖြစ်သည့် ဗုဒ္ဓဟူး နေ့ သန်းခေါင်ချိန်တွင် မြေပြင်ပေါ်သို့ ဆေးတောင့်​ သဏ္ဍာန်​ ကယ်ဆယ်ရေး​ ကိရိယာ၌ Mr. Avalos ပါလာပြီးနောက် ၎င်းသည် တည်ငြိမ်စွာဖြင့် မိသားစုကို ပွေ့ဖက်​ နှုတ်ဆက်ပြီး၊ သမ္မတနှင့် ၎င်း၏ ပတ်လည်တွင် ဝိုင်းနေသော အလုပ်သမားများကိုပါ ပွေ့ဖက်​ နှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် ၎င်းအား ထမ်းစင်တွင် လဲလျောင်း​ စေပြီးနောက် ဆေးစစ်ဆေးရန်​ အတွက် ခေါ်ဆောင်သွားခဲ့ပါသည်။

altအ ​မှတ်​ခြစ်သူ​များ​မှာ ကယ်​ဆယ်​နိုင်​ခဲ့​သူ​များ​စာ​ရင်း​ဖြစ်​ပြီး​​​ ​ကျန်​ရှိ​နေ​သူ​များအား​​ ​အ​မှတ်​ခြစ်ထား​​ခြင်း​ ​မ​ရှိ​ပေ​​ © dailyMaili











သူ၏ နောက်တွင် ပိတ်မိနေသော အလုပ်သမား (၇)​ ယောက်ကို ကယ်ဆယ်ခဲ့ပါသည်။ ပိတ်မိ​ နေသော ကျန်​ အလုပ်သမားများသည် ပထမ​ ဦးဆုံး ကယ်တင်ခြင်း​ ခံရသူလောက် အားထုတ်​ ရခြင်း မရှိဘဲ ကယ်ဆယ်​ နိုင်မည်​ ဖြစ်ပါသည်။ ဒုတိယ​ အကြိမ် ကယ်ထုတ်ခဲ့သည့် အလုပ်သမား Mr. Mario Sepulveda သည် စိတ်အား တက်ကြွစွာဖြင့် ဆေးတောင်​ သဏ္ဍာန် ကယ်ဆယ်ရေး​ ကိရိယာထဲမှ ထွက်လာပြီး မိသားစုများနှင့် အရာရှိများကို ပွေ့ဖက်​ နှုတ်ဆက်ခဲ့ပါသည်။ ၎င်းသည် သမ္မတ Mr.Pinera အား သုံးကြိမ်တိုင် ပွေ့ဖက်ခဲ့ပြီး မြေအောက် ကြေးနီး-ရွှေ သတ္တုတွင်းမှ ကျောက်တုံး များကို လာရောက်​ အားပေး​ ကြည့်ရှုကြသည့် ပရိသတ်အား လက်ဆောင်​ အဖြစ် ပေးခဲ့ပါသည်။ ထို့နောက် ၎င်းက ပရိသတ်ကို ဦးဆောင်၍ “ချီလီ သတ္တုတွင်း လုပ်သားများ”ဟု အော်ဟစ်​ ကြွေးကြော် ခဲ့ပါသည်။

မြေအောက်​ ကြေးနီ-ရွှေ သတ္တုတွင်းထဲတွင် ကျန်ရှိသည့် အလုပ်သမား (၂​၀)​ ယောက်​ သည် လာရောက်​ သည့်​ကယ်ဆယ်ရေး​ သမားနှင့်​ အတူ အလှည့်ကျ​ ကယ်တင်မှုကို စောင့်ဆိုင်း​ လျက်ရှိပါသည်။ ကယ်ဆယ်ရေး​ သမားသည် ချီလီ​ အလံ​ အရောင်အတိုင်း အနီ၊​ အဖြူနှင့် အပြာချယ်ထားသည့် ဆေးတောင့်​ သဏ္ဍာန် ကယ်ဆယ်ရေး​ ကိရိယာဖြင့် မြေအောက်သို့ ရောက်ရှိလာသူ​ ဖြစ်ပါသည်။ ၎င်းကယ်ဆယ်ရေး သမားသည် အင်္ဂါနေ့​ နှောင်းပိုင်းတွင် ပိတ်မိနေသော သတ္တုတွင်း အလုပ်သမား များထံသို့ ရောက်ရှိပြီး အလုပ်သမားများ၏ စိတ်အား​ ထက်သန်စွာ ကြိုဆိုနှုတ်ဆက်မှုကို ခံရပါသည်။

ကယ်ဆယ်သည့်နေ့၊ ဗုဒ္ဓဟူးနေ့သည် အကြီးမားဆုံး စိတ်လှုပ်ရှားမှု​ ဖြစ်ပေါ်သောနေ့တစ်နေ့ ဖြစ်ခဲ့ပြီး သမ္မတ Pinera သည် စိတ်လှုပ်ရှားစွာဖြင့် ကယ်ဆယ်ရေး​ တွင်းနားတွင် မိသားစုများ၊ ဂျာနယ် သတင်းသမား ၁,၃၀၀ ကျော်နှင့်အတူ စောင့်ဆိုင်း​ ခဲ့ပါသည်။ တစ်ခါတစ်ရံ သမ္မတသည် မိသားစုများ နှင့်အတူ ပြိုင်တူ အားတက်ဖွယ်​ သီချင်းများကို သီဆို်ခဲ့ပါသည်။

မိမိတို့ စောင့်မျှော်ရသည့် နောက်ဆုံးနေ့သို့ ရောက်လာပြီ​ ဖြစ်ပြီး ပိတ်မိနေသော ၃၄​ နှစ်အရွယ် အလုပ်သမား​ တစ်ဦး​ ဖြစ်သည့် Claudio Yanez ၏ အဒေါ်​ ဖြစ်သူ Marta Mesias (၅၁)​ နှစ်က ဆိုပါသည်။ မိမိတို့ ၎င်းကို ရှန်ပိန်ဖြင့် ကြိုဆိုပြီး ကြက်ကင်ဖြင့် ကျွေးမည်ဟု ဆိုပါသည်။

alt
ကယ်​ဆယ်​မှု​ ဖြစ်​စဥ်​ အ​သေး​စိတ်​ကို​ ​သ​ရုပ်​ဖေါ်​​ရှင်း​​ပြထား​စဥ်
© dailyMaili

ကယ်ဆယ်မှု​ လုပ်ငန်းသည် တစ်ရက်မှ နှစ်ရက်သို့ ကြာမည်ဟု ခန့်မှန်း​ ပါကြောင်းဖြင့် အလှည့်ကျ ခေါင်းဆောင်​ ဖြစ်ပြီး တွင်းတွင် ပိတ်မိ​ နေသော အလုပ်သမားချင်း၏ နေထိုင်မှုကို စီစဉ်​ ပေးသူနှင့် နောက်ဆုံးမှ မြေပေါ်သို့ တက်လာမည့် Luis Urzua က ဆိုပါသည်။ 

ကယ်ဆယ်မှုသည် မဖော်ပြနိုင်သော ဒေါ်လာ​ သန်းပေါင်း​ များစွာ၊ NASA မှ ကျွမ်းကျင်သူများ​၊​​  နိုင်ငံ (၁၂)​ နိုင်ငံမှ တွင်းတူး​ ကျွမ်းကျင်သူများ ပါဝင်​ ပါသည်။ အရာရှိများက ယခု​ လုပ်ဆောင်မှုသည် အလွန်​ အန္တရာယ်ရှိသော လုပ်ဆောင်မှု​ ဖြစ်ကြောင်း၊ ကယ်ဆယ်ရေး​ တွင်း​ အကျယ်မှာ ဆေးတောင့် သဏ္ဍာန်​ ကယ်ဆယ်ရေး​ ကိရိယာ​ ​ဝင်ဆန့်ရုံသာ အနည်းငယ်​ ကျယ်ပြန့်ပြီး၊ တစ်ကြိမ်တွင် တစ်ဦးသာ ပေ ၂,၀၀၀ အရှည်ရှိသည့် တွင်းမှ မြေပြင်သို့ ပို့ဆောင်​ ပေးနိုင်၍ တွင်းမှာ တစ်ဖြောင့်ထဲ​ မဟုတ်သည့် အတွက် ဆေးတောင့်​ သဏ္ဍာန် ကယ်ဆယ်ရေး​ ကိရိယာသည် ညပ်သွား​ နိုင်​ကြောင်း​သိ​ရှိ​ရပါသည်။

မြန်မာစံတော်ချိန် 14-10-2010 နံနက် ရ း ၂၀ ခန့်တွင် ပိတ်မိနေသူ အလုပ်သမား ၃၃ ယောက်လုံးအား ကယ်တင်နိုင်ခဲ့ပါသည်။

လင်း​ဦး​​ (စိတ်​ပ​ညာ) 
Read More...

စစ်​အ​စိုး​ရ​ ရွေး​​ကောက်​ပွဲ​ ​နို​ဝင်​ဘာ​ ​၇​ ​ရက်​နေ့​​ ​ကျင်း​ပ​မည်

ပြည်ထောင်စု​ ရွေးကောက်ပွဲ​ ကော်မရှင်၏  နည်းဥပဒေ ၁၆ (က)​ ​၊​ ပုဒ်မ​ (၈) လုပ်ပိုင်ခွင့်​ အရ မြန်​မာ​​ စစ်​အ​စိုး​ရ​၏​ ​နှစ်​ ​၂၀​ ​အ​တွင်း​​ ​ပ​ထ​မ​ဆုံး​​ ​ကျင်း​ပ​မည့်​​ ရွေး​​ကောက်​ပွဲ​ကို ​နို​ဝင်​ဘာ​ ​၇​ ​ရက်​နေ့​​တွင်​ ​ကျင်း​ပ​မည်​ ​ဖြစ်​ကြောင်း​​​ကို ကြေညာချက်​ အမှတ်​ (၈၉ / ၂၀၁၀)​​ ​တွင်​ ရှိ​သည်​။​​
ရွေး​​ကောက်​ပွဲ​ ​ကျင်း​ပ​မည့်​​ ​ရက်​အား​​  ​ဌာ​န​ဆိုင်​ရာ​ အ​ရာ​ရှိများ​​ ခ​ရီး​ထွက်​နေ​သည့်​​​ အ​ရာ​ရှိများ​​၊​​ ​နယ်​များ​ရှိ ဝန်​ကြီး​ဌာ​န​များ​မှ​ ​အ​ရာ​ရှိ​များ​​ အားလုံး​ကို​​ ​လက်​ရှိ​​ လုပ်​နေ​သည့်​​ ​အ​လုပ်​များ​အား​​ ရပ်​နား​​စေ​ခဲ့​ကာ​ ​ခေါ်​ယူ​ခဲ့​​ပြီး​​ ​ဒီ​က​နေ့​မ​နက်​​ (​ဩ​ဂုတ်​လ​ ၁၃​ ရက်)​ တွင် ​ခေါ်​ယူ​ အ​သိ​ပေး​ခဲ့​​ကြောင်း​​လည်း​ ​သ​တင်း​ရ​ရှိ​သည်​။​​
ထို့​အ​ပြင်​​​ ကြေညာချက်​ အမှတ်​ (၉၀/၂၀၁၀)​​၊​​ လွှတ်တော်​ နည်းဥပဒေ​ (၁၆)​ အရ လွှတ်တော်​ ကိုယ်စားလှယ်​ အမည်​ စာရင်းများအား ဩဂုတ်လ (၁၆)​ ရက်နေ့မှ ဩဂုတ်လ (၃၀)​ ရက်အထိ တင်သွင်းနိုင်ပြီး​​၊​​ ရုတ်သိမ်း​ လိုပါက စက်တင်ဘာလ (၃)ရက်နေ့ ရုတ်သိမ်း​ နိုင်သည်ဟု​ ​လူ​ထုအ​သံ​က​ ​ရ​ရှိ​သည့်​​​ ​မှတ်​တမ်း​များ​​တွင်​ ပါ​ရှိ​သည်​။​​
ဤ​ကဲ့​သို့​​ ​ဝန်​ကြီး​ဌာ​န​များ​​ ​အား​​ခေါ်​ယူ​ ​အ​သိ​ပေး​​ခြင်း​သည်​လည်း​​ ​မြန်​မာ​ ​စစ်​အ​စိုး​ရ​၏​ ​ရွေး​​ကောက်​ပွဲ​ကော်​မ​ရှင်က​ ​ကြေ​ညာ​ထား​သည့်​​ ဥပ​ဒေ​များ​နှင့်​လည်း​​ ​ဆန့်​ကျင်​နေ​ကြောင်း​လည်း​​ ​သ​တင်း​ရ​ရှိ​သည်​။​
Read More...

မှတ်တမ်းတစ်ခု ထွင်းထုခဲ့သော စပိန်


၂၀၁၀ ကမ္ဘာ့ဖလားတွင် အာဂျင်တီးနား၊ ဘရာဇီးလ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ဩစတေးလျ၊ အင်္ဂလန် အသင်းများမှာ ဖလားရရန် ရေပန်း အစားဆုံး အသင်းများ ဖြစ်ခဲ့ကြပြီး ၊ လူအများ၏ နံပါတ် (၁) ပေးခံရသော အာဂျင်တီနား အသင်းမှာ နိုင်ဂျီရီးယား​ အသင်းအား ၁-၀ ၊ ကိုရီးယား အသင်းအား ၄-၁၊ ဂရိအား ၂-၀၊ မက်ဆီကိုအား ၃-၁ ရလဒ်များဖြင့် အုပ်စုပွဲများအား အနိုင်များဖြင့် ဖြတ်ကျော် လာခဲ့ကာ၊ ကွာတားတွင် ဂျာမနီ အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အပြတ်သတ် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ဒုတိယ အကြိုက်အများဆုံးဖြစ်ခဲ့သော ဘရာဇီးလ်အသင်းမှာလည်း မြောက်ကိုရီးယားအား ၂-၁၊ အိုင်ဗရီကို့စ်အား ၃-၁၊ ပေါ်တူဂီအား ဂိုးမရှိသရေ၊ ချီလီအား ၃-၀ ဖြင့် အုပ်စုပွဲများအား ဖြတ်ကျော် လာကာ၊ ကွာတားတွင် နယ်သာလန်အသင်းအား ၂-၁ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ 

ထို့အတူ ရေးပန်းစားခဲ့ကြသော အီတလီ၊ ဩစတေးလျ၊ အင်္ဂလန်အသင်းတို့မှာ အုပ်စုပွဲများဖြင့်ပင် အိမ်ပြန်ခဲ့ကြရရှာသည်။ ထို့ပြင် လူအများ ထင်ကြေးပေးခဲ့ကြသော တောင်အမေရိက အသင်းမှာလည်း အုပ်စုပွဲ၌ပင် ကျေနပ်ခဲ့ရသည်။ 

စပိန်အသင်းသည် လူအများ၏ ရေပန်းအစားဆုံးစာရင်းတွင် ပါဝင်ခဲ့သော်လည်း တစ်ထင့်ထင့်နှင့် တွေးထင်ခဲ့ကြရခြင်းဖြစ်သည်။ စပိန်အသင်းသည် ယူရို ၂၀၀၈ ကို အရယူခဲ့၍သော်လည်းကောင်း၊ ကမ္ဘာ့နာမည်ကြီး ရီးယဲမက်ထရစ်နှင့် ဘာစီလိုနာ ကစားသမားများဖြင့် ဖွဲ့စည်းထား၍သော် လည်းကောင်း ရေပန်းစားသော စာရင်းတွင် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ 

ထို့ပြင် စပိန်အသင်းသည် ၎င်း၏ ဦးဆုံးပွဲစဉ်ဖြစ်သော ဆွစ်ဇာလန်အသင်းအား ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ရသည့်အတွက် လူအများ၏ ထင်ကြေးမှ လျော့နည်းခဲ့ရသည်။ ထို့နောက် ဟွန်ဒူးရပ်အား ၂-၀၊ ချီလီအသင်းအား ၂-၁ ၊ ပေါ်တူဂီအား ၁-၀ ဖြင့် ကပ်နိုင်ကာ ခေတ်စကားအရ ယိုင်တိုင်တိုင်ဖြင့် ကွာတားသို့ တက်လာခဲ့ရသည်။ ကွာတားတွင် ခြေစွမ်းပြနေသော ပါရာဂွေး အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ယိုင်တိုင်တိုင် ကစားပုံမကောင်းခဲ့သော စပိန်အား ထွက်ရမည်ဟုသာ ထင်မြင်ခဲ့ကြသည်။ 

ကွာတားသို့ တက်ရောက်ခဲ့သော အဆုံးသတ်မသေချာသော စပိန်အသင်းသည် ၈၃ မိနစ်တွင် ဒေးဗစ်ဗီလာ၏ တိုင်နှစ်တိုင်ထိကာ ဝင်ရောက်သွားသော သွင်းဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးသို့ တက်ရောက်သွားနိုင်ခဲ့သည်။ 

ဆီမီးသို့ တက်ရောက်လာသော စပိန်အသင်းမှာ အုပ်စုပွဲစဉ်များနှင့် နာမည်ကြီး အာဂျီတီးနားအား ၄-၀ ဖြင့် အနိုင်ယူခဲ့သော ဂျာမနီအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ဒီတစ်ခါတွင်တော့ တကယ်ပင် ပြုတ်ပြီဟု ထင်မြင်ကြပြန်သည်။ ၂၀၀၈ ခုနှစ် အင်္ဂလန်တွင် မွေးဖွားခဲ့သော ပေါလ်ဟူသည့် ရေဘဝဲလ် ကောင်အား ဂျာမနီနိုင်ငံ ပုဂ္ဂလိကငါးပြတိုက်တွင် ထားရှိကာ ဂျာမနီအသင်းကစားတိုင်း ၎င်း၏ အဆုံးအဖြတ်ကို ယူခဲ့သည်ဟု ဆိုသည်။ ထို စပိန်အသင်းနှင့် ကန်မည့်ပွဲစဉ်တွင် ပေါလ်သည် စပိန်အသင်းအား ရွေးခဲ့သည့်အတွက် လူအများ၏ အာရုံစိုက်စရာ ဖြစ်ခဲ့ရသည်။
ဆီမီးတွင် စပိန်အသင်းသည် ရ၃ မိနစ်တွင် ဇာဗီ၏ ထောင့်ကန်ဘောကန်တင်ချက်အား ပူယို့မှ ခေါင်းတိုက်ကာ ဂျာမနီအသင်းအား တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ဖိုင်နယ်သို့ တက်ရောက်ခဲ့ လေသည်။ 

ဖိုင်နယ်တွင် နယ်သာလန်(ဟော်လန်) အသင်းနှင့် တွေ့ဆုံချိန်တွင်လည်း ပေါလ်သည် စပိန်အသင်း ကိုသာ ရွေးချယ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ စိတ်ဓါတ်ပိုင်းဆိုင်ရာ အားတက်သရောဖြစ်ခဲ့ကြသည်ဟု ဆိုသည်။ ပရိတ်သတ် အနေဖြင့်လည်း စပိန်၏ ဘောလုံးကိုင်ကာ ဖိကစားမှုနှင့် အုပ်စုပွဲ နောက်ပိုင်း ခြေစွမ်းပြခဲ့သော စပိန်အသင်းအား အသင်းကောင်းအဖြစ် ပြန်လည်ကြိုဆို လက်ခံခဲ့ကြသည်။

စပိန်အသင်းမှာ နယ်သာလန်အသင်းအား အကောင်းဆုံးပုံစံဖြင့် ဖိကစားနိုင်ခဲ့သလို၊ နယ်သာလန်မှ ရော်ဘင်၏ ထိုးစစ်များကလည်း တုန်လှုပ်ဖို့ကောင်းအောင် စပိန်အား ခြိမ်းခြောက်ခဲ့သည်။ မိနစ် ၈၀ ကျော်တွင် အလွန်ဆိုကို ထုတ်၍ ဖာဖရီဂတ်အားထည့်ကာ တိုက်စစ်အား ပိုမိုအရှိန်မြှင့်ခဲ့သည်။ ပွဲကစားချိန် မိနစ် (၉၀)ထိ ဂိုးမရှိသရေ ဖြစ်ခဲ့ရာ အချိန်ပို နာရီဝက် ကစားခဲ့ရသည်။ အချိန်ပို ကစားချိန် (၁၁၆ မိနစ်)တွင် အင်နက်စတာ၏ သွင်းဂိုးဖြင့် အနိုင်ရရှိကာ ၂၀၁၀ ကမ္ဘာ့ဖလားအား အရယူသွားခဲ့ သည်။ 

မည်သို့ပင်ဖြစ်စေ စပိန်အသင်းသည် သူ၏ ကမ္ဘာ့ဖလားသမိုင်းတွင် အကောင်းဆုံးဖြစ်အောင် လူတွေမမေ့နိုင်သော ညအဖြစ် မှတ်တမ်းတင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော စပိန်အသင်းသည် ၁၉၃၀တွင် စတင်ဝင်ရောက် ကစားသော်လည်း ခြေစစ်ပွဲမအောင်မြင်၊ (did not qualify)။
  • ၁၉၃၄ တွင် ကွာတားသို့ တက်ရောက်ခဲ့သော်လည်း အီတလီအသင်းအားရှုံးနိမ့်ခဲ့ ၊
  • ၁၉၃၈ တွင် မဝင်ရောက်ခဲ့၊
  • ၁၉၅၀ တွင် ဆွီဒင်အသင်းအား ရှုံးနိမ့်ကာ စတုတ္ထနေရာ ရခဲ့၊
  • ၁၉၅၄ တွင် ခြေစစ်ပွဲ မအောင်မြင်ခဲ့၊
  • ၁၉၅၈ တွင် ခြေစစ်ပွဲ မအောင်မြင်ခဲ့၊
  • ၁၉၆၂ တွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ၊(Round 1)
  • ၁၉၆၆ တွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ၊(Round1)
  • ၁၉၇၀ တွင် ခြေစစ်ပွဲ မအောင်မြင်ခဲ့၊
  • ၁၉၇၄ တွင် ခြေစစ်ပွဲ မအောင်မြင်ခဲ့၊
  • ၁၉၇၈ တွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ၊(Round 1)
  • ၁၉၈၂ တွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ၊(Round 2)
  • ၁၉၈၆ တွင် ကွာတားသို့ တက်ရောက်ခဲ့သော်လည်း ဘယ်လ်ဂျီယံအား ရှုံးနိမ့်ခဲ့၊
  • ၁၉၉၀ တွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ၊ (Round 16)
  • ၁၉၉၄ တွင် ကွာတားသို့ တက်ရောက်ခဲ့သော်လည်း အီတလီအသင်းအား ရှုံးနိမ့်ခဲ့၊
  • ၁၉၉၈ တွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ၊ (Round 1)
  • ၂၀၀၂ တွင် ကွာတားသို့ တက်ရောက်ခဲ့သော်လည်း ကိုရီးယားအသင်းအား ရှုံးနိမ့်ခဲ့၊
  • ၂၀၀၆ တွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ၊ (Round 16)
  • ၂၀၁၀ တွင် ဖိုင်နယ်သို့ တက်ရောက်ကာ နယ်သာလန်အသင်းအား အနိုင်ရရှိကာ ဖလားရခဲ့၊
ထို့ကြောင့် စပိန်အသင်းသည် ကမ္ဘာ့ဖလား၏ ရာဇဝင်တွင် ကွာတားအဆင့်သည် အမြင့်ဆုံးအဆင့် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ၂၀၁၀ ကမ္ဘာ့ဖလားတွင် သူ၏ ရာဇဝင်တွင် ဖလားရရှိမှုအား မှတ်တမ်းတင် ခဲ့သည်။ 

နောက်ဆုံး ဖိုင်နယ်ပွဲစဉ်တွင် အင်နက်စတာ၏ အနည်းငယ် တစ်ကိုယ်ကောင်းဆန်မှု မရှိခဲ့ပါလျှင် မိနစ် (၉၀)အတွင်း အဆုံးအဖြတ်ပေးနိုင်ခဲ့မည်ဖြစ်ပါသည်။ ထို့ပြင် နယ်သာလန်မှ ရော်ဘင်၏ တစ်ယောက်တည်းထိုးထွက်ကာ ဂိုးသွင်းယူမှုတွင် စပိန်ဂိုးသမား ကာစီးလတ်၏ ဖြတ်ထုတ်မှု ကောင်းခြင်းကြောင့်သာ အဆုံးအဖြတ်ဂိုးအား မပေးခဲ့ရခြင်းပင်။ ဆိုရသော် စပိန်ဂိုးသမား ကာစီးလတ်၏ ပိုင်နိုင်စွာ ကာကွယ်မှုကြောင့်သာပင် ဂိုးမပေးခဲ့ရခြင်းဖြစ်သည်။ ကစားပွဲချိန်များ အတွင်းတွင်လည်း ပုတ်ထုတ်ကာကွယ်မှုဖြင့် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သည်။ စပိန်အသင်းသည် တောက်လျှောက် ကစားခဲ့ရာတွင် တသတ်မတ်တည်းသော ကစားမှုဖြင့်သာ ကစားခဲ့သည်ကို တွေ့ရှိရသည်။ ဆွစ်ဇာလန်အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း နောက်ပွဲများတွင် ထိုကစားပုံ ကစားဟန်ဖြင့်သာ ထိုးဖောက်ခဲ့သည်။ မည်သည့် အသင်းဖြင့် တွေ့စေကာမူ မိမိ၏ ကစားနည်း ကစားဟန်အတိုင်းသာ ကစားခဲ့ကာ ပြောင်းလဲမှု မရှိခဲ့သည်ကို တွေ့ရှိရသည်။ 

မည်သို့ပင်ဖြစ်စေ စပိန်အသင်းသားများ၏ ကြိုစားမှုသည် ၎င်းတို့နိုင်ငံ၏ ကမ္ဘာ့ဖလားသမိုင်းကြောင်း အား ပြောင်းလဲ ပေးခဲ့ကာ အောင်မြင်မှုတစ်ခုကို လှမ်းယူနိုင်ခဲ့ပေပြီ။ ဂုဏ်ယူပါသည် စပိန်သားတို့….။ 

လင်း​ဦး​​ (စိတ်​ပ​ညာ)
Read More...

Krygyzstan တွင်​ ​အ​ဓိ​က​ရုဏ်း​ဖြစ်​ပွား

Associated Press နှင့် Timeslive သတင်းများအရ၊ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ မြောက်ပိုင်းရှိ ခါဂျစ်စတန်နိုင်ငံတွင် ကြားဖြတ်အစိုးရအနေဖြင့် လူမျိုးစုအဓိကရုဏ်းကြောင့် လူ(၈၂) ယောက် သေဆုံးပြီး အနီးအနားရှိ ခရိုင်(၂)ခုတွင် (၂၄)နာရီ နေဝင်မီးငြိမ်း အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။ Osh မြို ့တွင် ထောင်ပေါင်းများစွာသော Uzbeks လူမျိုးများ အိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြပါသည်။ Osh မြို ့သည် အာရှအလယ်ဗဟိုနိုင်ငံဧ။် ဒုတိယအကြီးဆုံးမြို ့ဖြစ်ပြီး အမေရိကန်နှင့် ရုရှားနိုင်ငံများဧ။် လေတပ်အခြေစိုက်စခန်းများကို ဖွင့်လှစ်ခွင့်ပေးထားသော နေရာဖြစ်ပါသည်။ မြို ့အများစု အပိုင်းမှာ မီးလောင်ထားခြင်းခံရပါသည်။

Jalal-Abad မြို ့တွင် (၁၂-၆-၂၀၁၀)စနေနေ့တွင် သေနတ်ဖြင့် ပစ်ခတ်သံများကြားရပြီး ၎င်းမြို ့ဧ။် အနီးအနားရွာဖြစ်သည့် Bazar-Kurgan တွင် အခြေအနေမှာ တင်းမာလျက်ရှိ ပါသည်။ မြို ့ခံ နိုင်ငံရေးလှုပ်ရှားသူ Asyl Tekebayev က Uzbek လူမျိုး (၄၀၀)လောက်ရှိသည့် လူရမ်းကားတစ်စုသည် ကားများကို မှောက်ပစ်ကြပြီး ရဲအရာရှိတစ်ယောက်ကို သတ်ပြစ်လိုက်သည်ဟု ဆိုပါသည်။ ဒေသ အခြားဖက်အပိုင်းမှ လက်နက်ကိုင် ခါဂျစ်လူမျိုး (Kyrgyz)များ ရွာတွင်းသို့ ၀င်လာကြကြောင်း ဒေသခံလူများက ပြောကြားကြပါသည်။ ဧပြီလ သွေးထွက်သံယို ပုန်ကန်မှုကြောင့် ခါဂျစ်စတန်နိုင်ငံဧ။် သမ္မတ မောင်းထုတ်ခံရပြီးနောက် အဆိုးဝါးဆုံးသော ရုန်းရန်းဆန်ခတ်မှုကြီးပင် ဖြစ်ပါသည်။
ခါဂျစ်စတန်နိုင်ငံတောင်ပိုင်းရှိ Osh မြို ့တွင် လမ်းတစ်လျှောက် စစ်သားများ လိုက်ပါ လာသည့် သံချပ်ကာကားများ လှည့်လည်လျက်ရှိပါသည်။ ၁၁-၆-၂၀၁၀ (သောကြာ)နေ့တွင် လူ (၁၇)ဦးသည် အဓိကရုဏ်းကြောင့် သေဆုံးခဲ့ရပါသည်။

ပြည်ထဲရေးဝန်ကြီးဧ။် ကြေညာချက်တွင် Osh မြို ့ရှိ Osh ဒေသ Kara-Suu ခရိုင် နှင့် Aravan ခရိုင်တို့တွင် ၂၄ နာရီ နေဝင်မီးငြိမ်းအမိန့်ကို ထုတ်ထားသည်ဟု ပါရှိပါသည်။ ၁၂-၆-၂၀၁၀ (စနေနေ့)တွင် ယာယီအစိုးရက အသက် (၁၈)နှစ်မှ (၅၀)နှစ်အထိ အရန် တပ်ရင်း အဖွဲ့ဝင်အားလုံးကို အဓိကရုဏ်းကို ဟန့်တားရန်အတွက် ဆင့်ခေါ်လိုက်ပါသည်။

ဧပြီလသွေးထွက်သံယို ပုန်ကန်မှုသည် ယခင်ဆိုဗီယက်ပြည်နယ်ဖြစ်သည့် ခါဂျစ်စတန် နိုင်ငံတွင် ဖြစ်ပွားပြီးနောက် ကြားဖြတ်အစိုးရအနေဖြင့် တိုးပွားလာသည့် မတည်ငြိမ်မှုများကို ဖြေရှင်းရာမှ ၁၂-၆-၂၀၁၀ (စနေနေ့) နှောင်းပိုင်းတွင် ရဲနှင့် စစ်တပ်ကို ပစ်မိန့် ပေးခဲ့ခြင်း ဖြစ်ပါသည်။

ဗဟိုအာရှနိုင်ငံဧ။် တောင်ပိုင်းတွင် အဓိကရုဏ်းသည် ပြည်တွင်းစစ်ဖြစ်လုနီး အခြေ အနေသို့ ပျံ့နှံ့ရောက်ရှိခဲ့သည့်အတွက် Jalalabad မြို ့ဧ။် တောင်ဘက်ပိုင်းတွင် အာဏာပိုင် များအနေဖြင့် ဒုတိယအဆင့် အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ကြေညာခဲ့ခြင်းဖြစ်ပါသည်။

Osh ဒေသတွင် ခါဂျစ်လူမျိုးစု (Kyrgyz)နှင့် အူစ်ဘက်လူမျိုးစု (Uzbeks)အကြား လမ်းများပေါ်တွင် ၁၀-၆-၂၀၁၀ (ကြာသပတေးနေ့)နှောင်းပိုင်းတွင် အဓိကရုဏ်းဖြစ်ပေါ်ခဲ့ပြီးနောက် အစိုးရအနေဖြင့် နေဝင်မီးငြိမ်း အမိန့်နှင့် အရေးပေါ်အခြေအနေတို့ကို အစောတလျင် ကြေညာရသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ပါသည်။

မောင်းထုတ်ခံခဲ့ရသည့် သမ္မတ ကာမန်းဘက်ဘာကီရက်ဗ်ဧ။် ယခင်က အခိုင်အမာ နေရာဖြစ်ခဲ့သည့် Osh မြိ ့မှာ ယခုအခါတွင် အဆောက်အဦးများ မီးလောင်လျက်နှင့် ကားများမှာလည်း ရိုက်နှက်ဖျက်စီး၍ မီးရှို့ထားခြင်းခံရသော အခြေအနေသို့ ဆိုက်ရောက်လျက် ရှိပါသည်။

ကြားဖြတ်အစိုးရသမ္မတ မစ္စစ် Roza Otunbayeva က သူမဧ။်တပ်များ၊ သံချပ်ကာ ကားများနှင့် ရဟတ်ယာဥ်များကို အကြမ်းဖက်မှုများ နှိမ်နင်းရန်အတွက် စေလွှတ်ခဲ့သော် လည်း လူပေါင်း ၂၅၀,၀၀၀ ရှိသည့် Osh မြို ့ကို ထိန်းချုပ်ရန် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဟု ဝန်ခံခဲ့ပါသည်။

သူမဧ။် Osh ဒေသဧ။် အခြေအနေမှာ ထိန်းသိမ်း၍မရသည့် အခြေအနေသို့ ရောက်ရှိ နေပါသည်ဟု သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးမှုများသည် မအောင်မြင်ခဲ့သည့်အပြင် တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့ကို နှိမ်နင်းရန် ပြင်ပမှ တပ်အကူအညီယူရန် လိုပါသည်ဟု ပြောကြားခဲ့ပါသည်။

၁၂-၆-၂၀၁၀ (စနေနေ့)အစောပိုင်းက မစ္စစ် Roza Otunbayeva အနေဖြင့် ရှရှားသို့ တပ်များစေလွှတ်ရန် တောင်းဆိုခဲ့သော်လည်း ကရင်မလင်က ခါဂျစ်စတန်နိုင်ငံဧ။် ပြည်တွင်း အဓိကရုဏ်းကိစ္စတွင် ပါ၀င်လိုခြင်း မရှိဟု ပြောကြားခဲ့ပါသည်။ ကရင်မလင်ဧ။် ပြောရေး ဆိုခွင့်ရှိသူ မစ္စစ် Natalya Timakova က မော်စကိုတွင် ပြောကြားရာ၌ ပြည်တွင်းအဓိကရုဏ်း ကိစ္စတွင် မည်သည့်အခြေနှင့်မျှ ရုရှားသည် ၀င်ပါမည်မဟုတ်၊ ခါဂျစ်စတန်နိုင်ငံသို့ ငြိမ်းချမ်းရေး ပူးပေါင်းတပ်ဖွဲ့စေလွှတ်ရန် အလားအလာကို ယခင်ဆိုဗီယက်နိုင်ငံများဧ။် လုံခြံုရေး သဘောတူစာချုပ်တွင် အဖွဲ့ဝင်နိုင်ငံများနှင့် တိုင်ပင်ရန်ရှိပါသည်ဟု ပြောကြားခဲ့ပါသည်။
ရုရှားအနေဖြင့် ခါဂျစ်စတန်နိုင်ငံတွင် အများဆုံးအနေဖြင့် လေတပ်တပ်ဖွဲ့ဝင် ၅၀၀ခန့် အခြေစိုက်လျက် ရှိပါသည်။ အမေရိကန်အနေဖြင့် အာဖဂန်နစ္စတန်တွင် တာလီဘန်များ ကို ပူးပေါင်းတိုက်ခိုက်ရာ၌ အဓိကအရေးပါသော ထောက်ပံ့ရေးစခန်းအဖြစ် မြို ့တော် Bishkek ရှိ Manas ကို လေတပ်စခန်းအဖြစ် အသုံးပြုလျက်ရှိပါသည်။ ခါဂျစ်စတန် ကြားဖြတ် အစိုးရအဖွဲ့ဧ။် ပြောရေးဆိုခွင့်ရှိသူ Mr.Farid Niyazov က ရုရှားမှအကူအညီပေးရန် ငြင်းဆန် ပြီးနောက် အမေရိကန်ဖက်သို့ စစ်ရေးအကူအညီတောင်းခံမည်လား ဆိုသည့်မေးခွန်းနှင့် ပတ်သက်၍ ရုရှားမှ ၎င်းတို့ဧ။် အဓိကမဟာဗျူဟာမြောက် အဖော်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ခါဂျစ်စတန် ကြားဖြတ်အစိုးရသမ္မတ မစ္စစ် Roza Otunbayeva က ၁၂-၆-၂၀၁၀ (စနေနေ့) တွင် ယခင်မောင်းထုတ်ခြင်းခံရသော သမ္မတ Bakiyev ဧ။် မိသားစုက Osh မြို ့ကို မတည်မငြိမ် ဖြစ်အောင် ပြုလုပ်သည်ဟု အပြစ်ဖို့ပါသည်။ သူမက ၎င်းတို့ ၂၇-၆-၂၀၁၀ နေ့တွင် ပြုလုပ်လို သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် မဲပေးပွဲနှင့် အောက်တိုဘာလတွင် ပါလီမန်ရွေး ကောက်ပွဲကို ဖျက်ဆီးရန် ရည်ရွယ်သည်ဟု ဆိုပါသည်။


 လင်းဦး(စိတ်​ပ​ညာ)

Read More...

ကမ္ဘာ့ဖလားမှာ ဘယ်သူတွေ အောင်ပွဲဆင်နိုင်မလဲ ?


၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ (၁၁) ရက်နေ့မှစ၍ တောင်အာဖရိကနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပွဲစဥ်များကို ဇွန်လ (၁၁) ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ ကစားမှာဖြစ်ပြီး၊ ဗိုလ်လုပွဲစဥ်ကို ဇူလိုင် (၁၁) ရက်နေ့ ဂျိုဟန်နက်စ်ဘတ်မြိုှု့ရှိ Soccer City ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ သမုဒ္ဒရာပိုင်းဇုန်မှ ၃ သင်း၊ အာရှဇုန်မှ ၄ သင်း၊ တောင်အမေရိကဇုန်မှ ၅ သင်း၊ အာဖရိကဇုန်မှ ၆ သင်း၊ ဥရောပဇုန်မှ ၁၃ သင်း၊ စုစုပေါင်း ၃၂ သင်း ပါ၀င်ယှဥ်ပြိုင်မှာဖြစ်ပြီး၊ တစ်အုပ်စုကို ၄ သင်းအဖြစ် ၈ အုပ်စုခွဲကာ ယှဥ်ပြိုင်ကြမှာပါ။

တောင်အာဖရိကနိုင်ငံဟာ အိမ်ရှင်အဖြစ် ကျင်းပဖို့အတွက် အာဖရိကနိုင်ငံများဖြစ်သော အီဂျစ်၊ လစ်ဗျား-တူနီရှား၊ မော်ရိုကိုတို့ အပြိုင်ယှဥ်ပြိုင်ခဲ့ကြရာမှာ တောင်အာဖရိကနိုင်ငံမှာ အားလုံးထက် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိကာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်၊ ဘရာဇီးလ်၊ ဩစတေးလျား၊ အာဂျင်တီးနား၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်နှင့် ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားကို ရယူခဲ့သော အီတလီ အသင်းတို့ဟာ လက်ရှိ ရေပန်းအစားဆုံး အသင်းများ ဖြစ်ကြပါတယ်။ ဒီထဲမှာ ၂၀၁၀ ကမ္ဘာ့ဖလားအတွက် ကျွန်တော်ကြိုက်နှစ်သက်တဲ့ ၊ စိတ်ထဲကနေ အမှတ်ပြည့်ပေးနေတဲ့ အသင်းနှစ်သင်းရှိပါတယ် --- ပြင်သစ်အသင်းနဲ့ Euro 2008 ဖလားကို သိမ်းပိုက်ခဲ့သူ စပိန် အသင်းတို့ပဲ ဖြစ်ပါတယ်။ အဲ့နှစ်သင်းထဲကမှ စပိန်အသင်းကို ပိုပြီး သဘောကျသလို တစ်ပေးထားတယ်။

အခြားရေပန်းစားနေတဲ့ အသင်းများဖြစ်ကြတဲ့ အင်္ဂလန်တို့၊ ဘရာဇီးလ်တို့ကို ဘာလို့များ ကျွန်တော့်အနေနဲ့ နံပါတ်တစ် မပေးခဲ့လဲဆိုတော့ ၎င်းအသင်းများဟာ အရမ်းကောင်းလွန်းအားကြီးပြီး ကမ္ဘာကျော်ကစားသမားများ အလွန်များပြားစွာ ပါ၀င်နေသော်လည်း စုစည်းညီညွတ်မှုရှိရှိ မကစားနိုင်လို့ပါပဲ။

၂၀၁၀ ကမ္ဘာ့ဖလား Website မှာ vote results ကို သွားကြည့်မိတော့ ဩစတေးလျအသင်းဟာ ပထမ နေရာရောက်နေပြီး၊ စပိန် ဒုတိယ၊ အာဂျင်တီးနား တတိယ၊ ဘရာဇီးလ် စတုတ္ထနဲ့ အင်္ဂလန် ပဥ္စမဆိုပြီး အသီးသီး မဲများ ရရှိနေတာကို တွေ့ရပါတယ်။ ကျွန်တော်ကြိုက်တဲ့ စပိန်အသင်းဟာ တော်တော်များများကလည်း ဖလားရနိုင်တဲ့ အသင်းအဖြစ် သတ်မှတ်ထားတာကို တွေ့ရတော့ ဝမ်းသာမိပါတယ်။

စပိန်အသင်းဟာ Switzerland , Honduras, Chile တို့နဲ့ တစ်အုပ်တည်းပါ။ 

ဒါကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ကန်မယ့် တောင်အာဖရိကရဲ့ ကွင်း ၁၀ ကွင်းပါ။

ဒါကတော့ ကမ္ဘာ့ဖလား ဖွင့်ပွဲနှင့် နောက်ဆုံးဗိုလ်လုပွဲကို ကျင်းပမယ့် ပရိသတ် ၉၄၇၀၀ ဦး ၀င်ဆံ့တဲ့ ဂျိုဟန်နက်စဘတ်မြိုှု့မှာရှိတဲ့ Soccer City ကွင်းပါပဲ။

အသင်းစည်းလုံးညီလွတ်မှု Team Work ကောင်းဖို့ရယ်၊ ပြီးတော့ Finishing လို့ခေါ်တဲ့ အဆုံးသတ် သေချာမှုတို့ရယ်ဟာ တစ်သင်းနဲ့ တစ်သင်းရဲ့ အားနည်းချက် အားသာချက်ဖြစ်ပြီး ဒီအချက်တွေကပဲ ဖလားရဖို့အတွက် အနီးစပ်ဆုံးပါပဲ။ ကဲ ဘာပဲပြောပြော ကျွန်တော်ကတော့ စပိန်အသင်းကို အားပေးလိုက်ပြီဗျာ။ 

လက်ရှိ စပိန်အသင်းရဲ့ ပြိုင်ပွဲဝင် လူစာရင်းပါ။

Goalkeepers: Iker Casillas (Real Madrid),Pepe Reina (Liverpool), Diego Lopez (Villarreal)

Defenders:
Alvaro Arbeloa (Real Madrid)
Raul Albiol (Real Madrid)
Carlos Puyol (Barcelona)
Gerard Pique (Barcelona)
Carlos Marchena (Valencia)
Joan Capdevila (Villarreal)
Ignacio Monreal (Osasuna)

Midfielders:
Xavi Hernandez (Barcelona)
Sergio Busquets (Barcelona)
Cesc Fabregas (Arsenal)
Santiago Cazorla (Villarreal)
Albert Riera (Liverpool)
Xabi Alonso (Real Madrid)
David Silva (Valencia)
Juanma Mata (Valencia)
Marcos Senna (Villarreal)

Forwards:
Fernando Torres
David Villa
Daniel Guiza


စပိန်အသင်းရဲ့ အားထားရသူတွေလို့ ပြောရတဲ့ ဖာဖရီဂတ် နဲ့ ဒေးဗဒ်ဗီလာ တို့ဟာ အခြားအသင်းတွေကို ခြိမ်းခြောက်မှု အပေးနိုင်ဆုံး အတွဲပါပဲ။ ယူရို ၂၀၀၈ ကတည်းက အားလုံးဟာ သူတို့အတွဲကို သတိထားမိလာကြပြီး အသင်းတော်တော်များများက လိုချင်ခဲ့ကြပါတယ်။ အခုဆိုရင် ဘာစီလိုနာဟာ ဒေးဗဒ်ဗီလာကို ပိုင်ဆိုင်သွားပြီဖြစ်တဲ့အတွက် အာဆင်နယ်မှာ ရှိနေတဲ့ ဖာဖရီဂတ်ကို လိုချင်နေတာပါ။ ထိုနည်းလည်းကောင်းပဲ ယူရို၂၀၀၈ ပြီးကတည်းက အာဆင်နယ်ဟာလည်း သူ့အသင်းမှာ ဖာဖရီဂတ်ရှိနေတဲ့အတွက် ဒေးဗစ်ဗီလာကို လိုချင်နေခဲ့တာပါ။ ဒါဟာ သူတို့နှစ်ယောက်အပေါ် အသင်းကြီးတွေရဲ့ အလေးထား လိုချင်မှုတွေပါပဲ။ အခု ချစ်ကြည်ရေးပွဲတွေမှာဆိုလည်း ဒေဗစ်ဗီလာဟာ အဆုံးသတ်သေချာမှုတွေနဲ့အတူ အသင်းအတွက် အနိုင်ဂိုးတွေကို သွင်းယူနေပါတယ်။

ဒါကြောင့် ဘယ်သူဘာပြောပြောနေ ကျွန်တော်ကတော့ စပိန်အသင်းကိုပဲ တစ်ပေးလိုက်ပါတယ်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ရင်တော့ ဘောလုံးက လုံးနေတာလို့ပဲ ဆင်ခြေ ပေးလိုက်ဖို့ပဲ ရှိပါတော့တယ်။
လင်းဦး(စိတ်ပညာ)

( ကိုအောင် (ပျူနိုင်ငံ)မှ Tag လာတဲ့ Tag Game တစ်ခုပါ။ ကျွန်တော့်အနေနဲ့ အမြင်တွေနဲ့အတူ ဆောင်းပါးအဖြစ် တင်ပြလိုက်ပါတယ်။ ကျွန်တော့် ရေးသားချက်များဟာ တစ်ဖက်သက် ဆန်နိုင်ပါတယ်။ )
Read More...

Red Shirt စခန်းအား ထိုင်းစစ်တပ်မှ ၀င်ရောက်စီးနင်းခြင်း


ထိုင်းစစ်တပ်မှ “ဘန်ကောက်မြို့ရှိ အစိုးရဆန့်ကျင်သူများအပေါ် ဆင်နွှဲနေသည့် စစ်ဆင်ရေး အား Red Shirt ခေါင်းဆောင် အနည်းဆုံး (၆) ဦးခန့် အဖမ်းခံခဲ့ပြီးနောက် ရပ်စဲလိုက်ပြီဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ထိုသို့ အညံ့ခံမှုသည် ဗုဒ္ဓဟူးနေ့က စတင်ခဲ့သည့် ဘန်ကောက်မြို့လယ်တွင် သွေးထွက်သံယို မှုများ ရှိခဲ့သည့် စစ်တပ်၏ Red Shirt များ၏ စခန်းအား တိုက်ခိုက်မှုအပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့ရာတွင် သီတင်းများအရ ထိုသို့ Red Shirt ခေါင်းဆောင်များ အညံ့ခံကြအပြီးတွင် ဘန်ကောက် Stock Exchange အပါအဝင် ဘန်ကောက်မြို့နယ်ရှိ အဆောက်အဦးအချို့ မီးရှို့ခံခဲ့ရသည်ဟု သိရှိရသည်။
မီးလောင်မှုသည် ရုပ်သံလွှင့်ကုမ္ပဏီအဆောက်အဦးတစ်ခုနှင့် Central World Department Store တွင်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ Department Store သည် အရှေ့တောင် အာရှတွင် ဒုတိယအကြီးဆုံးဖြစ်သည်။

ဗုဒ္ဓဟူးနေ့က စစ်တပ်မှ ထိုသို့နှိမ်နင်းမှုသည် Red Shirt များ၏ (၂)လကြာ စီးပွားရေးကို ထိခိုက်မှုဖြစ်လာစေသည့် ဆန္ဒပြမှုများ အဆုံးသတ်သွားစေရန်အတွက် အစိုးရမှ ဖိအားပေးမှုများ ပိုမို၍ ပြုလုပ်လာမှုကြောင့် ပေါ်ထွက်လာသည့် လမ်းပေါ်တွင် ရုန်းရင်းဆန်ခတ်ပြစ်မှု ပိုမိုကြီးထွားလာမှု ရက်အတန်ကြာဖြစ်နေပြီး ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။ ထိုသို့ စစ်တပ်မှ ထိုးစစ်ဆင်မှုကြောင့် လူ(၃)ဦး သေဆုံးခဲ့သော်လည်း အဆိုပါ အရေအတွက်သည် ပို၍ ကြီးထွားလာနိုင်ပြီး လူအများ မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဗုဒ္ဓဟူးနေ့ညနေ၌ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Panitan Wattanayagorn မှ ပြောကြားရာ တွင် Red Shirt ခေါင်းဆောင်များသည် ပြန်လည်သင့်မြတ်ရေးလမ်းညွှန်မြေပုံကို သဘောတူညီခဲ့ကြပြီး ဆန့်ကျင်သူများ သိမ်းပိုက်ထားသည့် နေရာအများစုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

Panitan မှ Al jazeera သို့ ပြောကြားရာတွင် နံနက် ၅း၄၅ က စတင််ခဲ့သည့် စစ်ဆင်ရေး သည် ယခုအောင်မြင်သွားပြီဖြစ်သဖြင့် အဓိကစစ်ဆင်ရေးမှာ ယခုပြီးစီးသွားပြီဖြစ်ကြောင်း ပြောကြား ခဲ့သည်။
၎င်းမှ Red Shirt ခေါင်းဆောင်အတော်များများ အညံ့ခံခဲ့ကြကြောင်းနှင့် အချို့မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသဖြင့် ထိုင်းအစိုးရမှ လိုက်လံရှာဖွေနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။
Red Shirt ခေါင်းဆောင်များ ထိုသို အညံ့ခံခဲ့သည့် သတင်းနှင့်အတူ Red Shirt တို့၏ စခန်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့် သတင်းများပါ ပူးတွဲထွက်ပေါ်ခဲ့သည်။ ထို့အပြင် အရှေ့မြောက်ဘက်ရှိ ဥဒန်တနီမြို့ (Udon Thani)တွင် ဆန္ဒပြသူများမှ မြို့တော်ခန်းမကို ဝင်ရောက် စီးနင်းပြီး အဆောက်အဦးအား မီးရှို့ခဲ့ကြကြောင်း သတင်းရရှိသည်။

အခြားသော Red Shirt ခေါင်းဆောင်များမှလည်း ဆန္ဒပြသူများကို ဘန်ကောက်မြို့လယ်မှ ထွက်ခွာသွားရန် ပြောကြားခဲ့သော်လည်း တော်လှန်မှုများသည် ကြိုကြား ကြိုကြား ဆက်လက်ဖြစ်ပွား လျက် ရှိသည်။

စောစောပိုင်းတွင် ထိုင်းတပ်ဖွဲ့ဝင်များသည် သံချပ်ကာယာဉ်များနှင့်အတူ Red Shirt တို့၏ စခန်းအတွင်း ထိုးဖောက်ဝင်ရောက်ကာ ဘန်ကောက်မြို့ရှိ အစိုးရဆန့်ကျင်သူများ၏ အဓိကစခန်း အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ထိုသို့ ထိုးဖောက်ခံခဲ့ရသည့် ဆန္ဒပြသူများ၏ စခန်းအတွင်းမှ Al jazeera ရုပ်သံ၏ သတင်းထောက် Wayne Hay မှ သတင်းပေးပို့ရာတွင် “ဆန္ဒပြသူများ၏ နေရာမှ ၁ ကီလိုမီတာ အကွာနေရာမှ တပ်ဖွဲ့ဝင်များသည် လျင်မြန်စွာ ဝင်ရောက်လာခဲ့ပြီး Red Shirt ခေါင်းဆောင်များ ရှိနေသည်ဟု ယူဆရသည့် ပင်မအဆောက်အဦးဆီသို့ ဝင်ရောက်ခဲ့သည်”ဟု ဆိုသည်။

Red Shirt အစောင့်အဖွဲ့ဝင်များဟု ယူဆရသည့် လူ(၂)ဦး၏ အလောင်းများကိုလည်း ထိုနေရာမှ သယ်ဆောင်သွားသည်ကို တွေ့မြင်ခဲ့ရသည်ဟုဆိုသည်။ ထိုင်းကြက်ခြေနီမှလည်း သွေးလှူဒါန်းကြရန်အတွက် ဆော်ဩနေသည်။

ရဲတပ်ဖွဲ့ဆေးရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ Jongjet Aoajenpong မှ ပြောကြားသည်ကို AFP သတင်းဌာနမှ ကိုးကား၍ ပြောကြားရာတွင် အီတလီလူမျိုး သတင်းစာဆရာတစ်ဦးမှာ ၀မ်းဗိုက်တွင် သေနတ်ဒဏ်ရာရရှိကာ ဆေးရုံသို့ မရောက်မီ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အော်တိုမက်တစ် ရိုင်ဖယ်သေနတ်များ၊ Shotgun များ ကိုင်ဆောင်ထားသည့် တပ်ဖွဲ့ဝင် (၁၀၀)ခန့်သည် စက်သေနတ်တပ်ဆင်ထားသည့် သံချပ်ကာတပ်ဖွဲ့ဝင် တင့်ကားများနှင့် Red Shirt တို့အား ဝင်ရောက်စီးနင်းခဲ့ကြခြင်း ဖြစ်သည်။

သံချပ်ကာ ယာဉ်များသည် ကားဘီးတာယာများ၊ ဝါးချွန်များ၊ သံဆူးကျိုးများဖြင့် အများစု ပြုလုပ်ထားသည့် အတားအဆီးများကို ကြိမ်ဖန်များစွာ တိုက်ခိုက်ဖယ်ရှားခဲ့ရသည်။ စစ်တပ်သည် ၎င်းတို့၏ စစ်ဆင်ရေးကို အချိန်ယူ၍ ဆောင်ရွက်နေပုံရပြီး မြို့၏ မြောက်ဘက်အား Red Shirt အဖွဲ့ဝင်များ ထွက်သွားနိုင်စေရန် ဖွင့်ပေးထားပုံရသည်။

ထိုသို့ စစ်ဆင်မှု မစတင်မီတွင် တပ်ဖွဲ့ဝင်များသည် ဘန်ကောက်မြို့ Rachaprasong ဈေး ရပ်ကွက်တွင် အသံချဲ့စက်များ အသုံးပြုပြီး ဆန္ဒပြသူများကို မိမိတို့အသက်အန္တရာယ်ရှိနိုင်သဖြင့် အိမ်ပြန်ကြရန် သတိပေးခဲ့သည်။

ထိုသို့ စစ်ဆင်မှုနှင့်စပ်လျဉ်းပြီး Red Shirt ခေါင်းဆောင်တစ်ဦးဖြစ်သူ Sean Boonpracong မှ နောက်ထပ် ဒုတိယ တီရနမင်(Tiananmen) ရင်ပြင်တစ်ခု ပေါ်ပေါက်လာစေနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။ ၎င်းမှာ ၁၉၈၉ ခုနှစ်က တရုတ်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် သွေးထွက်သံယိုမှုများသည့် နှိမ်နင်းမှုကို ဆိုလိုခြင်းဖြစ်သည်။

Red Shirt အဖွဲ့အများစုမှ ထောက်ခံအားပေးသည့် ရာထူးမှဖြုတ်ချခြင်းခံခဲ့ရသည့် ၀န်ကြီးချုပ် သက်ဆင်မှ “ထိုသို့ စစ်တပ်မှ နှိမ်နင်းမှုကြောင့် နိုင်ငံအဝှမ်း ပြောက်ကြားစစ်ဆင်ရေး ပေါ်ပေါက်လာ မည်ကို စိုးရိမ်ကြောင်း” ပြောကြားခဲ့သည်။

သက်ဆင်မှ ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် “စစ်တပ်မှ ထိုသို့နှိမ်နင်းမှုပြုလုပ်ခြင်း သည် မကျေနပ်မှုများဖြစ်ပေါ်စေပြီး ထိုသို့ မကျေနပ်သူများမှ ပြောက်ကြားတပ်ဖွဲ့ဝင်များ ဖြစ်လာနိုင် သည် ဆိုသည့် သီအိုရီရှိပါကြောင်း” တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

စစ်တပ်မှ Red Shirt တို့၏ စခန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် အစိုးရမှ လက်နက် ကိုင်ဆောင်ထားခြင်းမရှိသည့် သာမန်ဆန္ဒပြသူများကို လုံခြံုစွာဖြင့် အန္တရာယ်တစ်စုံတစ်ရာ ကျရောက် စေခြင်း မပြုပဲ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အား အိမ်သို့ ပို့ဆောင်ပေးရန် ဘတ်စ်ကားများ စီစဉ်ထားရှိကြောင်း ကြေငြာခဲ့သည်။ အစိုးရမှ Red Shirt များကို ၎င်းတို့၏ ဆန္ဒပြ နေသည့် နေရာမှ တနင်္လာနေ့ နံနက် (၃)နာရီ နောက်ဆုံးထား ထွက်ခွာသွားရန် သတိပေးထားပြီး ဖြစ်သည်။

ထိုသို့ သတိပေးချက်ကို လိုက်နာခြင်း မပြုသူများကို ထောင်ဒဏ်(၂)နှစ် အပြစ်ပေးသွားမည်ဟု ကြေငြာထားခဲ့သည်။ သို့ရာတွင် ဆန္ဒပြသူများသည် အဆိုပါ သတိပေးတားမြစ်ချက်ကို အံတုခဲ့ပြီး အစိုးရမှ သတ်မှတ်ထားသည့် နောက်ဆုံးအချိန်သည်လည်း မည်သည့်အရေးယူမှုမှ ပြုလုပ်ခြင်း မရှိပဲ ကျော်လွန်သွားခဲ့သည်။
ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် နှိမ်နင်းမှုသည် အစိုးရမှ Red Shirt များ ဆန္ဒပြနေသည့်နေရာမှ ထွက်ခွာမသွားမခြင်း ဆွေးနွေးမှုများ ဆက်လက်မပြုလုပ်ဟု ကြေငြာချက်ပြုလုပ်ပြီး စတင် ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ဝင် (၁၅၀)ပါဝင်သည့် ထိုင်းပါလီမန် အထက်လွှတ်တော်၏ အမတ်(၆၄)ဦး ပါဝင်သည့် အဖွဲ့မှ ဝင်ရောက် ဖြန်ဖြေပေးရန် ကမ်းလှမ်းမှုကို ဆန္ဒပြသူများက လက်ခံခဲ့သော်လည်း ၀န်ကြီးချုပ် Abhisit Vejjajva မှ ပယ်ချခဲ့သည်။ အစိုးရအဖွဲ့ ၀န်ကြီးတစ်ဦးဖြစ်သူ Satit Wonghnongtaey မှ ၀န်ကြီးချုပ်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုကို ကြိုဆိုသော်လည်း ထိုသို့ဆွေးနွေးမှုများသည် ဆန္ဒပြမှုများ အဆုံးသတ်မှ ဖြစ်လာနိုင်မည်ဟု ပြောကြားခဲ့သည်။

မတ်လလယ်မှ ဆန္ဒပြမှုများဖြင့် စတင်ခဲ့သည့် ယခုပြဿနာကြောင့် ယနေ့အထိ လူ(၇၀)ဦး သေဆုံးခဲ့ရပြီး ၁၇၀၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ဖြစ်သည်။
လင်းဦး​ (စိတ်​ပ​ညာ)

 Ref Source : Al Jazeera
Read More...

မိုးဦးလေပြည် ဒုတိယ​ ​က​ဗျာစာအုပ်


မိုးဦးလေပြည် ဒုတိယစာအုပ်သည် ကဗျာရေးသူ၊ စီစဥ်သူများအားလုံး ၀ိုင်းဝန်း ကြိုးပမ်းမှုဖြင့် အခက်အခဲများမှ ထွက်ပေါ်လာရပါသည်။ အကောင်းဆုံးကိုပဲ မျှော်လင့်တတ်ကြသည့် စိတ်ဆန္ဒသည် လူတိုင်းတွင် ရှိကြပါသည်။ ထို့ကြောင့် ပထမ ကဗျာ စာအုပ်ထက် ပိုကောင်းအောင် ကြိုးစားခဲ့ကြပါသည်။

မိုးဦး၏ ရနံ့သစ်၊ ကဗျာဆရာတို့၏ ရင်တွင်းခံစားချက်၊ စေတနာတို့ ပေါင်းစည်းကာ မိုးဦးလေပြည်(ကဗျာစာအုပ်)ကို ဒုတိယအကြိမ် ထပ်မံထုတ်ဝေနိုင်ခဲ့သည့်အတွက် ၀မ်းသာမိပါသည်။ ကဗျာချစ်သူများ တောင့်တလိုလားသော ကဗျာစာစုများကို တင်ပြထားသည့်အတွက် ကျေနပ်ကြ လိမ့်မည်ဟု ယုံကြည်မိပါသည်။ ကဗျာဆရာများ၏ ရေးဟန်မျိုးစုံကို ခံစားနိုင်သလို စာပေအနုပညာ ဘဝအတွေ့အကြံုများနှင့် ရောယှက် ခံစားတင်ပြချက်များဖြစ်၍ စာပေရှုထောင့်မှ တစ်စုံတစ်ရာ တွေးခေါ်ခံစား အကျိုး ဖြစ်ထွန်းမည် ဆိုလျှင် ကျေနပ်ပါပြီ ။ တတိယ(ကဗျာစာအုပ်)ကိုလည်း ထပ်မံကြိုးစား ပါဦးမည်……….။



စာပေမြတ်နိုး၊

ကဗျာပိုးသည်

ရင်းတွင်းဆန္ဒ

နှလုံးလှဖြင့်

တင်ဆက်ပြသလိုက်ပါပြီ…

အကာအနှစ်

အသာလှစ်ကာ

အစာအဖြစ်

ခံစားနိုင်ကြပါစေ….

စာ​အုပ်​အား​ Download ယူ​ရန်  Ifile Multiupload  Gazup  Mediafire BMA

လင်းဦး(စိတ်ပညာ)
Read More...

X2O (Special One) မဏ္ဍာပ်မှာ ​ပေါက်​ကွဲ​မှု​ဖြစ်​ပွား

ရန်​ကုန်​မြို့​ ​ကန်​တော်​ကြီး​စောင်း​တွင်​ ​ကျင်း​ပ​ပြု​လုပ်​သည့်​ မြန်​မာ​​ ရိုး​ရာ​ ​သ​ကြင်္န်​ပွဲ​များ​ ကျင်း​ပ​ ​နေ​ချိန်​တွင်​ လူစည်ကားသည့် မဏ္ဍာပ်တစ်ခုဖြစ်​သော​ X2O (Special One) မဏ္ဍာပ်တွင်​ ဗုံး သုံးလုံး ပေါက်ကွဲ​ပြီး​၊​ ​မ​ပေါက်​ကွဲ​သေး​သည့်​ ​ဗုံး​တ​လုံး​တွေ့​ရှိ​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။​ အ​ဆို​ပါ​ ​တွေ့​ရှိ​သော​ဗုံး​သည်​ လက်​လုပ်​ဗုံး​​ အ​မျိုး​အ​စား​ဖြစ်​ပြီး​၊​ (၉၀၅) စစ်မြေပြင်​ အင်ဂျင်နီယာတပ်မှ​ ​တွေ့​ရှိ​ခဲ့​ခြင်း​ ဖြစ်​ကြောင်း​​ သိ​ရှိ​ရ​သည်​။

​ပေါက်​ကွဲ​မှု​ကြောင့်​ ​အ​ခင်း​ဖြစ်​ပွား​ရာတွင်​ အ​မျိုး​သား​ ​၅​ ဦး​၊​ ​အ​မျိုး​သ​မီး​ ​၄​ ဦး​ ​နေ​ရာ​တွင်​ ​သေ​ဆုံး​ခဲ့​ပြီး​​၊​ ​အ​ယောက်​ ​၅၀​ ​ထက်​မ​နည်း​ ​ဒါဏ်​ရာ​ ​ရ​ရှိ​ခဲ့​ကြောင်း​​ သိ​ရှိရ​သည်​။​​ ​နောက်​ဆုံး​ရ​ရှိ​သော​သ​တင်း​အ​ရ​ ​လူ​ ​၃၀​ ​ခန့်​​ ​သေ​ဆုံး​ပြီး​၊​ စစ်​ဘက်​ဆိုင်​ရာ​အ​ရှိ​ကြီးတဦး​ပါ​ ​ဒဏ်​ရာ​ရ​ရှိ​ခဲ့​ကြောင်း​ ​ထပ်​မံ​သိ​ရှိ​ရ​သည်​။

မြို့နယ်အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့်ဇင်သိန်း​ (ငြိမ်း)​၊​ မဌေးဌေးရီ ၄၅​ ​နှစ်​၊​ ဦးခင်မောင်လေး ၆၁​ ​နှစ်​တို့ ​သေ​ဆုံး​သွား​ပြီး​၊​ ​သေ​ဆုံး​သူ​များ​တွင်​ ​အ​သက်​ အငယ်​ဆုံး​မှာ​ ​၃၅​ ​နှစ်​​ ​ဖြစ်​ပြီး​၊​ ​အ​သက်​အ​ကြီး​ဆုံး​မှာ​ ​၆၁​ ​နှစ်​​ ဖြစ်​ကာ မျက်​မြင်​သက်​သေ​များ​၏​ ​ပြော​ဆို​ချက်​အ​ရ​ ​ဒဏ်​ရာ​​ ရ​သူ​များ​အ​များ​စု​သည်​ အ​သက်​ ​၁၄​ ​နှစ်​မှ​ ​၁၈​ ​နှစ်​အ​တွင်း​ဖြစ်​ပြီး​ ​အ​များ​စု​မှာ​ ​မိန်း​ခ​လေးငယ်​လေး​များ​ဖြစ်​ကြောင်း​ ​သိ​ရ​သည်​။ ​ ရ​ရှိ​သည့်​သ​တင်း​များ​အ​ရ​ ဒဏ်ရာပြင်းထန်သည့်​ သူ​များ​တွင်​ ​အ​သက်​ ​၁၀​ ​နှစ်​အ​ရွယ်​ မဧပရယ်ကျော်ဟိန်း​ ​ပါ​ဝင်သည်​​ ​ကို​တွေ့​ရှိ​ရ​သည်။​ အ​ဆို​ပါ​​ ပေါက်​ကွဲ​မှု​သည့်​ မဏ္ဍာပ်​ အပေါ်တွင် ပေါက်ကွဲ​ခဲ့​ခြင်း မဟုတ်ဘဲ မဏ္ဍာပ်​ အောက်ဘက်မှ ပေါက်ကွဲခြင်း​ ဖြစ်​ကြောင်း​မျက်​မြင်​​ သက်​သေ​များ​က​ ​ပြော​ဆို​ကြ​သည်​။

​ဗုံး​ကွဲ​မှု​ကြောင့်​ ​အ​နီး​ရှိ​ လူ​အ​များ​ ဝရုန်းသုံးကား ထွက်ပြေးမှု​ကြောင့် ထိခိုက်လဲပြို လူပိပြီး ထိခိုက် ဒဏ်ရာရတဲ့သူတွေလည်း မနည်း​​ကြောင်း​ ​အ​ခင်း​ဖြစ်​ပွား​ရာ​ ​အ​နီး​တွင်​ရောက်​ရှိ​နေ​သူ​တဦး​က​ ​ပြော​ဆို​ခဲ့​သည်​။ အ​ခင်း​ဖြစ်​ပွား​ပြီး​ ​မ​ကြာ​မီ​ ​မှာ​ပင်​အ​နီး​နား​ရှိ​ Black Culture, Black Jack, 16.9​ စသည့် မဏ္ဍာပ်များ​ကို​ပါ လုံ​ခြံု​ရေး​​ အ​ရ​ ချက်​ချင်း​ ပိတ်လိုက်ပြီး​၊​ ​ကန်​တော်​ကြီး​စောင်း​တွင်​ ​ကျင်း​ပ​ပြု​လုပ်​သည့်​ အ​ခမ်း​အ​နား​များ​​ အပါ​အ​ဝင်​ ​ပျဥ်း​မ​နား​နှင့် ​နေ​ပြည်​တော်​ရှိ​ မဏ္ဍာပ်များ​​ အား​လုံး​ကို​ ​လုံ​ခြံု​ရေး​အ​ရ​ဆို​ကာ ​နောက်​ပိုင်း​တွင်​ ​လုံးဝ​ပိတ်​ပြစ်​ခဲ့​​ကြောင်း​သိ​ရှိ​ရသည်​။​

​​ ​မြန်​မာ​​ စစ်​အ​စိုး​ရ​ဘက်​မှ​ ​​အ​ဆို​ပါ​ဖြစ်​စဥ်​နှင့်​​ ပက်​သတ်​၍​ မ​ည်​သူ​၏​ ​လက်​ချက်​ဖြစ်​ကြောင်း​ ချက်​ချင်း​ သ​တင်း​ထုတ်​ပြန်​ခြင်း​မ​ရှိ​သေး​သော်​လည်း​ ​စစ်​အ​စိုး​ရ​သည်​ ​မ​ကြာ​ခ​ဏ​ ​ပြည်​ပ​ရောက်​အ​ဖွဲ့​အ​စည်း​များ​၏​ ​လက်​ချက်​ဟု​ ​ပြော​ဆို​လျှက်​ ပြည်​တွင်း​ ​အ​တိုက်​အ​ခံ​​ နိုင်ငံ​ရေး​သ​မား​မျာ​း ​ဖမ်း​ဆီး​​ အ​ပြစ်​ပေး​လျက်​ရှိသည်​။​ ​ပြည်​တွင်း​ရှိ​​ နိုင်ငံ​ရေး​​ အ​သိုင်း​အဝန်း​များ​ကြား​တွင်​လည်း ​မ​ကြာ​မီ​ ​အ​တိုက်​အ​ခံ​နိုင်ငံ​ရေး​သ​မား​များ​ ​ထပ်​မံ​ဖမ်း​ဆီး​ခံ​တော့​မည်​ ​အ​လား​အ​လာ​ရှိ​နေ​ကြောင်း​ ​ပြော​ဆို​နေ​သံ​များလည်း​ ​ထွက်​လျက်​​ရှိ​သည်​။
Read More...

Twitter

 
Copyright (c) 2010 Myanmar Blogger byLin Oo